အခွံတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အမျိုးသမီးတစ်ဦးရဲ့ရှေ့မှာ တန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ လိပ်ကလေးများ

News Social News



JRose (KB Chimmy One)

Reference : gtgoodtimes

Zawgyi

စင်္ကာပူနိုင်ငံမှ Nur Hafiza Ariffin လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒေသတွင်း ရုက္ခဗေဒ ဥယျာဉ်သို့ သွားရောက်ခဲ့ပြီး ရေကန်ဘေးမှာ ထိုင်ရင်း စုတ်တံသေးသေးလေးနဲ့ လိပ်များရဲ့ အခွံတွေ သန့်ရှင်းပေးနေတဲ့ အမျိုးသမီးတစ်ဦးကို သတိပြုမိခဲ့ပါတယ် ။ ပထမတော့ သူမက ကျောက်တုံးတွေလို့ တွေးမိလိုက်ပါတယ် ။ မထင်မှတ်ပဲ Ariffin က အနီးကပ်ကြည့်လိုက်တော့ အဆိုပါအမျိုးသမီးက လိပ်တွေရဲ့ ကျောကို သန့်ရှင်းပေးနေတာ တွေ့ရပါတယ် ။

လိပ်ဟာ အနည်းငယ်မျှသာမကဘဲ လိပ်များစွာဟာ မျဉ်းဖြောင်းအတိုင်း တန်းစီပြီး တစ်ကောင်ပြီးတစ်ကောင် သွားနေတာကို တွေ့ရကြောင်း Ariffin က ပြောပါတယ် ။ Ariffin က ထိုကြည်နူးဖွယ်မြင်ကွင်းကို မြင်ပြီး ဗီဒီယို ရိုက်ကူးခဲ့ပါတယ် ။ လိပ်တွေက သူတို့ရဲ့ကျောမှာကပ်နေတဲ့ ရေညှိတွေကို ဖယ်ရှားပစ်ဖို့ အမျိုးသမီးတစ်ဦးက ကူညီပေးချင်တယ်လို့ ထင်ခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ အပြုအမူကို အရမ်းသဘောကျပုံရပြီး ကူညီပေးတာကို လိပ်က ဝမ်းသာပုံရပ်တယ် ။ ဒီမြင်ကွင်းက တကယ်ကို ကြည်နူးစရာကောင်းပါတယ် ။ လိပ်တွေဟာ ကျန်းမာရေးကောင်းအောင် အခွံများ သန့်ရှင်းရေးလုပ်ရမာကိုပင် သိကြပြီး တန်းစီစောင့်ဆိုင်းရမည်ကိုလည်း သိနေကြတာက အံ့သြစရာပါ ။

JRose (KB Chimmy One)

 

Crd