အခြားအလုပ်တွေနဲ့ယှဉ်လိုက်ရင် ခက်ခဲလွန်းပြီး အန္တရာယ်များလွန်းတဲ့ ချောက်ကမ်းပါးတွေမှာ လမ်းဖောက်လုပ်ပြီး ဝမ်းစာရှာနေရတဲ့ လုပ်သားများ

News

တရုတ်နိုင်ငံ၊ Hunan တောင်က Pingjiang ဒေသရှိဆောက်လုပ်ရေးလုပ်သားတွေဟာ အန္တရာယ်များတဲ့အလုပ်ကို နေ့စဉ်ကြုံတွေ့လုပ်ဆောင်နေရပါတယ် ။ Pingjiang ဒေသငယ်ဟာ Mufu တောင်တန်းဒေသဖြစ်ပါတယ် ။ Adrenaline ရှာဖွေနေတဲ့ ကမ္ဘာလှည့်ခရီးသည်များရဲ့ အာရုံကို ဆွဲဆောင်ရန် တောင်စောင်းရှိ ခက်ခဲပြီး အန္တရာယ်များတဲ့ လူကူးလမ်းကြောင်းများဖန်တီးခြင်းအားဖြင့် ထိုတောင်များကို သူတို့ရဲ့အကျိုးအတွက် အသုံးချမယ်လို့ ဒေသခံများက ဆုံးဖြတ်ခဲ့ပါတယ် ။ တရုတ်အာဏာပိုင်များက ထိုလမ်းကြောင်းများပြီးဆုံးသွားပါက ထိုဒေသကို ထောင်နဲ့ ချီတဲ့ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ် ။ Pingjiang ခရိုင်ဟာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် များပြားတဲ့အံ့မခန်းဖွယ်ရာအမြင်များကို ပိုင်ဆိုင်ထားပါတယ် ။ ထို ရှုခင်းများကို မြင့်မားတဲ့နေရာကနေ ကြည့်ရှုမှသာ အကောင်းဆုံးမြင်နိုင်တာကြောင့် ချောက်ကမ်းပါးလမ်းကြောင်းများအတွက် ဖောက်လုပ်စေခဲ့ပါတယ် ။

Pingjiang ဒေသမှာ Mufu တောင်တန်းနဲ့ ၎င်းရဲ့အမျိုးသားဥယျာဉ်အပြင် လူသိများကြပါတယ် ။ ထိုတည်နေရာများဟာ နှစ်များတစ်လျှောက်လူကြိုက်များတဲ့နေရာဖြစ်ပြီး ဒေသခံအာဏာပိုင်တွေက တောင်ရဲ့ဘေးပတ်လှည်တွေမှာ လမ်းကြောင်းများတည်ဆောက်ခြင်းအားဖြင့် ၎င်းတို့ရဲ့လူကြိုက်များမှုအပေါ် အမြတ်ထုတ်ရန် ကြိုးစားနေကြပါတယ် ။ ပြီးတာနဲ့လူတွေဟာ တောင်စောင်းကိုလမ်းလျှောက်ပြီး သူတို့ရဲ့နှလုံးသားကို ဆွဲဆောင်နိုင်မယ့် မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ် ။ Yu Ji အမည်ရှိ အင်ဂျင်နီယာတစ်ဦးဟာ ထိုလမ်းကို ဆယ်စုနှစ်တစ်ခုကျော်လောက်က စတင်ဆောက်လုပ်ခဲ့ပါတယ် ။ သူက ” ငါက ဒီအလုပ်ကို အခြားအလုပ်နဲ့ ကွဲပြားခြားနားတယ်လို့ မခံစားရဘူး။ ဒါဟာ လူတွေထင်သလို အန္တရာယ်မရှိပါဘူး။ ကြိုးတွေဝတ်လိုက်တာနဲ့ အားလုံးကအဆင်ပြေသွားပြီ ”လို့ ဆိုပါတယ် ။ ၎င်းဒေသက လူနေမှုအတွက် သူတို့တွေအလုပ်လုပ်နေပုံကိုကြည့်ပြီး ကိုလက်ရှိလုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး ကြိုးစားလုပ်နေဖို့လိုပါတယ် ။

1

2

3

4

5

6

7

8

Credit-JRose (KB Chimmy One)

Leave a Reply