အချိန်ဇယားနဲ့ ဘဝကိုလည်ပတ်ရတဲ့ ဘုရင်မကြီးအဲလိဇဘတ်ရဲ့တနေ့တာလှုပ်ရှားပုံများ

News

ယူကေဘုရင်မကြီး အဲလိဇဘတ် နှစ် ကို စာဖတ်သူပရိသတ်တွေ သိကြမှာပါ။ အင်္ဂလန်ဘုရင်မကြီးလို့လည်း လူသိများတဲ့ အဲလိဇဘတ်က ဘုရင်မဖြစ်ပေမဲ့ နေချင်တိုင်းနေလို့မရပါဘူး။ အချိန်ဇယားနဲ့တကွ တနေ့တာလှုပ်ရှားမှုတွေရှိနေသူပါ။

လက်ရှိမှာ ၉၅နှစ်ရှိနေပေမဲ့ ဘုရင်မကြီးဟာ တနေ့ကို (၁၂)နာရီထိ တာဝန်ထမ်းဆောင်ရပါတယ်။ မနက် ၈ နာရီကနေ ညနေ ၈ နာရီထိ နိုင်ငံ့တာဝန်ကို အချိန်ဇယားအတိုင်း အခုလိုမျိုးထမ်းဆောင်ရတယ်လို့ ဆိုပါတယ်။

၁။ ၇ နာရီခွဲမှာ အိပ်ရာထရပါတယ်။

၂။ ၈ နာရီမှာ အဝတ်အစားလဲရပါတယ်။ ကိုယ့်ဟာကိုယ်မိတ်ကပ်ပြင်ရပြီး၊ တာဝန်စပါပြီ။

၃။ ၈ နာရီခွဲမှာ မနက်စာစားရပါပြီ။

၄။ ၉ နာရီမှာ အလုပ်လုပ်ဖို့အချက်ပေးတဲ့ အသံပေးကိုမဖြစ်မနေ နားထောင်ရပါတယ်။

၅။ ၉ နာရီကနေ ၁၁ နာရီထိက အီးမေးလ်တွေ၊ စာတွေကို မဖြစ်မနေဖတ်ရပါတယ်။

၆။ ၁၁ နာရီရောက်တာနဲ့ အရေးကြီးဧည့်သည်တွေကို နန်းတော်မှာတွေ့ရပါတယ်။

၇။ ၁၂ နာရီခွဲမှာ နေ့လည်စာ စားပြီး လေ့ကျင့်ခန်းလုပ်ရပါတယ်။ များသောအားဖြင့် မြင်းစီးပါတယ်။

၈။ ၂ နာရီမှာ ကိုယ်တိုင်ကားမောင်းပြီး၊ နန်းတော်အရေးကြီးကိစ္စတွေလုပ်ပါတယ်။

၉။ ၅ နာရီမှာတော့ လက်ဖက်ရည်သောက်ပါတယ်။

၁၀။ ၇ နာရီမှာ အရေးကြီးသတင်းတွေကိုနားထောင်ပြီး၊ ညစာစားပါတယ်။

၁၁။ ၈ နာရီမှာ တာဝန်ပြီး၊ ၈နာရီခွဲမှာ တီဗီကြည့် အိပ်ပါတယ်။

Ref: Brightedside

Leave a Reply