TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အချိန်ခရီးသွားတာကအစUFO တွေတွေ့ရှိတာကအဆုံး ဂြိုဟ်သားတွေကိုထိန်းသိမ်းစစ်ဆေးတဲ့ကိစ္စတွေပါ ပါဝင်နေတဲ့ Area 51

ကျွန်မတို့ဟာ UFO နှင့်ပတ်သက်တာတွေကို နောက်ပိုင်းမှာ ပြောပြပေးပါမယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ Area 51 မှာရှိတဲ့လေတပ်စခန်းက ဘိုးအင်းနှင့် ပူးပေါင်းပြီး တစ်ခြားသော လျှို့ဝှက်ယာဥ်ပျံဖြစ်တဲ့ The Bird of Prey ကိုတီထွင်ခဲ့ပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ မျက်လုံးနှင့်အလွယ်တကူ မမြင်ရတဲ့လေယာဥ်တွေကိုဖန်တီးဖို့ဖြစ်ပြီး ရေဒါမှာလည်း မပေါ်ရတဲ့ လေယာဥ်မျိုးဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။ ဒီလိုလေယာဥ်တွေကို လက်တွေ့စမ်းသပ်ချက်တွေအားလုံးဟာ ကျွန်မတို့သိထားတဲ့အရာတွေဖြစ်ပြီး ကျွန်မတို့မသိတာကတော့ သူတို့ဟာ အခြားသော သီအိုရီတွေအရစစ်တပ်အခြေခံအခြားသော ဆန်းကြယ်တဲ့ အရာတွေရှိမရှိဆိုတာပါပဲ။

ပိုပြီးတော့ တိကျသေချာတဲ့သတင်းတွေအရ Area 51 က တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အတိအကျ ဘာကိုဖုံးကွယ်ထားတာလဲ။ ဒါတွေအားလုံးဟာ ပရိသတ်ကြီး မေးတဲ့သူအပေါ်မူတည်ပါတယ်။

သူတို့ပြောကြားမယ့် အရာအားလုံးဟာ ပူပေါင်းကြံစည်မှု ကွန်ရက်မှာ ဆက်ဆံနေပါတယ်။ ဒါတွေဟာ အချိန်ခရီးသွားတာကအစUFO တွေ တွေ့ရှိတာကအဆုံး ဂြိုဟ်သားတွေကို ထိန်းသိမ်းစစ်ဆေးတဲ့ကိစ္စတွေပါ ပါဝင်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext