■အခုခေတ်လူတွေ အခုထိဆော့နေတဲ့ အထူးဆန်းဆုံးရှေးဟောင်းကစားနည်း
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အခုခေတ်လူတွေ အခုထိဆော့နေတဲ့ အထူးဆန်းဆုံးရှေးဟောင်းကစားနည်း
တကယ်လို့ ပရိသတ်ကြီးက အာဖဂန်နစ္စတန်နိုင်ငံမှာ မနေဘူးဆိုရင် ဘူစကာရှီ ကစားနည်းဟာ အခုခေတ်လူတွေ အခုထိဆော့နေတဲ့ အထူးဆန်းဆုံးရှေးဟောင်းကစားနည်း ဖြစ်တယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်လို့ ပရိသတ်ကြီးက အာဖဂန် လူမျိုးဖြစ်ရင်တော့ ဒါဟာ အမျိုးသား အားကစားဖြစ်ပြီး မြတ်နိုးတဲ့ရိုးရာရဲ့ အားကစားလည်း ဖြစ်တာကို သိရှိမှာပါ။
သူကတော့ ပိုလိုကစားနည်းလိုမျိုးပါပဲ။ သင်ဟာ မြင်းစီးပြီးဘောလုံးလေးကို ကျင်းပေါက်ထဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိပါတယ်။ ဘူစကာရှီ ကစားနည်းမှာဘောလုံး မပါပါဘူး။ သင်ဟာဘောလုံးအစား ဆိတ်တစ်ကောင်ကို မြင်းနှင့် သယ်ပြီး ပန်းတိုင်ကို စီးသွားရမှာပါ။ ဟုတ်ပါတယ်။ ဆိတ် အစစ်ပါ။
အရုပ် မဟုတ်ပါဘူး။ ဘူစကာရှီ ကစားနည်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဆိတ်ကို ကစားပွဲမစခင် သတ်ရပါတယ်။ ဆိတ်ဟာ လည်ပြတ်သွားပြီးသွေးတွေထွက်လာရင်တော့ အခုခေတ်ပွဲတော်ရဲ့ အရုပ်တစ်ရုပ် ဖြစ်ပါပြီ။ ဒီကစားနည်းဟာ ဆိတ်အတွက်ပဲ ရက်စက် တာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းအတွက် ရက်စက်တဲ့ ကစားနည်းတစ်ခုပါ။
ဒါဇင်ပေါင်းများစွာသော အားကစားသမားတွေက မြင်းစီးလျက် သူတို့ အမှတ်ရဖို့ အချင်းချင်း ဆိတ်သေတစ်ကောင်ကို လုယူကြတာပါ။ တကယ်လို့ သင်ဟာ မြင်းပေါ်က ပြုတ်ကျတာပဲဖြစ်ဖြစ် တွန်းချခံရတာပဲဖြစ်ဖြစ် သင်ဟာသေချာပေါက်သေဖို့ အခွင့် အရေး များနေပါပြီ။ ဒါပေမယ့်လည်း ဘူစကာရှီ ကစားနည်းဟာအချိန်နှင့်အမျှ ပိုပြီး ညင်သာလာတယ် မထင်ပါနဲ့။
ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ရာ ချီကတည်းကကစားခဲ့ကြတဲ့အတိုင်း ကစားကြတုန်းပါပဲ။ ကွာခြားချက် အစစ်အမှန်ကတော့အောင်နိုင်သူဟာ ဆိတ်နှင့်အတူ ဓာတ်ပုံရိုက်ပြီး Facebookပေါ်မှာ သူ အနိုင်ရရှိကြောင်းကိုပြောပြီး ဓာတ်ပုံတင်နိုင်တာပဲ ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext