■ဟာဝိုင်အီရဲ့ ထိခိုက်ဒဏ်ရာများပြည့်နေစေသော လျှောစီးကစားနည်း

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဟာဝိုင်အီရဲ့ ထိခိုက်ဒဏ်ရာများပြည့်နေစေသော လျှောစီးကစားနည်း

တကယ်လို့ ပရိသတ်ကြီးဟာ နှင်းတောထဲမှာ အရှိန်ပြင်းပြင်းဖြင့် မှောက်သွားရင်တောင်မှ ရိုးရာနှင်းလျှောစီးခြင်းဟာ သူ့အန္တရာယ်နှင့်သူရှိပါတယ်။ ဒါပေမယ့် ရှေးဟောင်း ဟာဝိုင်အီကစားနည်းဖြစ်တဲ့ ဟေဟေဟာလူအာ ကစားနည်းကတော့ ဒီအန္တရာယ်ကို အမြင့်ဆုံးအဆင့်အထိရောက်အောင်လုပ်ခဲ့ပါတယ်။

သေချာတာတော့ ဟာဝိုင်အီမှာ နှင်းတွေ များများစားစားမရှိပါဘူး။ ဒါပေမယ့်လည်း ဟာဝိုင်အီမှာနေထိုင်တဲ့သူတွေက ဘာပဲဖြစ်ဖြစ်ရေလွှာလျှောစီးချင်ကြပါတယ်။ ဒါကြောင့်လည်းလျှောစီးဖို့ ပြုလုပ်ခဲ့ကြတာပါ။ သူတို့ရဲ့ပြေးလမ်းတွေဟာအေးခဲနေတဲ့ချော်ရည်တွေ ဒါမှမဟုတ်ကောက်လို့ရတဲ့ မီးတောင်ကျောက်ခဲ ဖြင့် ပြုလုပ်ထားပါတယ်။

တကယ်လို့ မီးတောင်ကရဖို့ သိပ်မလွယ်ရင်ပြေးလမ်းလုပ်ဖို့ကို တစ်ခြားကျောက်တုံးကျောက်ခဲ ဖြင့်သာ ပြုလုပ်ကြပါတယ်။ သို့ပေမယ့်လည်းကျောက်ခဲတွပေါ်ကနေ တစ်နာရီမိုင် ၈၀ နှုန်းဖြင့်လျှောစီးတာက အလွန် အန္တရာယ်များတာပါ။ မျက်နှာများ ပွန်းပဲ့ခြင်းနှင့် အခြားသောနေ ရာများ ပွန်းပဲ့ခြင်းများဟာ မတွေးရဲစရာကောင်းအောင်ကြောက်ဖို့ကောင်းပါတယ်။

ကျွန်မတို့သိရလောက် အသုံးပြုတဲ့လျှောစီးဘုတ်ပြားတွေ ဟာ အလွန်ရိုးရှင်းတာ မို့ ဒဏ်ရာမရအောင် ကူညီပေးမှာ မဟုတ်ပါဘူး။ သူတို့မှာ ဘရိတ်အုပ်တဲ့ စက်ကိရိယာလဲ တစ်ခုတောင်မပါပါဘူး။ ၎င်းတို့ကို ရပ်ဖို့တစ်ခုတည်းသော နည်းက အလွန်ရှည်တဲ့ပြေးလမ်းကြောင်းရဲ့ အဆုံး ထိရောက်အောင် သွားဖို့ပဲဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ ပစိဖိတ် သမုဒ္ဒရာကို မထိတွေ့မချင်း မပြီးပါဘူး။

ဟိုးအရင်တုန်းကဆိုရင် တောင်ပေါကလျောဆင်းနေစဥ်မီးတောင်စောင့် နတ်တွေကို တိုင်တည်ပြီဆုတောင်းကာ နတ်တွေကသူတို့မျက်နာများကိုကာကွယ်ပေးကြတယ်လို့ဆိုပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext