TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သွားလည်ပတ်ဖြစ်ပါကလက်မလွတ်သင့်သော မက်ဆီကိုနိုင်ငံရဲ့ပွဲတော်

ပရိတ်သတ်ကြီးတို့က ကိုကို (Coco) ဆိုတဲ့ရုပ်ရှင်ကားလေးကို ကြည့်ဖူးမယ်ဆိုရင် ယခုပွဲတော်အကြောင်းကိုသိမှာပါ။
မက်ဆီကိုနိုင်ငံကတော့ ကိုလမ်ဘတ်စ် မရောက်ရှိခင် အချိန်တွေ တုန်းကတည်းကပေါ် ပေါက်ခဲ့တဲ့ ကျော်ကြားတဲ့ ဓလေ့ထုံးစံတွေကြောင့် လူသိများပါတယ်၊
ခရစ်ယာန်ဘာသာနဲ့ ဒေသဆိုင်ရာရိုးရာဓလေ့တွေရဲ့ ထူးခြားတဲ့ပေါင်းစပ်မှုတွေနဲ့ ဒီပွဲတော်လေးကို အောက်တိုဘာ (၃၁)ရက်နေ့ကနေ နိုဝင်ဘာ(၂)ရက်နေ့ထိကျင်းပကြပါတယ်။

နိုဝင်ဘာ (၂) ရက်နေ့ ကိုတော့ ကမ္ဘာတစ်ဝှမ်းမှာ (Day of the de*d)လို့လူသိများကြပါတယ်။အားလုံးကတော့ အောက်တိုဘာ (၃၁) ရက်နေ့မှာ စတင်ကြတာပါ။ ကလေးတွေနဲ့ ကွယ်လွန်သူတွေ ကိုကြိုဆိုတဲ့အနေနဲ့ ပထမဆုံး ဖယောင်းတိုင်ကို မီးထွန်းကြပါတယ်။

နောက်တစ်နေ့ကတော့ အသက်အရွယ်မရွေး အားလုံးပါဝင်ဆင်နွှဲ ကြတဲ့ သူတော်စင်များနေ့ဖြစ်ပါတယ်။
ဒီပွဲ ကြီးမှာတော့ အရောင်တွေ၊ အနံ့ အရသာတွေ၊ ထူးခြားတဲ့လက်ဆောင်လေးတွေ နဲ့ သက်ရှိကမ္ဘာထဲမှာ ရှိမနေတော့တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ဘဝတွေကိုအမှတ်ရစေမယ့် ထူးခြားတဲ့ အခိုက်တန့်လေးတွေနဲ့ ပြည့်နေတာပါ။

ဥပမာ မိသားစုဝင်တွေကို များပြားတဲ့ ပန်းတွေ၊ အစားအစာ နဲ့ သောက်စရာတွေ ဥပမာ- ဘီယာတို့ တကွီလာ အရက်တို့နဲ့ ဂုဏ်ပြုကြပါတယ်။
လူသိများကျော်ကြားသူတွေနဲ့ သူတို့ရဲ့ ကွယ်လွန်သူတွေ အကြောင်းကို လှောင်ပြောင်သရော် ထားတဲ့ ‘ကာလာဗရိတတ်စ်’ (Calaveriatas) လို့ခေါ်တဲ့ ကာရံအတိုလေးတွေကိုလည်းမျှဝေကြပါသေးတယ်။

ဒါ့အပြင် မျက်နှာတွေကိုလည်း ‘လာကာထရီးနား’ လို့ခေါ်တဲ့ကာတွန်းထဲကလို အရိုးခေါင်းပုံစံတွေခြယ်သကြပါတယ်။
ထူးခြားတဲ့ ဓလေ့ထုံးစံတွေနဲ့ ‘တာကို’ မုန့်တွေရှိတဲံ့ မက္ကဆီကိုလို နိုင်ငံတစ်ငံ ကိုအလည်သွားရင်တော့ သင်မလွတ်သွားသင့်တဲ့ပျော်ပွဲရွှင်ပွဲလေး တစ်ခုပဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■သြားလည္ပတ္ျဖစ္ပါကလက္မလြတ္သင့္ေသာ မက္ဆီကိုနိုင္ငံရဲ့ပြဲေတာ္
ပရိတ္သတ္ႀကီးတို႔က ကိုကို (Coco) ဆိုတဲ့႐ုပ္ရွင္ကားေလးကို ၾကည့္ဖူးမယ္ဆိုရင္ ယခုပြဲေတာ္အေၾကာင္းကိုသိမွာပါ။
မက္ဆီကိုနိုင္ငံကေတာ့ ကိုလမ္ဘတ္စ္ မေရာက္ရွိခင္ အခ်ိန္ေတြ တုန္းကတည္းကေပၚ ေပါက္ခဲ့တဲ့ ေက်ာ္ၾကားတဲ့ ဓေလ့ထုံးစံေတြေၾကာင့္ လူသိမ်ားပါတယ္၊
ခရစ္ယာန္ဘာသာနဲ႔ ေဒသဆိုင္ရာရိုးရာဓေလ့ေတြရဲ့ ထူးျခားတဲ့ေပါင္းစပ္မႈေတြနဲ႔ ဒီပြဲေတာ္ေလးကို ေအာက္တိုဘာ (၃၁)ရက္ေန႔ကေန နိုဝင္ဘာ(၂)ရက္ေန႔ထိက်င္းပၾကပါတယ္။
နိုဝင္ဘာ (၂) ရက္ေန႔ ကိုေတာ့ ကမၻာတစ္ဝွမ္းမွာ (Day of the de*d)လို႔လူသိမ်ားၾကပါတယ္။အားလုံးကေတာ့ ေအာက္တိုဘာ (၃၁) ရက္ေန႔မွာ စတင္ၾကတာပါ။ ကေလးေတြနဲ႔ ကြယ္လြန္သူေတြ ကိုႀကိဳဆိုတဲ့အေနနဲ႔ ပထမဆုံး ဖေယာင္းတိုင္ကို မီးထြန္းၾကပါတယ္။
ေနာက္တစ္ေန႔ကေတာ့ အသက္အရြယ္မေရြး အားလုံးပါဝင္ဆင္ႏႊဲ ၾကတဲ့ သူေတာ္စင္မ်ားေန႔ျဖစ္ပါတယ္။
ဒီပြဲ ႀကီးမွာေတာ့ အေရာင္ေတြ၊ အနံ့ အရသာေတြ၊ ထူးျခားတဲ့လက္ေဆာင္ေလးေတြ နဲ႔ သက္ရွိကမၻာထဲမွာ ရွိမေနေတာ့တဲ့ ေဆြမ်ိဳးသားခ်င္းေတြရဲ့ ဘဝေတြကိုအမွတ္ရေစမယ့္ ထူးျခားတဲ့ အခိုက္တန႔္ေလးေတြနဲ႔ ျပည့္ေနတာပါ။
ဥပမာ မိသားစုဝင္ေတြကို မ်ားျပားတဲ့ ပန္းေတြ၊ အစားအစာ နဲ႔ ေသာက္စရာေတြ ဥပမာ- ဘီယာတို႔ တကြီလာ အရက္တို႔နဲ႔ ဂုဏ္ျပဳၾကပါတယ္။
လူသိမ်ားေက်ာ္ၾကားသူေတြနဲ႔ သူတို႔ရဲ့ ကြယ္လြန္သူေတြ အေၾကာင္းကို ေလွာင္ေျပာင္သေရာ္ ထားတဲ့ ‘ကာလာဗရိတတ္စ္’ (Calaveriatas) လို႔ေခၚတဲ့ ကာရံအတိုေလးေတြကိုလည္းမၽွေဝၾကပါေသးတယ္။
ဒါ့အျပင္ မ်က္ႏွာေတြကိုလည္း ‘လာကာထရီးနား’ လို႔ေခၚတဲ့ကာတြန္းထဲကလို အရိုးေခါင္းပုံစံေတြျခယ္သၾကပါတယ္။
ထူးျခားတဲ့ ဓေလ့ထုံးစံေတြနဲ႔ ‘တာကို’ မုန႔္ေတြရွိတဲံ့ မကၠဆီကိုလို နိုင္ငံတစ္ငံ ကိုအလည္သြားရင္ေတာ့ သင္မလြတ္သြားသင့္တဲ့ေပ်ာ္ပြဲရႊင္ပြဲေလး တစ္ခုပဲျဖစ္ပါတယ္။
Ref:youtube
Trans:thegeektext