သောကြာဂြိုဟ်မှာတွေ့ရှိခဲ့ရတဲ့ ဧရာမမီးတောင်ကြီးရဲ့ပေါက်ကွဲမှု
သိပ္ပံပညာရှင်တွေကတော့ နာဆာရဲ့ Magellan မစ်ရှင်မှ ဗီးနပ်စ် (သောကြာဂြိုဟ်) သို့ သွားရောက်ရင်း ဂြိုဟ်ပေါ်မှ ဧရာမမီးတောင်ကြီးရဲ့ လှုပ်ရှားမှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်တဲ့။
အနှစ် ၃၀ သက်တမ်းရှိ လေ့လာစုဆောင်းထားမိသမျှ ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး Maat Mons လို့ အမည်ပေးထားတဲ့ ဧရာမမီးတောင်ဝမှ ထွက်ပေါ်လာတဲ့ ပထမဆုံးသော မီးတောင်လှုပ်ရှားမှု လက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နာဆာ (NASA)ရဲ့ Magellan မှ မှတ်တမ်းများအရ ကမ္ဘာမြေကြီးရဲ့ ငရဲဂြိုဟ်လို့လည်းခေါ်တဲ့ သောကြာဂြိုဟ် ဗီးနပ်စ်ပေါ်မှာ အမြင့် ၅ မိုင် (၈ ကီလိုမီတာ) မြင့်မားနေတဲ့ Maat Mons မီးတောင်ကြီးဟာ ၁၉၉၁ ခုနှစ်မှာ ပထမဆုံးအကြိမ် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြောင်း အထောက်အထားတွေအရ သိရပါတယ်။
၁၉၈၉ ခုနှစ်၊ မေလက လွှတ်တင်ခဲ့သော Magellan ဟာ သောကြာဂြိုဟ်ရဲ့ မျက်နှာပြင်တစ်ခုလုံးကို မြေပုံဆွဲရန်အတွက် ပထမဆုံး အာကာသယာဉ်လည်း ဖြစ်ပါတယ်။
မစ်ရှင်ရဲ့ ရေဒါပုံများအရ ဗီးနပ်စ်ဟာ မီးတောင်များဖြင့် ဝန်းရံနေကြောင်း ပြသခဲ့သော်လည်း ထိုအချိန်မှာ ၎င်းတို့အနက်မှ တစ်စုံတစ်ရာ လှုပ်ရှားနေသေးကြောင်း သိပ္ပံပညာရှင်များက တပ်အပ်မပြောနိုင်ခဲ့ကြပါဘူး။
ယခုအချိန်မှာတော့ အဆိုပါ လေ့လာမှုမှတ်တမ်းတွေထဲက ခွဲခြမ်းစိတ်ဖြာမှုအသစ်တစ်ခုအရ ဂြိုဟ်ရဲ့ အီကွေတာအနီး Atla Regio ဒေသမှာ မီးတောင်ပေါက်ကွဲလာကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်း သောကြာဂြိုဟ်ကို ထပ်မံလွှတ်တင်သွားမယ့် နာဆာရဲ့ နောက်ထပ်မစ်ရှင်တစ်ခုအတွက် လှုံ့ဆော်မှုလည်းဖြစ်စေပြီး ဒီမစ်ရှင်မှာတော့ ဗီးနပ်စ်ကို မျက်နှာပြင်မှ အူတိုင်အထိ စကင်န်ဖတ်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်နဲ့ အလားသဏ္ဍာန်အတူဆုံးဖြစ်တဲ့ ဗီးနပ်စ်ဟာ ကျောက်ဆောင်ဂြိုလ်ကြီးတစ်ခုဖြစ်ပြီး မီးတောင်တွေ အပြိုင်အဆိုင် ဝန်းရံနေတာကြောင့် လောင်မြိုက်နေတဲ့ ငရဲတွင်းကြီးဖြစ်နေပါတယ်။
ဒါကြောင့် နာဆာရဲ့ နောက်မစ်ရှင်ဟာ ဒီဖြစ်စဉ်တွေကို အသေးစိတ် ခွဲခြားစိတ်ဖြာသွားဖို့ မျှော်မှန်းထားတာပါ။
လက်ရှိလေ့လာမှုအရ Magellan ပတ်လမ်းတွေကို နာရီပေါင်း ၂၀၀ လောက် နှိုင်းယှဉ်ကြည့်ပြီးနောက်မှာတော့ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘူမိဗေဒပြောင်းလဲမှုတွေကို ပြသနေတဲ့ တူညီတဲ့ဒေသရဲ့ ပုံရိပ်နှစ်ခုဟာ ရှစ်လအကြာမှာ ခြားနားသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
Maat Mons ကတော့ ဗီးနပ်စ်ပေါ်မှာ အမြင့်ဆုံးမီးတောင်ဖြစ်ပြီး မြုံသောမီးတောင်လွင်ပြင်များအထက် ၂၅,၂၅၀ ပေ (၈,၀၀၀ မီတာ) မြင့်ပြီး ကမ္ဘာမြေမျက်နှာပြင်က မီးတောင်တွေလိုပဲ ဆင်တူတဲ့ ပုံသဏ္ဍာန်မျိုး ရှိပါတယ်။
၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံအရ Maat Mons နဲ့ ဆက်စပ်နေသော မီးတောင်ပေါက်တစ်ခုဟာ ၎င်း၏အပြင်ဘက် တောင်စောင်းတွေမှာ ချော်ရည်များထွက်နေတာကြောင့် စက်ဝိုင်းပုံပေါက်ထွက်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။
အောက်တိုဘာလမှာတော့ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ချော်ရည်အိုင်တစ်ခုနဲ့ တူညီသော တွင်းပေါက်ကို ဖမ်းမိခဲ့ရပြီး အထက်ဖော်ပြပါ စက်ဝိုင်းပုံအတိုင်း အရွယ်အစား နှစ်ဆတိုးလာခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
သို့သော် ဂြိုဟ်ပတ်လမ်းရဲ့ မတူညီသော ပတ်လမ်းများမှ လေဝင်ပေါက်ကို ဓာတ်ပုံရိုက်ယူခဲ့တဲ့အတွက် ကြည်လင်ပြတ်သားမှု ညံ့ဖျင်းနေတဲ့ ဓာတ်ပုံများကို နှိုင်းယှဉ်ရန်မှာမူ သိပ္ပံပညာရှင်များအတွက် ခက်ခဲစေနိုင်ပါတယ်။
ဒါကြောင်း ၎င်းတို့ကို လူကိုယ်တိုင် နှိုင်းယှဉ်နိုင်ဖို့ ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲများကို ဆုံးဖြတ်နိုင်စေရန်အတွက် ကွန်ပျူတာပုံစံငယ်များကို ဖန်တီးခဲ့ရပါတယ်။
ဒီအခါမှာ အချို့သော သရုပ်ဖော်ပုံများဟာ ပုံရိပ်နှင့် ကိုက်ညီပြီး ဖြစ်နိုင်ခြေ အရှိဆုံး မြင်ကွင်းမှာ Magellan ရဲ့ မစ်ရှင်အတွင်း သောကြာဂြိုဟ် မျက်နှာပြင်ပေါ်က မီးတောင်လှုပ်ရှားမှုဖြစ်ကြောင်း သုတေသီတို့က အခိုင်အမာ ဆိုထားကြပါတယ်။
ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံစံငယ်တို့ဟာ ဂြိုလ်တစ်ခုလုံးအတွက် ဒေတာအချက်တစ်ခုသာဖြစ်ပေမဲ့ ခေတ်မီဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုတွေရှိကြောင်း အတည်ပြုနိုင်ပါတယ်။
ဒါကြောင့် Maat Mons မီးတောင်ရဲ့ ပေါက်ကွဲမှုဟာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ပြီး မီးတောင်ရဲ့ ချော်ရည်တွေဟာလည်း ၂၀၁၈ ခုနှစ်က ဟာဝိုင်အီရှိ Kilauea မီးတောင် ပေါက်ကွဲခဲ့တဲ့ပုံမျိုးနဲ့ ဆင်တူကြောင်း သုတေသီများက ထုတ်ပြန်ချက်မှာ ဖော်ပြထားကြပါတယ်။
ဗီးနပ်စ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က မီးတောင်ပေါက်ကွဲခဲ့တာနဲ့ ဆက်စပ်မီးတောင်လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ရတာဟာ မယုံနိုင်စရာ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး VERITAS အာကာသယာဉ်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ချီးမွမ်းသွားရပါလိမ့်မယ်ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
Knight News Team
Knight News © 2023
Crd