■သေနတ်တစ်ချက်ပစ်တိုင်း ဘယ်အရာကိုမဆိုအရည်ပျော်ကျသွားစေနိုင်သည့်လက်နက်

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သေနတ်တစ်ချက်ပစ်တိုင်း ဘယ်အရာကိုမဆိုအရည်ပျော်ကျသွားစေနိုင်သည့်လက်နက်

ကျွန်တော်တို့ အခုထပ်ပြောပြမယ့် လက်နက်ကတော့ သေနတ်ပစ်တိုင်းမှာ အရည်ထွက်လာမယ့် လက်နက်တစ်မျိုးပဲ ဖြစ်ပါတယ် ဒီလက်နက်က USA စစ်တပ်ရဲ့ အလားအလာကောင်းတဲ့ တီထွင်မှုတွေထဲကတစ်ခု ဖြစ်ပါတယ် လျှပ်စစ်သံလိုက်စွမ်းအားနဲ့ ပေါက်ကွဲနိုင်တဲ့ စစ်လက်နက်ပစ္စည်းဖြစ်တဲ့ ဒီလက်နက်ဟာ သေနတ်ပစ်တိုင်း အရည်ကျိုထားတဲ့ သတ္တုရည်တွေ အင်အားကြီးစွာနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

ပစ်မှတ်ကို လျှပ်စစ်သံလိုက် စက်ကွင်းနဲ့ တိုက်ရိုက် ပစ်ခတ်မှာဖြစ်ပါတယ် အားကြီးတဲ့ တွန်းအားက ဒီအရည်လက်နက်ပစ္စည်းကို အလွန်မြန်တဲ့အရှိန်အဖြစ် မြှင့်တင်ပေးပါတယ် အရမ်းလေးလံပြီး ကာကွယ်မှုကောင်းတဲ့ တင့်ကားတွေကိုတောင် အပေါက်တွေနဲ့ဖြစ်အောင် လုပ်နိုင်ပါတယ်။

အရမ်းအားကြီးတဲ့ ပစ္စည်းတွေတောင် ဒီသတ္တုအရည်ပျော်နဲ့ ထိတာနဲ့ ဖယောင်းအရည်ပျော်သလို အရည်ပျော်ကျသွားနိုင်ပါတယ် လောလောဆယ်တော့ ဒီလက်နက်ဟာ ထုတ်လုပ်ဆဲအခြေအနေမှာပဲ ရှိပါသေးတယ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဒီသေနတ်ရဲ့ အလုပ်လုပ်ပုံကို ၁၉၅၅ ခုနှစ်မှာ သိပ္ပံစိတ်ကူးယဥ်ဝတ္ထု စာရေးဆရာ Arthur Clarke(အာသာ ကလာခ်က်)က သူ့ရဲ့ ဝတ္ထု “Earth Light”(အာ့တ် လိုက်တ်)မှာ ဖန်တီးရေးသားခဲ့တာ ဖြစ်ပါတယ် ။

နည်းပညာဟာ အနာဂတ်မှာ ကျွန်တော်တို့ သိပ္ပံစိတ်ကူးယဥ် ဖန်တီးမှုတွေကို လက်တွေ့ဘဝမှာ တီထွင်လာနိုင်စေပါတယ် စစ်တပ်အင်ဂျင်နီယာတွေဟာ ကျွန်တော်တို့ ဖတ်ဖူးတဲ့ ဘယ်ဖန်တီးမှုကို တီထွင်သင့်တယ်လို့ ထင်လဲ?
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext