သေဆုံးသွားပြီဟုထင်ပြီး မီးသင်္ဂြိုလ်ရန်ပြင်ဆင်နေချိန်လေးမှာ အံ့အားသင့်စွာ အသက်ပြန်ရှင်လာခဲ့သော အမျိုးသား

News Social News

သေဆုံးသွားပြီဟုထင်ပြီး မီးသင်္ဂြိုလ်ရန်ပြင်ဆင်နေချိန်လေးမှာ အံ့အားသင့်စွာ အသက်ပြန်ရှင်လာခဲ့သော အမျိုးသား

အိန္ဒိယနိုင်ငံ Odishaပြည်နယ် Ganjamခရိုင် Kapakhallaရွာတွင် နေထိုင်သော အသက် ၅၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဆိတ်ကျောင်းရန် တောထဲသို့ထွက်ခဲ့ပြီး ညဥ့်နက်ချိန်တွင် ဆိတ်များမှာပြန်ရောက်လာခဲ့သော်လည်း အမျိုးသားမှပြန်မလာခဲ့ချေ။

ထိုစဥ် မိသားစုမှ စိတ်ပူပြီး တောထဲသို့ အမျိုးသားအား ထွက်ရှာခဲ့ရာ တစ်နေရာတွင် မေ့လဲကျနေသည်ကို တွေ့ရှိခဲ့ပြီး အိမ်သို့ခေါ်ပြန်လာခဲ့ကြသည်။

ထို့နောက် အိမ်နီးချင်းများမှလည်း ရောက်ရှိလာကြပြီး မိုးချုပ်နေပြီဖြစ်၍ ဆေးရုံကိုခေါ်သွားမပြတော့ပဲ ဆွေမျိုးများမှ စစ်ဆေးကြည့်ခဲ့ရာ ဆုံးပါးသွားပြီဟု ဆိုခဲ့သည်။

မိသားစုမှလည်း တကယ်သေဆုံးသွားပြီဟု ယုံစားမိကာ အသုဘအခမ်းအနားလုပ်ပေးရင်း မီးသင်္ဂြိုလ်ရန် ပြင်ဆင်နေကြစဥ် မထင်မှတ်ပဲ အခေါင်းတလားထဲကနေ အသံကြားပြီး ထိတ်လန့်စွာဖြင့် ကြည့်ခဲ့ရာ အမျိုးသားကြီးမှာ သတိလစ် မေ့မျောနေခြင်းဖြစ်ပြီး အသက်မသေခဲ့သည်ကို သိရှိခဲ့ရသည်။

Zawgyi

သေဆုံးသွားပြီဟုထင်ပြီး မီးသင်္ဂြိုလ်ရန်ပြင်ဆင်နေချိန်လေးမှာ အံ့အားသင့်စွာ အသက်ပြန်ရှင်လာခဲ့သော အမျိုးသား

အိန္ဒိယနိုင်ငံ Odishaပြည်နယ် Ganjamခရိုင် Kapakhallaရွာတွင် နေထိုင်သော အသက် ၅၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဆိတ်ကျောင်းရန် တောထဲသို့ထွက်ခဲ့ပြီး ညဥ့်နက်ချိန်တွင် ဆိတ်များမှာပြန်ရောက်လာခဲ့သော်လည်း အမျိုးသားမှပြန်မလာခဲ့ချေ။

ထိုစဉ် မိသားစုမှ စိတ်ပူပြီး တောထဲသို့ အမျိုးသားအား ထွက်ရှာခဲ့ရာ တစ်နေရာတွင် မေ့လဲကျနေသည်ကို တွေ့ရှိခဲ့ပြီး အိမ်သို့ခေါ်ပြန်လာခဲ့ကြသည်။

ထို့နောက် အိမ်နီးချင်းများမှလည်း ရောက်ရှိလာကြပြီး မိုးချုပ်နေပြီဖြစ်၍ ဆေးရုံကိုခေါ်သွားမပြတော့ပဲ ဆွေမျိုးများမှ စစ်ဆေးကြည့်ခဲ့ရာ ဆုံးပါးသွားပြီဟု ဆိုခဲ့သည်။

မိသားစုမှလည်း တကယ်သေဆုံးသွားပြီဟု ယုံစားမိကာ အသုဘအခမ်းအနားလုပ်ပေးရင်း မီးသင်္ဂြိုလ်ရန် ပြင်ဆင်နေကြစဉ် မထင်မှတ်ပဲ အခေါင်းတလားထဲကနေ အသံကြားပြီး ထိတ်လန့်စွာဖြင့် ကြည့်ခဲ့ရာ အမျိုးသားကြီးမှာ သတိလစ် မေ့မျောနေခြင်းဖြစ်ပြီး အသက်မသေခဲ့သည်ကို သိရှိခဲ့ရသည်။

Crd