အချို့သောသူများသည် ဆန်းသထက်ဆန်းသည့် အရာများကိုသာ ရွေးချယ်လုပ်ကိုင်ကြပြီး အများကြား ဝေဖန်မှု ချီးကျုးမှုတွေကိုလည်း ရင်ဆိုင်ကြသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ Marcey Hawkအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ထူးခြားစွာဖြင့် ထောင်ပေါင်းများစွာသော ပန်းချီကားချပ်တွေကို သူမရဲ့ရင်သားတွေနဲ့ ရေးဆွဲခဲ့သည်။
ပန်းချီရေးဆွဲရာ၌ အနုစိတ်တိကျစွာ အာရုံစိုက်ပြီး ရေးဆွဲရသော်လည်း အမျိုးသမီးမှာ ရင်သားနှစ်ဖက်နဲ့ စွဲမက်ဖွယ်ကောင်းသည့် ရောင်စုံပန်းချီကားချပ်များကို ရေးဆွဲနိုင်ခဲ့၍ အများက အံ့အားသင့်နေကြရသည်။
ရင်သားနဲ့ပန်းချီဆွဲခြင်းဖြင့် အမျိုးသမီးအား ကဲ့ရဲ့ဝေဖန်သူများရှိကြသလို ချီးမွမ်းသူများလည်းရှိကြပြီး သူမရဲ့ပန်းချီကားချပ်များကို ရောင်းရသည့်ငွေများအား ရင်သားကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်းသို့ လှူဒါန်းခဲ့သည်မှာ လေးစားဖွယ်ကောင်းသည်။
Rain (For Ialinks)
Unicode
Rain (For Ialinks)
Crd