■သူတို့ရဲ့ဆက်ဆံရေးကို ပရိသတ်ကို အသိမပေးခဲ့တဲ့ Lili Reinhardt and Cole sprouse
Knowledge Article Celebrity Hollywood World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သူတို့ရဲ့ဆက်ဆံရေးကို ပရိသတ်ကို အသိမပေးခဲ့တဲ့ Lili Reinhardt and Cole sprouse
CW ရဲ့ Riverdale မှာတော့ သူတို့နှစ်ဦး ဟာ တကယ့်ကိုချစ်ကြတဲ့ Betty Cooperနဲ့ Jughead Jones အဖြစ် သရုပ်ဆောင်ခဲ့ကြတာပါ။All things considered ရှိုး ရိုက်ကူးမှုစပြီး မကြာခင်မှာ သူတို့နှစ်ဦး စတွဲခဲ့ကြတာပါပဲ။ဒါပေမဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပရိသတ်ကို အသိမပေးခဲ့ပါဘူး။Reinhardtဟာ Sprouse ရဲ့မွေးနေ့အတွက် သူမရဲ့အင်စတာဂရမ်မှာ အပျော်ရွှင်ရဆုံးမွေးနေ့ပွဲဖြစ်ပါစေလို့ ကနေတဲ့ကောင်မလေးပုံအီမိုဂျီ နဲ့ ရေးသားဆုတောင်းပေးခဲ့ပါတယ်ရှင်။
Riverdale က ကျန်တဲ့သရုပ်ဆောင်တွေမပါဝင်ဘဲ သူတို့နှစ်ယောက်ပဲရှိတယ်ဆိုတာကို ပြသနေတဲ့ ပိုစ်တစ်ခုပါ။၂၀၁၇ ဇွန် ၁၃ မှာပြုလုပ်တဲ့ comic-con ပွဲမှာတော့ Sprouse က သူရဲ့ ကုတ်အကျီကို Reinhardt ကိုပေးခဲ့ပါတယ်။Riverdaleက သရုပ်ဆောင်အဖွဲ့ဟာ ၂၀၁၇ မှာ San DiegoComic-con ပွဲကိုတက်ရောက်ခဲ့ကြပြီး Reinhardtဟာ Sprouse ရဲ့ နီညိုရင်ရောင့် အကျီ ဝတ်ဆင်ထားတာကို တွေ့ခဲ့ရတာပါပဲ။
တချို့ကတော့ သူတို့အတွဲ လက်ကိုင်ပြီး နမ်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၇ စက်တင်ဘာ ၁၃ မှာတော့ Entertainment weeklyနဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူတို့ရဲ့ ဆက်နွယ်မှုနဲ့ ပတ်သတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ “လူတွေက Lily နဲ့ Camillaကို အတူတူရှိစေချင်ကြတယ်။တစ်ယောက်ချင်းစီကလည်း KJ နဲ့ကျွန်တော့်ကို တစ်သားတည်းဖြစ်စေချင်ကြတယ်။တစ်ယောက်ချင်းစီတိုင်းဟာ ရုပ်ရှင်ထဲကဇာတ်ကောင်တွေကို အတူတူတွဲမြင်ဖို့ အလိုရှိကြပါတယ်။အမှန်တိုင်းပြောရမယ်ဆိုရင် Lily နဲ့ကျွန်တော့်ကို ခုလိုပြောကြတာ ကျေနပ်စရာပါ။အားလုံးက ကျွန် တော်တို့ တရားဝင်ဖြစ်လာဖို့ အမှန်တကယ် အလိုရှိနေတယ်လို့ သွယ်ဝိုက်ပြောနေသလိုပါပဲ။” လို့ Riverdale ပရိသတ်တွေအတွက် Entertainment weekly မှာ Sprouse က အခုလို ပြောကြားခဲ့တာပါ။
Reinhardt ကတော့ V မဂ္ဂဇင်းမှာ သူမရဲ့အတွင်းရေးဟာ အများရဲ့ရှေ့မှာ ဆွေးနွေးရမှာမျိုး မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ “ကျွန်မက ကျွန်မရဲ့ relationship အကြောင်းကို ပွင့်ပွင့်လင်းလင်း ချပြပြောဆိုလို့ရတဲ့ အခြေအနေမရောက်သေးပါဘူး။လူတိုင်းလူတိုင်းက ကျွန်မကို အာရုံစိုက်နေတဲ့ အချိန်မှာ ဒီအကြောင်းအရာပြောရမှာက ရက်စက်မှုတစ်ခုဖြစ်လိမ့်မယ် ထင်ပါတယ်။”
သူတို့နှစ်ယောက် လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလဟာလတွေလည်း ရှိပေမဲ့ သူတို့အတွဲကတော့ ဘာမှ အတည်ပြုပြောကြားခြင်းမရှိခဲ့ပါဘူး။အမှန်တိုင်းပြောရမယ်ဆိုရင် သူတို့က သူတို့ရဲ့ relationship နဲ့ပတ်သက်ပြီး ဘာမှ ရှင်းရှင်းလင်းလင်းပြောကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext