သူတို့တစ်ကယ်လာနေကြပြီလား
အချိန်ခရီးသွားလို့ သူ့ကိုယ်သူ သတ်မှတ်ထားသူတစ်ဦးနဲ့ အခြားသော (UFOLOGISTS) ပန်းကန်ပြားပျံ ကျွမ်းကျင်သူများက ဒီနှစ်လယ်လောက်ကတည်းက ဂြိုဟ်သားတွေနဲ့ ပန်းကန်ပြားပျံတွေ ကမ္ဘာကို ဆင်းသက်လာကြမယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။
ယုံကြည်သူရှိသလို၊ မယုံကြည်သူတွေလည်း ရှိခဲ့ပေမဲ့ လူမှုကွန်ယက်မှာတော့ ပျံ့နှံ့နေခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ ဒီကိစ္စနဲ့ပါတ်သက်တာတွေ၊ ထူးဆန်းစွာ တိုက်ဆိုင်နေတာလေးတွေကို တင်ပြချင်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေက ပင်တဂွန်ဟာ ထူးဆန်းတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာခဲ့ပါတယ်။
အဲဒါကတော့ ပင်တဂွန်ဟာ ပန်းကန်ပြားပျံနဲ့ပါတ်သက်တဲ့ အထောက်အထားများကို စစ်ဆေးပြီးဖြစ်လို့ ပန်းကန်ပြားပျံနဲ့ ဂြိုဟ်သားဆိုတာတွေဟာ မဖြစ်နိုင်သလို၊ ကမ္ဘာကို လာရောက်မယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူးလို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ဒီလိုသတင်းမျိုးကို နာဆာ (NASA) က ထုတ်ပြန်ရမှာ ဖြစ်ပေမဲ့ ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်ခဲ့တာဆိုတော့ ထူးဆန်းနေပါတယ်။
တစ်ဆက်တည်းမှာပဲ ပင်တဂွန်ဟာ ပန်းကန်ပြားပျံဆိုင်ရာ သုတေသီတွေ၊ ပညာရှင်တွေကိုလည်း ပန်းကန်ပြားပျံသတင်းတွေ ဖြန့်ဝေခြင်းမပြုဖို့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတင်းဟာ နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ အယ်လ်ဂျားဇီးယားနဲ့ အင်ဒီးယန်း အင်ဒီပန်းဒင့် သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။
သိပ်မကြာပါဘူး။ လူမှုကွန်ယက်တွေမှာ ပန်းကန်ပြားပျံတွေ ဆင်းသက်ပုံတွေ၊ ပျံသန်းနေကြပုံတွေကို ပလူပျံအောင် လွှင့်တင်လာကြပါတယ်။ ယူကျု့၊ ဖေ့ဘွတ်၊ တယ်လီဂရမ် အစုံပါပဲ။
ပန်းကန်ပြားပျံတွေ့ရှိမှု အများစုဟာ အုပ်စုလိုက် ပျံသန်းနေကြတာ တွေ့ရပြီး လူမှုကွန်ယက်မှာ နေ့စွဲ အတိအကျနဲ့ တင်လာကြတာဖြစ်ပြီး ကမ္ဘာအနှံ့ကနိုင်ငံများ ပါဝင်နေပါတယ်။
ဂျာမဏီလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်ခရီးစဉ်တစ်ခုမှာ ခရီးသည်တစ်ယောက်က လေယာဉ်ပြတင်းပေါက်မှတဆင့် ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာဆိုရင် လေယာဉ်ဘေးမှာ လိုက်ပါပျံသန်းနေတဲ့ ပန်းကန်ပြားပျံကို အထင်အရှား တွေ့မြင်နေရပါတယ်။
အခြားနိုင်ငံတွေဖြစ်တဲ့ စပိန်၊ ဂျာမဏီ၊ ယူကရိန်း၊ ကနေဒါ၊ အမေရိကန်၊ အီဂျစ်၊ ရုရှား စတဲ့ နိုင်ငံတွေမှာလည်း ပန်းကန်ပြားပျံယာဉ်များ တွေ့ရှိမှုတွေ အသီးသီးရှိခဲ့ပါတယ်။ သူတို့တွေ့ရှိခဲ့တဲ့ ဓါတ်ပုံများကို ရှာဖွေတင်ပြလိုက်ပါတယ်။
ထူးဆန်းတာတစ်ခု ထပ်ဖြည့်ပြောချင်တာကတော့ ပင်တဂွန်ဟာ ဂြိုဟ်သားနဲ့ ပန်းကန်ပြားပျံ ကိစ္စကို တစ်ဖက်က ငြင်းထားပေမဲ့ အမေရိကန်လေတပ်ကိုတော့ ပန်းကန်ပြားပျံများကို တွေ့ရှိပါက လိုက်လံဖမ်းဆီးရန်နဲ့ မလိုက်နာရင် ပစ်ချဖို့အထိ အမိန့်ပေးထားတယ်လို့ သိရပါတယ်ခင်ဗျား။
Knight News Team
Knight News © 2022
Crd