သူဌေးဆီကနေ Lexus ကားလက်ဆောင်ရလိုက်ပြီးနောက် မြင်သူတိုင်းအပျော်ကူးစက်သွားစေတဲ့အထိ အော်ဟစ်ရင်းငိုကြွေးခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး

News Social News






Zawgyi

သူဌေးဆီကနေ Lexus ကားလက်ဆောင်ရလိုက်ပြီးနောက် မြင်သူတိုင်းအပျော်ကူးစက်သွားစေတဲ့အထိ အော်ဟစ်ရင်းငိုကြွေးခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး


နိုင်ဂျီးရီးယားအမျိုးသမီးတစ်ဦးဖြစ်တဲ့ Onome ဟာ သူမ၏အလုပ်ခွင်၌ ကားလက်ဆောင်တစ်စီးဖြင့် စပရိုက်လုပ်ခံလိုက်ရပြီးနောက် သူမဟာ အံ့ဩရင်း စိတ်ခံစားချက်အမျိုးမျိုးဖြင့်လွှမ်းမိုးကာ ပျော်မြူးနေခဲ့ရပါတယ်။ Onome ဟာ လက်ဝတ်လက်စားကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးဖြစ်ပြီး သူမဟာ အလုပ်ကြိုးစားမှုနှင့် သူဌေးရဲ့ယုံကြည်အားထားမှုကိုလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။ Instagram ရှိ @bozjewelery page acc မှ မျှဝေခဲ့တဲ့ဗီဒီယိုတစ်ခုမှာ Onome ဟာ သူမတို့ရဲ့ရှေ့မှောက်၌ရပ်ထားတဲ့ အနီရောင် Lexus ကားက သူမအတွက်ဖြစ်ကြောင်းကို သိလိုက်ရပြီးနောက် သူမဟာ မယုံကြည်နိုင်စွာ အော်ဟစ်ပြေးလွှားရင်း သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီအား ပြေးဖက်နေခဲ့ပါတယ်။

ထို့နောက် Onome ဟာ လက်ဆောင်ကားအား ပြေးဖက်နေရင်း အပျော်လွန်ကာ ကျေးဇူးတင်ကြောင်း ရေရွတ်နေရင်း မျက်ရည်များစီးကျလာခဲ့ပြီး သူမနှင့် ထပ်တူပျော်ရွှင်နေခဲ့တဲ့လုပ်ဖော်ကိုင်ဖက်များကလည်း သူမအား သွားရောက်ပွေ့ဖက်ကာ နှစ်သိမ့်ပေးနေခဲ့ကြပါတယ်။Onome ကဲ့သို့ပင် လုပ်ဖော်ကိုင်ဖက်များဟာလည်း အပျော်တွေကူးစက်နေခဲ့ကြကာ ပတ်ဝန်းကျင်ကိုတောင် သတိမမူနိုင်ခဲ့ကြပါဘူး။ ဒါဟာ Onome အတွက် ဝမ်းသာစရာကောင်းလွန်းတဲ့ စပရိုက်လက်ဆောင်ပါဘဲဗျာ။

Onome ရဲ့အပျော်လွန်သွားခဲ့ရတဲ့၎င်းပုံရိပ်ဟာ မြင်သူတိုင်းအား ထပ်တူအပျော်ကူးစက်သွားစေခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူများက “ Ahhh .. သူမက အဲ့နေရာကို ပိုင်နိုင်ခဲ့တာဘဲ ၊ သူမဟာ အံ့သြစရာကောင်းတာပဲ၊ သူမလို ဝန်ထမ်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာက အကောင်းဆုံးပါဘဲ၊ ဂုဏ်ယူပါတယ် Onome ၊ လာမယ့်နှစ်မှာဘုရားသခင်ရဲ့ကျေးဇူးနဲ့ ငါ့ရဲ့မန်နေဂျာကိုလည်း အဲ့လိုလုပ်ပေးချင်တယ်၊ ခက်တာက ငါမန်နေဂျာမရှိသေးဘူး ” ၊ “ ဒါလေးက အရမ်းချစ်စရာကောင်းတာပဲ ၊ သစ္စာရှိပြီးအားကိုးရတဲ့ ဝန်ထမ်းရှိခြင်းက ဘုရားသခင်ရဲ့အကြီးမားဆုံးလက်ဆောင်တစ်ခုပါပဲ ၊

သူတို့ကို တန်ဖိုးထားပါ၊ သူတို့ကိုကောင်းချီးပေးပါ၊ သူတို့ကိုမြင့်တင်ပေးပါ၊ မင်းရဲ့လက်ရာအားလုံးကို မြင်တတ်တဲ့သူဌေးကြီးတစ်ယောက်ရှိနေခြင်းကလည်း အခြားကောင်းချီးတစ်ခုပါဘဲ၊ ဒါက ငါ့ကိုစိတ်ခံစားမှုဖြစ်စေခဲ့တယ် ဘုရားသခင်ကောင်းချီးပေးပါစေ ” ဟုတဲ့အပြုသဘောဆောင်မှတ်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။ဟုတ်ပါတယ် ၊ လုပ်ငန်းကြီးများအနေနဲ့ အလုပ်တစ်ခုပြီးမြောက်စေဖို့အတွက် သူဌေးကောင်းနှင့်ဝန်ထမ်းကောင်းတို့က အမြဲဒွန်တွဲနေဖို့ လိုအပ်ပါတယ်ဗျ။

Crd