သူဌေးကဝန်ထမ်းအသစ်တွေကို လစာပိုပေးပြီး နှစ်ပေါင်းများစွာ အလုပ်နေခဲ့တဲ့ မိမိကိုကျ လစာမတိုးပေးလို့ အလုပ်မှနုတ်ထွက်လိုက်တဲ့အမျိုးသား

News

Wang Kun လို့ခေါ်တဲ့ အမျိုးသားဟာ ကုမ္ပဏီတစ်ခုတည်းမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး အကြီးတန်းဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပါတယ် ။ ဝန်ထမ်းအသစ် ၂ ဦး ဝင်လာတဲ့အခါ သူဌေးက သူတို့ကို လမ်းညွှန်မှုအောက်မှာထားခဲ့ပြီး သူတို့ကိုပြသဖို့ Wang ကိုအပ်ခဲ့ပါတယ် ။

ရည်ရွယ်ချက်မှာ ၎င်းတို့ဟာ ကုမ္ပဏီစနစ်များနဲ့ အမြန်ဆုံးရင်းနှီးကျွမ်းဝင်စေရန် ဖြစ်ပါတယ် ။ လကုန်တဲ့အချိန်မှာ လခများကို ပေးဖို့ အချိန်ရောက်လာတဲ့အခါမှာ ဝန်ထမ်းသစ်တွေအတွက် လစာပိုပေးခဲ့တာကို Wang Kun မြင်တဲ့အခါ သူ့သူဌေးကို သူ့အတွက်လည်း လစာတိုးပေးဖို့တောင်းဆိုတဲ့အခါမှာ သူဌေးဖြစ်သူက “ ဒီနေ့ခေတ်မှာ ဝန်ထမ်းအသစ်တွေရှာရတာ ခက်ခဲလို့ လုပ်ခပိုမြင့်ရမယ် ။

ငါတို့က မကြာမီ ပိုမိုမြင့်မားတဲ့ အဆင့်မြင့်နည်းပညာ သုံးစက်ကိရိယာများကိုစတင်အကောင်အထည်ဖော်တော့မာဖြစ်လို့ အဲ့ဒါကို ဘယ်လိုလည်ပတ်ရမယ်ဆိုတာ လေ့လာဖို့ လိုအပ်တယ် ။ ကျေးဇူးပြုပြီးနားလည်ပါ ” လို့ သာပြောခဲ့ပါတယ် ။

Wang ကလည်း သူဌေးရဲ့ မမျှတတဲ့လုပ်ရပ်ကြောင့် ဒေါသထွက်ပြီး ကုမ္ပဏီမှ မိမိကိုယ်ကိုယ်နုတ်ထွက်လိုက်ပါတယ် ။ ယခင်မှာ သူဌေးက သူ့ကိုခေါ်ပြီး ပြန်လာဖို့ တောင်းပန်ခဲ့ပါတယ် ။ သူဌေးက Wang Kun ရဲ့ လစာကို နှစ်ဆထပ်ပိုပေးမယ်လို့လည်း ကမ်းလှမ်းလာခဲ့ပါတယ် ။ Wang Kun ဟာ သူဌေးရဲ့လုပ်ရပ်များကြောင့် ပိုပြီးစိတ်ပျက်သွားပြီး သူ့ကုမ္ပဏီဟောင်းရဲ့ အနာဂတ်ကို ဂရုမစိုက်တော့ပါဘူး ။

Wang က “ ကုမ္ပဏီကိုတကယ်တန်ဖိုးထားတယ်ဆိုရင် မင်းရဲ့ ဝန်ထမ်းတွေကို အရင်ဆုံးကောင်းကောင်းမဆက်ဆံသင့်ဘူးလား” လို့ သူဌေးဖြစ်သူကို ဆိုလိုက်ပါတယ် ။ ကုမ္ပဏီဟောင်းမှာ Wang Kun ရဲ့ အနေအထားကို ယခုအခါမှာ လူသုံးဦးကကိုင်တွယ်ထားသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ Wang လုပ်ခဲ့သလို အလုပ်မလုပ်နိုင်ခဲ့ပါဘူး ။ ယခင်သူဌေးက ဘာများကမ်းလှမ်းခဲ့ပါစေ Wang Kun ဟာ ငြင်းပယ်နေခဲ့ပါတယ် ။ သူဟာ အလုပ်သစ်မှာ တန်ဖိုးထားခံရပြီး ၎င်းတို့အတွက် ကြိုးစားလုပ်ဆောင်ရန် အဆင်သင့်ရှိနေပါတယ် ။

JRose (KB Chimmy One)

Leave a Reply