သုံးယောက်ပိုင်ဘဲကိုပစ် ဘတ်စ်ကားနဲ့လည်လည်ထွက်ခဲ့တဲ့ မိန်းကလေးသုံးယောက်

News

ကံကောင်းလို့ဘဲရခဲ့ပေမဲ့ ကံဆိုးချင်တော့ သူများနဲ့မျှဝေရပါတယ်။ ကံကောင်းချင်လာပြန်တော့ သုံးယောက်က နားလည်မှုရှိရှိ အတူတူဆုံကြပြီး၊ ခရီးသွားဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ဘီကာကင်း၊ အဘီရောဘတ်နဲ့ မော်ဂန်တဘော်ဆိုတဲ့ မိန်းကလေး သုံးယောက်ကြားမှာ အတူတူဖြစ်ခဲ့တာပါ။

သုံးယောက်လုံးက ဘဲတပွေတည်းနဲ့ ဒိတ်လုပ်နေခဲ့ပါတယ်။ မြန်မာကားထဲကလို ဘဲရဲ့မသင်္ကာဖွယ်အမူအရာတွေနောက် လိုက်စုံစမ်းရင်း သုံးယောက်လုံးက သူတို့အပြင် နောက်ထပ်ရှိနေတာကိုသိခဲ့ပါတယ်။ အပြင်မှာ သုံးယောက်တွေ့ချိန်မှာတော့ ရှင်းကြပါပြီ။

ဒါပေမဲ့ ဇာတ်ကားထဲကလို ဆံပင်ဆွဲပြီး ရင်ထု လင်လုတာမျိုးမလုပ်ပါဘူး။ အဲဒီအစား သုံးယောက်တပြိုင်တည်းတွဲချင်တဲ့ ငနဲသားကိုပဲ ပလစ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့သုံးယောက်က အသိတွေဖြစ်နေပြီလို့ ငနဲကိုပြောလိုက်ချိန်မှာ ငနဲလည်းရှက်ရှက်နဲ့လစ်သွားပါတယ်။

ထူးဆန်းတဲ့တိုက်ဆိုင်မှုနဲ့ ကြုံတွေ့လာတဲ့ သူငယ်ချင်းသံယောဇဉ်ဖြစ်တဲ့အတွက် သုံးယောက်သား အစီအစဉ်တခုချခဲ့ပါတယ်။ ဘတ်စ်ကားအိမ်တခုလုပ်ပြီး၊ ကမ္ဘာပတ်ခရီးထွက်ဖို့ပါ။ အနောက်နိုင်ငံတွေမှာတော့ သိပ်မထူးဆန်းတဲ့ ခရီးထွက်ပုံမျိုးပါပဲ။

အရင်ဆုံးကျောင်းကားသုံးတဲ့ ဘတ်စ်အဟောင်းတစီးကို ရှာဝယ်လိုက်ပြီး၊ ပြန်ပြင်ဆင်ပါတယ်။ ရှုရှောင်တွေပြင်လိုက်ချိန်မှာ ကားလေးက လုံးဝကိုနေချင်စရာအိမ်တလုံးဖြစ်လာခဲ့ပြီး၊ သုံးယောက်သား ကားပေါ်ကဘဝကို ဖန်တီးပါတော့တယ်။

သူတို့သုံးယောက်အခုလိုမျိုး စည်းလုံးသွားခဲ့တာက သုံးယောက်လုံးက သူတို့ရည်းစားကို ဘဝလက်တွဲမယ်ဆုံးဖြတ်ခဲ့လို့ပါ။ ငနဲသားကလည်း အချုပ်ကောင်းတဲ့အတွက် သုံးယောက်လုံးကိုတပြိုင်တည်းတွဲနိုင်ခဲ့တာကို သိသွားချိန် မိန်းကလေးသုံးယောက်လုံး စိတ်ထိခိုက်သွားခဲ့ပါတယ်။

ဒါကြောင့်အခုလိုမျိုး ခရီးသွားဖော် ရောင်ရင်းတွေဖြစ်လာတဲ့အထိ ကမတွေဟာ စည်းလုံးသွားခဲ့တာပါ။ ဘော်ဒါတွေလည်း အခုလိုအဖြစ်အပျက်တွေကြုံလာခဲ့ရင် ရန်ဖြစ်မယ့်အစား ခရီးသွားဖို့စဉ်းစားတာက သူငယ်ချင်းလည်းရ၊ ခရီးလည်းသွားရပြီး၊ ရင်ထုစရာမလိုတော့ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

Ref : Bored Panda

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply