သုံးဘီးဆိုင်ကယ်မောင်းရင်း နောက်ဆုံး ဘွဲ့ယူကာ အသက် ၆၄နှစ်အရွယ်မှာ ရာသက်ပန်အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အဘိုးတစ်ဦး

News Social News

သုံးဘီးဆိုင်ကယ်မောင်းရင်း နောက်ဆုံး ဘွဲ့ယူကာ အသက် ၆၄နှစ်အရွယ်မှာ ရာသက်ပန်အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အဘိုးတစ်ဦး

Generito Yosores အမည်ရှိအဘိုးတစ်ဦးဟာ အသက် ၆၄ နှစ်ရှိ သုံးဘီးဆိုင်ကယ်မောင်းသူဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ပြည်နယ်မှာနေထိုင်တဲ့သူက ဒီပလိုမာဘွဲ့ရရှိရန် ဘယ်အရာကမှ သူ့အား မဟန့်တားနိုင်မည်မဟုတ်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

နေ့ရောညပါ အလုပ်လုပ်ရင်း နှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ပြီးနောက် Generito ဟာ Western Mindanao State University တက္ကသိုလ်မှ အဝေးသင်ဘွဲ့ဒီဂရီတစ်ခုကို အရယူနိုင်ခဲ့ပါတယ်။ စိတ်အားထက်သန်သူ Generito ရဲ့အဆိုအရ သူဟာ သူ့ရဲ့ စီနီယာနိုင်ငံသားလစဉ်ထောက်ပံ့ကြေးငွေ P500 (အမေရိကန်ဒေါ်လာ ၉.၆၅)နှင့် သုံးဘီးဆိုင်ကယ်မောင်းရင်းမှရရှိတဲ့ဝင်ငွေတို့ကို သူ၏လေ့လာမှုအတွက်သုံးစွဲခဲ့ပါတယ်။ ဘွဲ့ရရန်ကြိုးစားတဲ့လမ်းခရီးတစ်လျှောက်မှာ နေ့ဘက်တွင်အလုပ်လုပ်ပြီးညဘက်မှာကျ အတန်းတက်ရသည့် Generito အတွက် မလွယ်ကူခဲ့ရပါဘူး။

ထို့နောက် သူ၏ကြိုးစားမှုနှင့်ဇွဲရှိမှုတို့ကြောင့် Generito ဟာ အင်္ဂလိပ်စာမေဂျာအလယ်တန်းပညာရေးဆရာဘွဲ့ဖြင့် ဘွဲ့ယူနိုင်ခဲ့ပါတယ်။ သူ၏အောင်မြင်မှုဟာ သူ့ပတ်ဝန်းကျင်မှလူတွေကို လှုံ့ဆော်ပေးရုံသာမက တက္ကသိုလ်ရှိကျောင်းသားများထံမှလည်း ချီးမွမ်းခြင်းများကို ရရှိခဲ့ပါတယ်။

WMSU-Molave ကျောင်းဝင်းရှိ အဝေးသင်လေ့လာရေးဌာနညှိနှိုင်းရေးမှူး Dr. Regina Menioria ကလည်း သူ့အား ဝီရိယရှိပြီးကောင်းမွန်သောကျောင်းသားတစ်ယောက်ဟု ဖော်ပြခဲ့ပါသေးတယ်။Generito ၏ဇာတ်လမ်းဟာ Bayan Patroller Jonah Lou Revilla အမည်ရှိလတစ်ဦးမှ မျှဝေပေးခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ်တွင် လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံတွင် ဘွဲ့လက်မှတ်ကိုင်ပြီး စင်မြင့်ပေါ်တွင်မတ်တပ်ရပ်နေစဉ် ကိုယ့်ကိုကိုယ်ဂုဏ်ယူဝမ်းမြောက်ခြင်းဖြင့် တောက်ပနေခဲ့တဲ့ Generito အား တွေ့မြင်နိုင်သလို ညီမဖြစ်သူနှင့်အတူ ဓာတ်ပုံတွဲရိုက်ကာ ပြုံးပျော်နေတဲ့ဓာတ်ပုံများကို မြင်နိုင်ပါတယ်။ထို့အပြင် လူများစွာက အသက် ၆၄ နှစ်ရှိသူ၏အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ချီးကျူးခဲ့ကြပါတယ်။ သို့သော် အချို့ကလည်း သူ့ရဲ့အောင်မြင်မှုကို သံသယဝင်ကာ ၎င်းရဲ့ဘွဲ့ဟာ သူ့အသက်အရွယ်အတွက် အသုံးမဝင်ကြောင်း ဆိုခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူဟာ ဘွဲ့ရပြီးနောက် ဆရာဖြစ်လာဖို့က သူ့အစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုမဟုတ်ခဲ့ပါဘူး။

Generito ဟာ ငယ်စဉ်ကဆင်းရဲနွမ်းပါးမှုကြောင့် တက္ကသိုလ်တက်ရန်အခွင့်အလမ်းမရခဲ့တာကြောင့် သူ့ဘဝတစ်လျှောက်လုံးမှာ သူ့ရဲ့အိပမ်မက်များကိုဖြည့်ဆည်းရန် ကြိုးစားနေခဲ့ခြင်းသတ်သတ်ပါဘဲ။ လက်ထဲရှိဘွဲ့လက်မှတ်နှင့်အတူ Generito ဟာ သူ့ရဲ့အိမ်မက်တစ်ခုကို နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာစေခဲ့ပါတယ်။ ဒါဟာ ဘယ်လောက်တောင်အတုယူချင်စရာကောင်းလိုက်မလဲဗျာ။

Zawgyi

သုံးဘီးဆိုင္ကယ္ေမာင္းရင္း ေနာက္ဆုံး ဘြဲ႕ယူကာ အသက္ ၆၄ႏွစ္အ႐ြယ္မွာ ရာသက္ပန္အိမ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တဲ့ အဘိုးတစ္ဦး

Generito Yosores အမည္ရွိအဘိုးတစ္ဦးဟာ အသက္ ၆၄ ႏွစ္ရွိ သုံးဘီးဆိုင္ကယ္ေမာင္းသူျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ ဖိလစ္ပိုင္ႏိုင္ငံ Zamboanga del Sur ျပည္နယ္မွာေနထိုင္တဲ့သူက ဒီပလိုမာဘြဲ႕ရရွိရန္ ဘယ္အရာကမွ သူ႔အား မဟန႔္တားႏိုင္မည္မဟုတ္ေၾကာင္းကို သက္ေသျပႏိုင္ခဲ့ပါတယ္။

ေန႔ေရာညပါ အလုပ္လုပ္ရင္း ႏွစ္ေပါင္းမ်ားစြာႀကိဳးစားအားထုတ္ခဲ့ၿပီးေနာက္ Generito ဟာ Western Mindanao State University တကၠသိုလ္မွ အေဝးသင္ဘြဲ႕ဒီဂရီတစ္ခုကို အရယူႏိုင္ခဲ့ပါတယ္။ စိတ္အားထက္သန္သူ Generito ရဲ႕အဆိုအရ သူဟာ သူ႔ရဲ႕ စီနီယာႏိုင္ငံသားလစဥ္ေထာက္ပံ့ေၾကးေငြ P500 (အေမရိကန္ေဒၚလာ ၉.၆၅)ႏွင့္ သုံးဘီးဆိုင္ကယ္ေမာင္းရင္းမွရရွိတဲ့ဝင္ေငြတို႔ကို သူ၏ေလ့လာမႈအတြက္သုံးစြဲခဲ့ပါတယ္။ ဘြဲ႕ရရန္ႀကိဳးစားတဲ့လမ္းခရီးတစ္ေလွ်ာက္မွာ ေန႔ဘက္တြင္အလုပ္လုပ္ၿပီးညဘက္မွာက် အတန္းတက္ရသည့္ Generito အတြက္ မလြယ္ကူခဲ့ရပါဘူး။

ထို႔ေနာက္ သူ၏ႀကိဳးစားမႈႏွင့္ဇြဲရွိမႈတို႔ေၾကာင့္ Generito ဟာ အဂၤလိပ္စာေမဂ်ာအလယ္တန္းပညာေရးဆရာဘြဲ႕ျဖင့္ ဘြဲ႕ယူႏိုင္ခဲ့ပါတယ္။ သူ၏ေအာင္ျမင္မႈဟာ သူ႔ပတ္ဝန္းက်င္မွလူေတြကို လႈံ႕ေဆာ္ေပး႐ုံသာမက တကၠသိုလ္ရွိေက်ာင္းသားမ်ားထံမွလည္း ခ်ီးမြမ္းျခင္းမ်ားကို ရရွိခဲ့ပါတယ္။

WMSU-Molave ေက်ာင္းဝင္းရွိ အေဝးသင္ေလ့လာေရးဌာနညႇိႏႈိင္းေရးမႉး Dr. Regina Menioria ကလည္း သူ႔အား ဝီရိယရွိၿပီးေကာင္းမြန္ေသာေက်ာင္းသားတစ္ေယာက္ဟု ေဖာ္ျပခဲ့ပါေသးတယ္။Generito ၏ဇာတ္လမ္းဟာ Bayan Patroller Jonah Lou Revilla အမည္ရွိလတစ္ဦးမွ မွ်ေဝေပးခဲ့ၿပီးေနာက္ လူမႈကြန္ယက္ေပၚတြင္ လ်င္ျမန္စြာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။

ဓာတ္ပုံတစ္ပုံတြင္ ဘြဲ႕လက္မွတ္ကိုင္ၿပီး စင္ျမင့္ေပၚတြင္မတ္တပ္ရပ္ေနစဥ္ ကိုယ့္ကိုကိုယ္ဂုဏ္ယူဝမ္းေျမာက္ျခင္းျဖင့္ ေတာက္ပေနခဲ့တဲ့ Generito အား ေတြ႕ျမင္ႏိုင္သလို ညီမျဖစ္သူႏွင့္အတူ ဓာတ္ပုံတြဲ႐ိုက္ကာ ၿပဳံးေပ်ာ္ေနတဲ့ဓာတ္ပုံမ်ားကို ျမင္ႏိုင္ပါတယ္။ထို႔အျပင္ လူမ်ားစြာက အသက္ ၆၄ ႏွစ္ရွိသူ၏အိပ္မက္ကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးခဲ့ၾကပါတယ္။ သို႔ေသာ္ အခ်ိဳ႕ကလည္း သူ႔ရဲ႕ေအာင္ျမင္မႈကို သံသယဝင္ကာ ၎ရဲ႕ဘြဲ႕ဟာ သူ႔အသက္အ႐ြယ္အတြက္ အသုံးမဝင္ေၾကာင္း ဆိုခဲ့ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ သူဟာ ဘြဲ႕ရၿပီးေနာက္ ဆရာျဖစ္လာဖို႔က သူ႔အစီအစဥ္ရဲ႕အစိတ္အပိုင္းတစ္ခုမဟုတ္ခဲ့ပါဘူး။

Generito ဟာ ငယ္စဥ္ကဆင္းရဲႏြမ္းပါးမႈေၾကာင့္ တကၠသိုလ္တက္ရန္အခြင့္အလမ္းမရခဲ့တာေၾကာင့္ သူ႔ဘဝတစ္ေလွ်ာက္လုံးမွာ သူ႔ရဲ႕အိပမ္မက္မ်ားကိုျဖည့္ဆည္းရန္ ႀကိဳးစားေနခဲ့ျခင္းသတ္သတ္ပါဘဲ။ လက္ထဲရွိဘြဲ႕လက္မွတ္ႏွင့္အတူ Generito ဟာ သူ႔ရဲ႕အိမ္မက္တစ္ခုကို ေနာက္ဆုံးတြင္ အမွန္တကယ္ျဖစ္လာေစခဲ့ပါတယ္။ ဒါဟာ ဘယ္ေလာက္ေတာင္အတုယူခ်င္စရာေကာင္းလိုက္မလဲဗ်ာ။

Crd