
အေမရိကန္မွာ ဓါတ္ခြဲခန္းကေန ၾကက္သားေတြ ထုတ္လုပ္ေန
သိပ္မေဝးေတာ့တဲ့ ကာလမွာ ၾကက္ေတြကို မသတ္ဘဲ ၾကက္သား စားလို႔ရလာေတာ့မွာပါ။ အေမရိကန္ ကုမၸဏီ ၁ ခုက ဓါတ္ခြဲခန္းကေန ၾကက္သားေတြ ထုတ္လုပ္ေနပါတယ္။ ၾကက္ ၁ ေကာင္မွ မေမြးဘဲ ဓါတ္ခြဲခန္းကေန ၾကက္သားေတြ ထုတ္လုပ္ေနတာပါ။
ေမြးျမဴထားတဲ့ အသားဆိုတာက တိရိစာၦန္ေတြရဲ႕ ဆဲလ္ေတြနဲ႔ ဓါတ္ခြဲခန္းမွာ ထုတ္လုပ္ထားတာပါ။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးဌာန (FDA) က Upside Foods က ထုတ္လုပ္တဲ့ ဒီအသားေတြကို လူေတြ စားဖို႔ ေဘးကင္းတယ္လို႔ အသိအမွတ္ျပဳခဲ့ပါတယ္။
ဒီအသားေတြကို ဒီႏွစ္ထဲမွာပဲ စားေသာက္ဆိုင္ေတြမွာ ရလာႏိုင္ၿပီး ၂၀၂၈ ခုႏွစ္ အေရာက္မွာ ဆိုင္ေတြမွာ ဝယ္လို႔ ရလာႏိုင္ပါတယ္။ ဓါတ္ခြဲခန္းက ထုတ္တဲ့ အသားေတြကို FDA က ခြင့္ျပဳလိုက္တာ ဒါဟာ ပထမဆုံး ျဖစ္ပါတယ္။
ဓါတ္ခြဲခန္းက ထုတ္လုပ္တဲ့ ၾကက္သား အရသာဟာ တကယ့္ ၾကက္သား အရသာနဲ႔ တူညီပါတယ္။ Upside Foods ဟာ ဒီနယ္ပယ္မွာ စြန႔္ဦးတီထြင္တဲ့ ကုမၸဏီ ျဖစ္လာပါတယ္။ ဓါတ္ခြဲခန္းထုတ္ ၾကက္သားေတြကို လူေတြ အစားမ်ားလာဖို႔ ဒီထက္ပိုၿပီး မ်ားမ်ားထုတ္လုပ္ဖို႔ လိုအပ္သလို ေဈးကလည္း ခ်ိဳသာဖို႔ လိုမွာပါ။
Ref : bbc
Unicode
အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ
သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မသတ်ဘဲ ကြက်သား စားလို့ရလာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ ၁ ခုက ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေပါတယ်။ ကြက် ၁ ကောင်မှ မမွေးဘဲ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေတာပါ။
မွေးမြူထားတဲ့ အသားဆိုတာက တိရိစ္ဆာန်တွေရဲ့ ဆဲလ်တွေနဲ့ ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာန (FDA) က Upside Foods က ထုတ်လုပ်တဲ့ ဒီအသားတွေကို လူတွေ စားဖို့ ဘေးကင်းတယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။
ဒီအသားတွေကို ဒီနှစ်ထဲမှာပဲ စားသောက်ဆိုင်တွေမှာ ရလာနိုင်ပြီး ၂၀၂၈ ခုနှစ် အရောက်မှာ ဆိုင်တွေမှာ ဝယ်လို့ ရလာနိုင်ပါတယ်။ ဓါတ်ခွဲခန်းက ထုတ်တဲ့ အသားတွေကို FDA က ခွင့်ပြုလိုက်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။
ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သား အရသာဟာ တကယ့် ကြက်သား အရသာနဲ့ တူညီပါတယ်။ Upside Foods ဟာ ဒီနယ်ပယ်မှာ စွန့်ဦးတီထွင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ဓါတ်ခွဲခန်းထုတ် ကြက်သားတွေကို လူတွေ အစားများလာဖို့ ဒီထက်ပိုပြီး များများထုတ်လုပ်ဖို့ လိုအပ်သလို ဈေးကလည်း ချိုသာဖို့ လိုမှာပါ။
Ref : bbc
Crd