■သိပ္ပံပညာရှင်တွေအတွက် နားလည်ရခက်နေသော အဲရာဂက်ဟ်တောင်

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သိပ္ပံပညာရှင်တွေအတွက် နားလည်ရခက်နေသော အဲရာဂက်ဟ်တောင်

အခြားသော သဘာဝလွန်ဖြစ်ရပ်ဖြစ်ပျက်တဲ့ နေရာကတော့ အာမေးနီးယား အနောက်ပိုင်း အဲရာဂတ်စ်တောင်နားမှာရှိပြီး တူရကီနိုင်ငံနှင့် ၃၀ ကီလိုမီတာသာဝေးပါတယ်။ စိတ်ဝင်စားကြတဲ့ထောင်ပေါင်းများစွာသော ခရီးသွားတွေဟာ ကမ္ဘာအနှံကနေ ဒီလို ထူးဆန်းတဲ့ဖြစ်ရပ်ကိုလေ့လာဖို့လာရောက်ကြတာပါ။

သူတို့အားလုံးဟာ တောင်ခြေမှာ ရပ်ကြပြီး သူတို့ရဲ့ ကားတွေဟာ အင်ဂျင်စက်မနှိုးထားပဲ အပေါ်တက်သွားတာကို ကြည့်ကြပါတယ်။ ထပ်ပြီးဘာထူးဆန်းသေးလဲဆိုတော့ ဒီနေရာမှာရှိတဲ့မြစ်ထဲက ရေဟာ အောက်ကနေ အပေါ်ကိုပြောင်းပြန်စီးဆင်းနေတာပါ။

ပရိသတ်ကြီးကတော့ ဒါဟာ ထူးဆန်းတဲ့နေရာဖြစ်တယ်ဆိုတာကို ဝန်ခံရမှာပါ။ စကားမစပ် ခြေလျင်လျှောက်တဲ့ သူတွေအားလုံးဟာ အောက်ကိုဆင်းဖို့ထက် အပေါ်တက်ရတာလွယ်တယ်လို့ဆိုပါတယ်။

အံ့သြစွာဖြင့် ပုံမှန်မြေဆွဲအားဟာ ဒီလိုထူးဆန်းတဲ့နယ်မြေမျိုးမှာ အကြောင်းအရာတစ်ခုကြောင့် အလုပ်မလုပ်တာဖြစ်ပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေအတွက် နားလည်ရဖို့ခက်နေတုန်းပါပဲ။
ref:youtube
trans:thegeektext

zawgyi






ref:youtube
trans:thegeektext