သားသမီးတွေကို အားကိုးပြီးနေထိုင်လိုခြင်းမရှိတာကြောင့် မြစ်ထဲမှ ရေသန့်ဗူးတွေကို ဆယ်ယူကာ ကြိုးစားရုန်းကန်ပြီးအသက်ရှင်နေကြသည့် ဘဝတွင် တစ်ခါမှရန်ဖြစ်ဖူးခြင်းမရှိသည့် အဖိုးနှင့်အဖွား

ဗီယက်နမ်နိုင်ငံ Dong Naiတွင်နေထိုင်ကြသော အသက်၈၇နှစ်အရွယ် Mr.Dang Van Ngoနှင့်Ms.Vo Thi Samအသက်၈၃နှစ်အရွယ်အဖွားတို့စုံတွဲနှစ်ဦး၏ ဘဝအကြောင်းကို သိလိုက်ရသော အလွန်အံ့သြမိခဲ့ရပါတယ်။

အဖိုးနှင့်အဖွားတို့ဟာ လက်မထပ်ခင်က တစ်ခါမှဆုံတွေ့ခဲ့ဖူးခြင်းမရှိဘဲ နှစ်ဖက်မိဘအသိုင်းအဝိုင်းများ၏ ပေးစားမှုကြောင့် လက်ထပ်ယူခဲ့ကြတာဖြစ်ပါတယ်။နှစ်ယောက်သားသည် အပြန်အလှန်နားလည်မှုတို့ဖြင့် ဘဝတွစ်တစ်ခါမှ စိတ်ဆိုးစိတ်ကောက်ခြင်းမရှိဘဲ ပျော်ရွင်စွာနေထိုင်ခဲ့ကြပါတယ်။

အသက်အရွယ်ရလာချိန်တွင်လည်း သားသမီးတို့ကို ဒုက္ခမပေးချင်တာကြောင့် ကိုယ်တိုင်ရပ်တည်နေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ထို့ကြောင့် မြစ်ထဲမှ ရေသန့်ဗူးခွံလေးတွေကို နှစ်ဦးသားကြိုးစားဆယ်ယူပြီး ဝင်ငွေလေးတွေရှာဖွေနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd