သားဖြစ်သူမှာ မုန့်ဖိုးခနခနတောင်းနေ၍ တစ်ခုခုဖြစ်မည်ကို စိုးရိမ်ပြီး နောက်ကလိုက်ချောင်းခဲ့ရာ အမှန်တရားကို သိရှိပြီးနောက် မျက်ရည်ကျခဲ့ရသော ဖခင်

News Social News

သားဖြစ်သူမှာ မုန့်ဖိုးခနခနတောင်းနေ၍ တစ်ခုခုဖြစ်မည်ကို စိုးရိမ်ပြီး နောက်ကလိုက်ချောင်းခဲ့ရာ အမှန်တရားကို သိရှိပြီးနောက် မျက်ရည်ကျခဲ့ရသော ဖခင်

တရုတ်နိုင်ငံမှ Wangအမည်ရှိသော ဖခင်တစ်ဦးသည် Vuongအမည်ရှိ မူလတန်းကျောင်းတက်ရောက်နေသည့် သားငယ်လေးတစ်ယောက်ရှိခဲ့သည်။

သားငယ်လေးသည် ကျေးဇူးသိတတ်ပြီး မိဘစကားနားထောင်ကာ လိမ်မာယဥ်ကျေးသော ကလေးလေးတစ်ယောက်ဖြစ်ပြီး အတန်းထဲတွင်လည်း အမြဲအဆင့် ၁ရရှိကာ စာတော်၍ ဆရာဆရာမများဧ။် အချစ်ကိုခံရပြီး ချီးကျူးခြင်းများစွာ ခံခဲ့ရသည်။

တစ်နေ့တွင် ကောင်လေးသည် အရင်လိုမျိုး လန်းဆန်းတက်ကြွမနေတော့ပဲ ဝမ်းနည်းသည့်ပုံရိပ်လေးဖြစ်နေကာ တစ်ခါတစ်လေ အခန်းပိတ်ထားပြီး ငိုနေတတ်သည်။ထို့အပြင် ကောင်လေးသည် ဖခင်ဖြစ်သူဆီမှ မနက်ကျောင်းသွားရင်တစ်ခါ ကျောင်းပြန်လာရင်တစ်ခါ မုန့်ဖိုးခနခနတောင်းလာခဲ့တော့သည်

ဖခင်ဖြစ်သူကသူတို့သားလေး ထူးဆန်းနေသည်ကို သတိထားမိပြီး ကျောင်းသွားသည့်အခါ နောက်ကနေအသာလေး လိုက်ချောင်းခဲ့စဥ် ကောင်လေးသည် ကျောင်းကိုတန်းမသွားပဲ စတိုးဆိုင်တစ်ခုထဲသို့ဝင်ပြီး မုန့်ထုပ်များဝယ်ကာ ပြန်ထွက်လာခဲ့သည်။

ထို့နောက် ဘတ်စ်ကား ငှားစီးပြီး တစ်နေရာသို့သွားရောက်ခဲ့စဥ် အိမ်တစ်အိမ်ရှေ့တွင် တံခါးခေါက်လိုက်ခြင်းဖြင့် အပေါက်ဖွင့်ပေးသည်နှင့် ဖခင်ဖြစ်သူမှာ သားလေးကိုအနိုင်ကျင့်နေတယ်ထင်ပြီး ဒေါသထွက်သွားကာ အိမ်ထဲသို့ ဝင်ကြည့်ခဲ့သည်။

ထိုအချိန်မှ နေမကောင်း၍ အိပ်ရာထဲတွင်လှဲနေသော သားဖြစ်သူဧ။် သူငယ်ချင်းကိုတွေ့ခဲ့ရစဥ် သားဖြစ်သူဧ။် မွန်မြတ်သော လုပ်ရပ်ကြောင့် စိတ်မဆိုးတော့ပဲ မျက်ရည်ပါကျခဲ့ရပြီး ချီးမွမ်းစကားဆိုခဲ့သည်။

Zawgyi








Crd