သားဖြစ်သူမှာ ကျောင်းတွင် အမှတ်အများဆုံးနဲ့ ၁၀တန်းစာမေးပွဲကို အောင်မြင်ခဲ့လို့ဆိုပြီး ဆုချသည့်အနေနှင့် ကျွဲတစ်ကောင်ကို ဝယ်ယူကာ လက်ဆောင်အဖြစ်ပေးခဲ့သော မိခင်တစ်ဦး

News Social News






Zawgyi

သားဖြစ်သူမှာ ကျောင်းတွင် အမှတ်အများဆုံးနဲ့ ၁၀တန်းစာမေးပွဲကို အောင်မြင်ခဲ့လို့ဆိုပြီး ဆုချသည့်အနေနှင့် ကျွဲတစ်ကောင်ကို ဝယ်ယူကာ လက်ဆောင်အဖြစ်ပေးခဲ့သော မိခင်တစ်ဦး

တရုတ်နိုင်ငံ Guangdongပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သော မိခင်တစ်ဦးသည် ထူးခြားစွာဖြင့် သားဖြစ်သူတက်ရောက်နေသော ကျောင်းထိသွားပြီး ကျွဲထီးတစ်ကောင်ကို လက်ဆောင်ပေးခဲ့သည့်အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် နာမည်ကြီးသွားခဲ့သည်။

သားဖြစ်သူသည် တစ်ကျောင်းလုံးတွင် အမှတ်အများဆုံးရပြီး မကြာခင်တက္ကသိုလ်သို့ တက်ရောက်ရတော့မည့်အတွက် ထူးချွန်ထက်မြက်သော သားလေးကို မိခင်ဖြစ်သူမှ ဂုဏ်ပြုသောအားဖြင့် ကျွဲတစ်ကောင်ကို ဝယ်ယူပြီး ပေးအပ်ခဲ့သည်။

ထိုသို့ ကျောင်းဝန်းထဲတွင် ကျွဲကြီးတစ်ကောင်အား ဆွဲလာခြင်းဖြင့် အခြားသောကျောင်းသားလေးများမှ အံ့သြခြင်းတွေနှင့်အတူ အနားသို့ ဝိုင်းအုံလာကာ ဓာတ်ပုံလေးတွေရိုက်ခဲ့ကြသည်။

ထိုအဖြစ်ကို မြင်တွေ့သော အချို့မှာ မိခင်ဖြစ်သူကို သားလေးအတွက် ကျွဲတစ်ကောင်အစား အခြားသော လက်ဆောင်ကောင်းများပေးသင့်သည်ဟု ပြောဆိုဝေဖန်ခဲ့ကြသည်။

Crd