သာေကာတို႔ မထိန္းခ်ဳပ္ႏိုင္တဲ့ အာကာသဒုံးပ်ံႀကီး ကမာၻေျမေပၚကို က်ေရာက္လာေတာ့မည္ဟု ထုတ္ျပန္ ( ထုံးစံအတိုင္း ျမန္မာႏိုင္ငံေပၚပဲ က်အုံးမွာလား )

News Social News

သာေကာတို႔ မထိန္းခ်ဳပ္ႏိုင္တဲ့ အာကာသဒုံးပ်ံႀကီး ကမာၻေျမေပၚကို က်ေရာက္လာေတာ့မည္ဟု ထုတ္ျပန္ ( ထုံးစံအတိုင္း ျမန္မာႏိုင္ငံေပၚပဲ က်အုံးမွာလား )

တ႐ုတ္ႏိုင္ငံက ယင္း၏ အာကာသစခန္းသို႔ ဓာတ္ခြဲခန္းေမာ္ဂ်ဴးအသစ္တခုကို ပို႔ေဆာင္ေပးခဲ့ရာတြင္ အသုံးျပဳခဲ့သည့္ ဒုံးပ်ံသည္ လာမည့္သီတင္းပတ္အေစာပိုင္းတြင္ ကမာၻေျမေပၚသို႔ က်ေရာက္ႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္အာကာသကြပ္ကဲမႈအဖြဲ႕၏ ေျပာၾကားလိုက္ပါတယ္။ ၂၃ တန္ အေလးခ်ိန္ရွိ Long March 5B ဒုံးပ်ံသည္

အာကာသစခန္းအတြက္ဓာတ္ခြဲခန္းေမာ္ဂ်ဴးကို သယ္ေဆာင္ကာ တ႐ုတ္၊ ဟိုင္နန္ကြၽန္းမွ ၿပီးခဲ့သည့္ဇူလိုင္၂၄ ရက္မွာ ထြက္ခြာသြားခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါ ေမာ္ဂ်ဴးသည္ စခန္း၏ ပတ္လမ္းႏွင့္ ေအာင္ျမင္စြာဆိုက္ကပ္ခဲ့ေသာ္လည္း ဒုံးပ်ံသည္ မထိန္းခ်ဳပ္ႏိုင္ဘဲ ကမာၻ႔ေလထုဆီသို႔ ဆင္းသက္လာေနကာ မည္သည့္ေနရာသို႔ က်ေရာက္မည္ကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ သိရပါယ္။ “တန္ခ်ိန္၂၀ ေက်ာ္ေလးတဲ့ သတၱဳပစၥည္းတခုပါ။ ေလထုထဲေရာက္ရင္ ကြဲသြားမွာျဖစ္ေပမယ့္ အမ်ားအျပား

အပိုင္းအစေတြလိုပါပဲ” ဟု British Columbia တကၠသိုလ္မွ ပါေမာကၡ Michael Byers ကေျပာၾကားခဲ့ပါတယ္။ ဒုံးပ်ံ၏ ႀကီးမားေသာ အစိတ္အပိုင္းမ်ားသည္ လူေနထိုင္ရာေဒသမ်ားတြင္ ဆင္းသက္ပါက ပ်က္စီးမႈမ်ား ျဖစ္ႏိုင္သည္ဟု Byers က ဆက္လက္ရွင္းျပပါတယ္။ အေမရိကန္ အာကာသကြပ္ကဲမႈအဖြဲ႕ ကလည္း တ႐ုတ္ဒုံးပ်ံ

ကမာၻေျမေပၚ ျပန္က်သည္ကို ေျခရာခံမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒုံးပ်ံဝင္ေရာက္မည့္ေနရာကို အတိအက်မသိႏိုင္ပဲ လာမည့္ ၾသဂုတ္ ၁ရက္ဝန္းက်င္တြင္ ကမာၻ႔ေလထုထဲသို႔ ျပန္လည္ဝင္ေရာက္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ကလည္း တန္ခ်ိန္ ၂၀ နီးပါးအေလးခ်ိန္ရွိ တ႐ုတ္ဒုံးပ်ံတစင္းဟာ အထိန္းအကြပ္မဲ့စြာ ကမာၻေလထုထဲသို႔

ျပန္လည္ဝင္ေရာက္ခဲ့ဖူးပါတယ္။ ယင္းဒုံးပ်ံသည္ အတၱလႏၲိတ္သမုဒၵရာထဲသို႔ မက်ေရာက္မီ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ႏွင့္ Central Park ေပၚမွျဖတ္သန္းခဲ့သြားျခင္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာ အာကာသယာဥ္လႊတ္တင္မႈ စည္းမ်ဥ္းမ်ားကို လိုက္နာျခင္း မရွိဘဲ ဒုံးပ်ံ လႊတ္တင္ေလ့ ရွိၿပီး ျမန္မာႏိုင္ငံကဲ့သို အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ နယ္နိမိတ္ထဲသို႔ ဒုံးပ်ံ အစိတ္အပိုင္းမ်ား မၾကာခဏ က်ေရာက္ေပါက္ကြဲေလ့ ရွိပါတယ္။

crd-

ယူနီကုတ္

သာကောတို့ မထိန်းချုပ်နိုင်တဲ့ အာကာသဒုံးပျံကြီး ကမ္ဘာမြေပေါ်ကို ကျရောက်လာတော့မည်ဟု ထုတ်ပြန် ( ထုံးစံအတိုင်း မြန်မာနိုင်ငံပေါ်ပဲ ကျအုံးမှာလား )

တရုတ်နိုင်ငံက ယင်း၏ အာကာသစခန်းသို့ ဓာတ်ခွဲခန်းမော်ဂျူးအသစ်တခုကို ပို့ဆောင်ပေးခဲ့ရာတွင် အသုံးပြုခဲ့သည့် ဒုံးပျံသည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အာကာသကွပ်ကဲမှုအဖွဲ့၏ ပြောကြားလိုက်ပါတယ်။ ၂၃ တန် အလေးချိန်ရှိ Long March 5B ဒုံးပျံသည်

အာကာသစခန်းအတွက်ဓာတ်ခွဲခန်းမော်ဂျူးကို သယ်ဆောင်ကာ တရုတ်၊ ဟိုင်နန်ကျွန်းမှ ပြီးခဲ့သည့်ဇူလိုင်၂၄ ရက်မှာ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ မော်ဂျူးသည် စခန်း၏ ပတ်လမ်းနှင့် အောင်မြင်စွာဆိုက်ကပ်ခဲ့သော်လည်း ဒုံးပျံသည် မထိန်းချုပ်နိုင်ဘဲ ကမ္ဘာ့လေထုဆီသို့ ဆင်းသက်လာနေကာ မည်သည့်နေရာသို့ ကျရောက်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သိရပါယ်။ “တန်ချိန်၂၀ ကျော်လေးတဲ့ သတ္တုပစ္စည်းတခုပါ။ လေထုထဲရောက်ရင် ကွဲသွားမှာဖြစ်ပေမယ့် အများအပြား

အပိုင်းအစတွေလိုပါပဲ” ဟု British Columbia တက္ကသိုလ်မှ ပါမောက္ခ Michael Byers ကပြောကြားခဲ့ပါတယ်။ ဒုံးပျံ၏ ကြီးမားသော အစိတ်အပိုင်းများသည် လူနေထိုင်ရာဒေသများတွင် ဆင်းသက်ပါက ပျက်စီးမှုများ ဖြစ်နိုင်သည်ဟု Byers က ဆက်လက်ရှင်းပြပါတယ်။ အမေရိကန် အာကာသကွပ်ကဲမှုအဖွဲ့ ကလည်း တရုတ်ဒုံးပျံ

ကမ္ဘာမြေပေါ် ပြန်ကျသည်ကို ခြေရာခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒုံးပျံဝင်ရောက်မည့်နေရာကို အတိအကျမသိနိုင်ပဲ လာမည့် သြဂုတ် ၁ရက်ဝန်းကျင်တွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း တန်ချိန် ၂၀ နီးပါးအလေးချိန်ရှိ တရုတ်ဒုံးပျံတစင်းဟာ အထိန်းအကွပ်မဲ့စွာ ကမ္ဘာလေထုထဲသို့

ပြန်လည်ဝင်ရောက်ခဲ့ဖူးပါတယ်။ ယင်းဒုံးပျံသည် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ မကျရောက်မီ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့နှင့် Central Park ပေါ်မှဖြတ်သန်းခဲ့သွားခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အာကာသယာဉ်လွှတ်တင်မှု စည်းမျဉ်းများကို လိုက်နာခြင်း မရှိဘဲ ဒုံးပျံ လွှတ်တင်လေ့ ရှိပြီး မြန်မာနိုင်ငံကဲ့သို အိမ်နီးချင်းနိုင်ငံများရဲ့ နယ်နိမိတ်ထဲသို့ ဒုံးပျံ အစိတ်အပိုင်းများ မကြာခဏ ကျရောက်ပေါက်ကွဲလေ့ ရှိပါတယ်။

crd-

Crd