■သမ္မတဟောင်းBarack Obamaမိသားစုရဲ့ Calorama မှနေအိမ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သမ္မတဟောင်းBarack Obamaမိသားစုရဲ့ Calorama မှနေအိမ်

အိုဘားမားဆိုတာကတော့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတစ်ယောက်ပါ။ သူက သမ္မတ တာဝန်ထမ်းဆောင်ပြီးရင် သူဘယ်လိုနေမယ်ဆိုတဲ့ အစီအစဉ်ကို ပြောလေ့ရှိသူလည်းဖြစ်ပါတယ်။ အများစုကတော့ သူ ချီကာဂိုကို ပြန်လာမယ်လို့ထင်ထားကြပေမယ့် သူ့သမီးအငယ်လေး ဆာရှာ ကျောင်းတက်ရအဆင်ပြေအောင် ဒီစီ မှာပဲ နေခဲ့ပါတယ်။ တန်ဖိုးရှိ အိမ်ကြီးတစ်လုံးလောက်ကို ချက်ချင်းဝယ်ဖို့တတ်နိုင်ပေမယ့်လည်း အိုဘားမား နဲ့ မီရှဲအိုဘားမား တို့နှစ်ယောက်ဟာ ကာလိုရားမား (Calorama) မှာအထက်တန်းလွှာ လူကုံထန် အိမ်နီးချင်းတွေပဲရှိတဲ့ အိမ်တစ်အိမ်ကိုပဲ ငှါးနေခဲ့ပါတယ်။ နောက်မှ အဲ့ဒီအိမ်ကို ဝယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

အိမ်ဆိုပေမယ့်လည်း ခမ်းနားလွန်းတဲ့အိမ်ကြီးပါပဲ။ ၈၂၀၀ စတုရန်းပေ ကျယ်တဲ့ဒီအိမ်ထဲမှာ အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၈ ခန်း ပါဝင်ပြီး အိမ်တန်ဖိုးကတော့ဒေါ်လာ ၆.၂ သန်းတန်ပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဆိုတဲ့ အိမ်တွေက ဝါရှင်တန်ဒီစီမှာ ပဲရှိတတ်ကြတယ်ဆိုတဲ့အတိုင်း ဒီဈေးပမာဏရှိတာကတော့ ဖြစ်သင့်ပါတယ်နော်။ အိမ်အပြင်ပုံစံကတော့ ရှေးခေတ် ဂန္တဝင် ပုံစံမျိုးဖြစ်ပေမယ့်လည်း အတွင်းပိုင်း အပြင်အဆင်ကတော့ လုံးဝကွဲပြား ပါတယ်။ ခေတ်မီဒီဇိုင်းကိုမှ ရိုးရိုးရှင်းရှင်းလေး ပြင်ဆင်ထားပြီး မီးဖိုခန်းကိုလည်း အဖြူရောင်၊ မီးခိုးရောင် နဲ့ အနက်ရောင် ပဲအဓိက သုံးထားပြီး အိမ်ရဲ့ အခြားနေရာတွေမှာလည်း အဲ့အရောင်တွေပဲ အများဆုံးသုံးထားပါတယ်။

နောက်ဆုံးပေါ် နည်းပညာသုံး စက်ပစ္စည်းတွေလည်းရှိပြီး အိမ်ဖြူတော်မှာလို မီးဖိုချောင်အတွက်တာဝန်ယူပေးမယ့် ဝန်ထမ်းတွေတော့မရှိတော့ပါဘူး။ ဒါ့အပြင် မီးဖိုခန်းထဲမှာ စာအုပ်တို့ သောက်စရာ ပစ္စည်းတွေထားဖို့ နေရာလေးလည်း ထားရှိထားပါတယ်နော်။ ပရိတ်သတ်ကြီးက အဲ့လိုပုံစံမျိုးကြိုက်ရင်တော့ အဆင်ပြေမှာပါ။ ကျွန်မသာဆိုရင်တော့ အဲ့နေရာမှာ စာအုပ်တွေကော သောက်စရာကောကို စနစ်တကျလေး မီးဖိုခန်းထဲမှာ အဆင်ပြေအောင်ထားရတာလေး သဘောကျပါတယ်။ ဧည့်ခန်း အပြင်ကို တခြားအေးဆေးထိုင်စကားပြောဖို့ နေရာလေးတွေလည်း ရှိပါသေးတယ်။ ပြတင်းပေါက် မှန်ကွက်လေးတွေကတော့ အိမ်အပြင်ရှေးခေတ်ပုံစံနဲ့ အတွင်းပုံစံနဲ့ကို ဆက်စပ်အောင် ဖန်တီးထားပါတယ်။

အိမ်အတွင်းမှာတော့ ရိုးရှင်းတဲ့ အရောင် ချောမွေ့တဲ့ အနားသတ်ပုံစံလေးတွေနဲ့ ဆောက်လုပ်ထားပါတယ်။ ဧည့်ခန်းကလည်း သက်တောင့်သက်သာ နဲ့ ဇိမ်ကျစေမယ့် ပုံစံမျိုးလေးပါ။ အရမ်းချမ်းအေးလွန်းတဲ့ ညတွေအတွက်လည်း မီးလင်းဖို အကြီးကြီးရှိပါသေးတယ်။ ဟုတ်ပါတယ် မီးလင်းဖိုကလည်း မီးခိုးနဲ့ အဖြူရောင်လေး ရယ်နဲ့ပဲ လုပ်ထားတာပါပဲ။ ထမင်းစားခန်းမှာဆိုရင်တော့ မျက်နှာကျက်ကို ရာသီဥတုဒဏ်ခံပြီး အရောင်မလွင့်တဲ့ သစ်သားနဲ့လုပ်ထားတာမို့ အဖြူရောင်နံရံ နဲ့ သစ်သားအရင့် ကြမ်းပြင်အရောင်တွေနဲ့ ကွဲထွက်နေတာပေါ့၊ အဲ့ဒီအပေါ်မှာလည်း မီးဆိုင်းနဲ့အလှဆင်ထားပါသေးတယ်။

ရေချိုးခန်းမှာတော့ စိတ်ကူးယဉ်ဆန်ဆန်လေး အကောင်းဆုံးအလှဆင်ထားပါတယ်။ အနက်ရောင် နဲ့ အဖြူရောင် အစပ် နံရံကပ်စက္ကူလေးနဲ့ ဖန်တီး ထားပြီး အဖြူရောင်နဲ့ မီးခိုးရောင် ကြမ်းခင်းကျောက်ပြားလေးတွေလည်း ခင်းထားပါတယ်။ အိမ်သာကို ဒီလိုလှလှပပလေး အလှဆင်ထားတာဆိုတော့ အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းက ဒီနေရာမှာများ အလုပ်တွေ လုပ်နေတာလားဆိုပြီး စဉ်းစားရတော့ ခက်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မအဲ့လိုတွေ လိုက်မတွေးနေသင့်ဘူးလေနော်။ အိမ်ရဲ့ အပေါ်ထပ်မှာလည်း တီဗီကို သက်တောင့်သက်သာ ထိုင်ကြည့်နိုင်ဖို့ ဧည့်ခန်းတစ်ခုရှိပါသေးတယ်။

မနက်ခင်း စာလေးအေးဆေးဖတ်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ဖြစ် အခန်းသပ်သပ်လည်းထားရှိပါသေးတယ်နော်။ အိပ်ခန်းကျယ်မှာတော့ ရှေးခေတ် ဂန္တဝင် ပုံစံပြတင်းပေါက်လေးထားရှိပြီး တိုင်တွေ၊ အနားသတ်တွေကလည်း ရိုးရိုးရှင်းရှင်းလေး နဲ့တင့်တယ်တဲ့ ခံစားမှုလေးရပါတယ်နော်။ အဲ့ထဲမှာ အဝတ်ဗီရို တွေ သေသေသပ်သပ်ထားလို့ရတဲ့ အခန်းလေးလည်း သပ်သပ်လုပ်ထားပါသေးတယ်။ အိမ်ပြင်မှာဆိုလည်း အရှေ့ဘက်ခြံကျယ်ကြီး အပြင် အိမ်နောက်ဘက် ခြံဝန်းလည်းရှိပါသေးတယ်။ ခြံထဲမှာလည်း အေးဆေးအနားယူဖို့ နေပူဆာလှုံဖို့ နေရာလေးတွေလည်း အများကြီး ပြင်ဆင်ထားပါသေးတယ်နော်။
Ref:youtube
Trans:thegeektext