■သမိုင်းမှာထင်ရှားခဲ့သည့် အမျိုးသမီးပင်လယ်ဓားပြနှစ်ဦး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သမိုင်းမှာထင်ရှားခဲ့သည့် အမျိုးသမီးပင်လယ်ဓားပြနှစ်ဦး

ဆံပင်တွေရှုပ်ပွနေပြီး မုတ်ဆိတ်မွေးတွေရှိကာ အလွန်ကြမ်းတမ်းပြီး သတ္တိရှိတဲ့ ယောက်ျားတွေပုံစံဖြင့် ပင်လယ်ဓားပြတွေကို ဖော်ညွှန်းကြပါတယ်။ ဒါပေမယ့်လည်း ပင်လယ်ပြင်မှာ ဗိုလ်ကျပြီးစိုးမိုးနိုင်တာကယောက်ျားတွေပဲမဟုတ်ပါဘူး။

သူတို့တွေဟာ ထိပ်တန်းဓားပြတွေစာရင်းမှာ မပါပေမယ့်လည်း အမျိုးသမီးဓားပြတွေဟာ သမိုင်းမှာ ရှိခဲ့ပါတယ်။ သူတို့ထဲက နာမည်ကြီးအမျိုးသမီးဓားပြ ၂ ယောက်ဟာ အန်းဘိုနီနှင့် မယ်ရီရိဒ်ပဲဖြစ်ကာ ဒီ အမျိုးသမီးနှစ်ယောက်ဟာ မတူညီတဲ့ နောက်ခံနှစ်ခုကနေ ဆင်းသက်လာတာပါ။ ဒါပေမယ့်လည်းအခြေအနေအမျိုးမျိုးကြောင့် ကပ်ပတိန် ကယ်လီကိုဂျက်ရက်ဟန်း ရဲ့ သင်္ဘောပေါ်မှာ အတူတူအလုပ်လုပ်ခဲ့ကြပါတယ်။

ရိဒ် ဖြစ်သူကတော့ သူနှင့်သူ့အမေနေထိုင်စရာရဖို့အတွက် ယောက်ျားဟန်ဆောင်ခဲ့တာပါ။ သူ့မရဲ့အဖေဖက်ကအဖွားဖြစ်သူက အမွေဆက်ခံသူကို ယောက်ျားလေးဖြစ်စေချင်ခဲ့တာကြောင့်ရိဒ်ကယောက်ျားဟန်ဆောင်ပြီး စစ်ထဲကို ဝင်ခဲ့ပါသေးတယ်။ သူမဟာ စစ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူတို့ရဲ့သင်္ဘောဟာ ကပ်ပတိန်ကယ်လီကိုဂျက်ရဲ့ စီးနင်းမှုကို ခံခဲ့ရတာပါ။

ထို့အတူ သူမနှင့်အတူပါလာတဲ့ သင်္ဘောသားတွေကိုလည်း သုံ့ပန်းအဖြစ်ခေါ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘိုနီ ဟာ ဓားပြတစ်ဦးနှင့် ချစ်ကြိုက်မိပြီး အမေရိကမှာ အခြေချခဲ့ကာ။ လက်ထပ်ပြီးပြီးချင်းမှာပဲ သူဟာ ဓားပြ သတင်းပေးတဲ့ ရဲဘက်က သူဖြစ်နေပြီး သူမကို သစ္စာဖောက်ခဲ့ပါတယ်။ သူမက ဓားပြသူငယ်ချင်းဖြစ်သူဘက်ကရပ်တည်ခဲ့ကာ ထို့နောက်သူမ ခရီးစဥ်အတွင်းမှ အချစ်ရေးအချစ်ရာ ဇာတ်လမ်းတွေရှိခဲ့တဲ့ ကယ်လီကိုဂျက်နှင့် ထွက်ပြေးခဲ့ပါတယ်။

1720 ခုနှစ်မှာတော့ အမျိုးသမီးနှစ်ယောက်လုံးဟာ ကယ်လီကိုဂျက်ရဲ့ အပေါင်းအပါတွေနှင့်အတူ ဖမ်းမိခဲ့ပါတယ်။သူတို့ရဲ့ အပေါင်းအပါတွေအားလုံးဟာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် အပြစ်ဒဏ်ခံခဲ့ရပြီး ဘိုနီနဲ့ရိဒ်ကတော့ ကိုယ်ဝန်ရှိနေခဲ့တာပါ။ ဒါကြောင့် ကွပ်မျက်မိန့်ထက် ထောင်ပဲကျခဲ့ပါတယ်။ ရိဒ်ကတော့ အဖျားကြောင့်အသက်ဆုံးရှုံးခဲ့ရပြီး ဘွန်နီကတော့ သူ့အဖေအကူအညီဖြင့် လွတ်မြောက်ခဲ့ပြီး သာယာတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်လို့ဆိုကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သမိုင္းမွာထင္ရွားခဲ့သည့္ အမ်ိဳးသမီးပင္လယ္ဓားျပႏွစ္ဦး

ဆံပင္ေတြရႈပ္ပြေနၿပီး မုတ္ဆိတ္ေမြးေတြရွိကာ အလြန္ၾကမ္းတမ္းၿပီး သတၱိရွိတဲ့ ေယာက္်ားေတြပုံစံျဖင့္ ပင္လယ္ဓားျပေတြကို ေဖာ္ညႊန္းၾကပါတယ္။ ဒါေပမယ့္လည္း ပင္လယ္ျပင္မွာ ဗိုလ္က်ၿပီးစိုးမိုးနိုင္တာကေယာက္်ားေတြပဲမဟုတ္ပါဘူး။

သူတို႔ေတြဟာ ထိပ္တန္းဓားျပေတြစာရင္းမွာ မပါေပမယ့္လည္း အမ်ိဳးသမီးဓားျပေတြဟာ သမိုင္းမွာ ရွိခဲ့ပါတယ္။ သူတို႔ထဲက နာမည္ႀကီးအမ်ိဳးသမီးဓားၿပ ၂ ေယာက္ဟာ အန္းဘိုနီႏွင့္ မယ္ရီရိဒ္ပဲျဖစ္ကာ ဒီ အမ်ိဳးသမီးႏွစ္ေယာက္ဟာ မတူညီတဲ့ ေနာက္ခံႏွစ္ခုကေန ဆင္းသက္လာတာပါ။ ဒါေပမယ့္လည္းအေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ကပ္ပတိန္ ကယ္လီကိုဂ်က္ရက္ဟန္း ရဲ့ သေဘၤာေပၚမွာ အတူတူအလုပ္လုပ္ခဲ့ၾကပါတယ္။

ရိဒ္ ျဖစ္သူကေတာ့ သူႏွင့္သူ႔အေမေနထိုင္စရာရဖို႔အတြက္ ေယာက္်ားဟန္ေဆာင္ခဲ့တာပါ။ သူ႔မရဲ့အေဖဖက္ကအဖြားျဖစ္သူက အေမြဆက္ခံသူကို ေယာက္်ားေလးျဖစ္ေစခ်င္ခဲ့တာေၾကာင့္ရိဒ္ကေယာက္်ားဟန္ေဆာင္ၿပီး စစ္ထဲကို ဝင္ခဲ့ပါေသးတယ္။ သူမဟာ စစ္ထဲမွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး သူတို႔ရဲ့သေဘၤာဟာ ကပ္ပတိန္ကယ္လီကိုဂ်က္ရဲ့ စီးနင္းမႈကို ခံခဲ့ရတာပါ။

ထို႔အတူ သူမႏွင့္အတူပါလာတဲ့ သေဘၤာသားေတြကိုလည္း သုံ႔ပန္းအျဖစ္ေခၚခဲ့ပါတယ္။ တစ္ဖက္မွာေတာ့ ဘိုနီ ဟာ ဓားျပတစ္ဦးႏွင့္ ခ်စ္ႀကိဳက္မိၿပီး အေမရိကမွာ အေျခခ်ခဲ့ကာ။ လက္ထပ္ၿပီးၿပီးခ်င္းမွာပဲ သူဟာ ဓားၿပ သတင္းေပးတဲ့ ရဲဘက္က သူျဖစ္ေနၿပီး သူမကို သစၥာေဖာက္ခဲ့ပါတယ္။ သူမက ဓားျပသူငယ္ခ်င္းျဖစ္သူဘက္ကရပ္တည္ခဲ့ကာ ထို႔ေနာက္သူမ ခရီးစဥ္အတြင္းမွ အခ်စ္ေရးအခ်စ္ရာ ဇာတ္လမ္းေတြရွိခဲ့တဲ့ ကယ္လီကိုဂ်က္ႏွင့္ ထြက္ေျပးခဲ့ပါတယ္။

1720 ခုႏွစ္မွာေတာ့ အမ်ိဳးသမီးႏွစ္ေယာက္လုံးဟာ ကယ္လီကိုဂ်က္ရဲ့ အေပါင္းအပါေတြႏွင့္အတူ ဖမ္းမိခဲ့ပါတယ္။သူတို႔ရဲ့ အေပါင္းအပါေတြအားလုံးဟာ က်ဴးလြန္ခဲ့တဲ့ရာဇဝတ္မႈေတြအတြက္ အျပစ္ဒဏ္ခံခဲ့ရၿပီး ဘိုနီနဲ႔ရိဒ္ကေတာ့ ကိုယ္ဝန္ရွိေနခဲ့တာပါ။ ဒါေၾကာင့္ ကြပ္မ်က္မိထက္ ေထာင္ပဲက်ခဲ့ပါတယ္။ ရိဒ္ကေတာ့ အဖ်ားေၾကာင့္အသက္ဆုံးရႈံးခဲ့ရၿပီး ဘြန္နီကေတာ့ သူ႔အေဖအကူအညီျဖင့္ လြတ္ေျမာက္ခဲ့ၿပီး သာယာတဲ့ဘဝကို ပိုင္ဆိုင္ခဲ့တယ္လို႔ဆိုၾကပါတယ္။
Ref:youtube
Trans:thegeektext