သင်မသိသေးတဲ့ အဲလစ်စ်ဇဘက် ဘုရင်မကြီးအကြောင်း

News Social News

သင်မသိသေးတဲ့ အဲလစ်စ်ဇဘက် ဘုရင်မကြီးအကြောင်း

ဘုရင်မကြီးမှာ ပတ်စ်ပို့စာအုပ် မရှိခဲ့ပါဘူး။ တကယ်တော့ ပါတ်စ်စပို့ စာအုပ်တိုင်းမှာ သူမအည်ဖေါ်ပြထားပြီးရိုက်နှိပ်ထားတာပါ။

သူမအတွက်က မလိုပါဘူး။ သူမဟာ ဘုရင်မကြီးပါလို့ ပြောလိုက်ယုံပါဘဲ။

ဘုရင်မကြီးဟာ အောက်လွှတ်တော်ခန်းမကို ဘယ်တော့မှ မဝင်ပါဘူး။ ဒါဟာ စည်းမျဉ်းအရဆိုတာထက် ဓလေ့ထုံးစံအရ ဖြစ်ပါတယ်။ ၁၇ ရာစု ချားလ် ၁ ဘုရင်လက်ထက်ကတည်းက ဖြစ်ပါတယ်။

သူမလက်မှတ်ထိုးတဲ့အခါ Elizabeth- R လို့ ထိုးလေ့ရှိပါတယ်။ R ဆိုတာ လက်တင်စကား Regina ကို ဆိုလိုတာဖြစ်ပြီး ဘုရင်မလို့ အဓိပ္ပါယ်ရပါတယ်။

Elizabeth II ဟာ တကယ်တော့ နိုင်ငံ ၁၆ ခုရဲ့ ဘုရင်မကြီး ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကတော့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါတယ်။ ဒီထဲမှာ ကနေဒါ၊ ဩစတေးလျနဲ့ နယူးဇီလန်တို့ပါဝင်ပါတယ်။

ဘုရင်မကြီးဟာ Welsh အမျိုးအစား ခွေးငယ်တွေကို ချစ်ခင်စွာ မွေးလေ့ရှိပါတယ်။ သူမရဲ့နောက်ဆုံး‌ Welsh ခွေးလေးဟာ ၂၀၁၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ နောက်ထပ် မမွေးတော့ပါဘူး။

သူမဟာ ယာဉ်မောင်းလိုင်စင်မရှိဘဲ အင်္ဂလန်မှာ ကားမောင်းခွင့်ရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားကို သူမကိုယ်တိုင် ကားမောင်းပြီး လှည့်လည်ပြသခဲ့ပါတယ်။ ဆော်ဒီမင်းသားကကြောက်လန့် နေခဲ့ပါတယ်။

ဘုရင်မကြီးဟာ တစ်ခါတစ်လေ ဟာသလုပ်တတ်ပါတယ်။ တစ်ခါတော့ ကိုယ်ရံတော်ဗိုလ်မှူးတစ်ယောက်နဲ့ လမ်းလျောက်ထွက်ပါတယ်။ ဘယ်လာမိုက သူမရဲ့ ပရဝုဏ်တဝိုက်မှာပါ။သူမဟာ အမေရိကန်ခရီးသွားတွေနဲ့တွေ့ခဲ့ပါတယ်။

ခရီးသွားတွေက သူမကို ဘုရင်မကြီးမှန်း မမှတ်မိကြပါဘူး။ သူမကို သူတို့က ဘုရင်မကြီးကို မြင်ဘူးသလားလို့ မေးကြပါတယ်။ သူမက မမြင်ဘူးဘူးလို့ ဖြေပါတယ်။

နောက်ပြီး သူ့ရဲ့ကိုယ်ရံတော်ကို လက်ညှိုးညွှန်ပြပြီး သူကတော့ မြင်ဘူးတယ်လို့ ဖြေခဲ့ပါတယ်။

သူမဟာ စက်ပြင်ဆရာမတစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ သင်ယူခဲ့တာပါ။ သူမဟာ စစ်ပွဲအတွင်း လိုအပ်တဲ့နေရာတွေမှာ ဒီပညာနဲ့ ပါဝင်ကူညီခဲ့ပါတယ်။

သူမရဲ့ ဆလင်းဘက်ဟာ အလှအပ သက်သက် မဟုတ်ပါဘူး။ တကယ်လို့အိတ်ကို လက်တဖက်ကနေ နောက်တဖက်ပြောင်းကိုင်လိုက်မယ်ဆိုရင် စကားပြောခြင်း ပြီးဆုံးပြီဆိုတဲ့အဓိပ္ပါယ်ပါ။

တကယ်လို့ အိတ်ကိုစပွဲပေါ်တင်လိုက်မယ်ဆိုရင် သူမ ၅ မိနစ်အတွင်း ထွက်ခွါတော့မှာပါ။အိတ်ကို ကြမ်းပြင်ပေါ်ချလိုက်မယ်ဆိုရင် သူမအလျင်လိုနေပြီ အကူအညီလိုနေပြီလို့ ဆိုလိုပါတယ်။

ဘုရင်မကြီးမှာ မွေးနေ့ ၂ ရက် ရှိပါတယ်။ တစ်ရက်က ဧပြီ ၂၁ ရက် ဖြစ်ပြီး သူမရဲ့ မွေးနေ့အမှန် ဖြစ်ပါတယ်။ တရားဝင်မွေးနေ့ပွဲကိုတော့ ဂျွန်လရဲ့စနေနေ့ တစ်ရက်မှာ ကျင်းပပါတယ်။ ဒါက ရာသီဥတုကောင်းတဲ့ အချိန်မို့ပါ။

သူမမှာ ကိုယ်ပိုင်တိရစ္ဆာန်တွေ ရှိပါတယ်။ ဆင်တစ်ကောင်၊ လိပ်ကြီးနှစ်ကောင်၊ ကျားသစ်နဲ့ မျောက်ပျင်းတစ်စုံတို့ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေက သူမကို လက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ခုသူတို့အားလုံး လန်ဒန်တိရစ္ဆာန်ရုံမှာ စောင့်ရှောက်ထားပါတယ်။

သူမဟာ အင်္ဂလန်ရဲ့ နန်းသက်အရှည်ဆုံး ဘုရင်မကြီးလည်း ဖြစ်ပါတယ်။၁၉၅၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်ကစပြီး ထီးနန်းကို အုပ်စိုးခဲ့တာပါ။

ခုကွယ်လွန်ချိန်မှာ အနှစ် ၇၀ ကြာခဲ့ပါတယ်။ သူမအဖွားရဲ့ အဖွားဖြစ်သူ ဝိတိုရီးယားဘုရင်မကြီးဟာ ၆၃ နှစ်သာ အုပ်စိုးနိုင်ခဲ့တာပါ။ အဲ့တုန်းက သူမကို ဝန်ကြီး ၁၄ ပါးက ထိန်းကြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲလစ်စ်ဇဘက်ဘုရင်မကြီးဟာ နှစ်တိုင်းလက်ဆောင်ကဒ်တွေ ပေးပို့တတ်ပါတယ်။ ဓနသဟာယနိုင်ငံသားထဲက ဘယ်သူမဆို ဒီကဒ်ကိုရရင် စုံတွဲပွဲကျင်းပခွင့် စိန်ရတုအခမ်းအနားနဲ့ တယ်လီဂရမ်တို့ကို ရရှိမှာဖြစ်ပါတယ်။ဒါက ပုဂ္ဂိုလ်ရေး ပေးပို့တဲ့လက်ဆောင်ပါ။

ခုတော့ သူမကွယ်လွန်ခဲ့ပါပြီ။ အခုဒီပို့စ်ဟာ ဘုရင်မကြီးကို လေးစားသမှုနဲ့ဂါရဝပြု တင်ဆက်ခြင်း ဖြစ်ပါတယ်လို့။

Knight News Team

Crd