■သင်ဘုရင်ဖြစ်ရင် အမြဲလိုလိုဒီလိုစိတ်ပူနေရမှာဖြစ်ကြောင်း သင်ခန်းစာ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သင်ဘုရင်ဖြစ်ရင် အမြဲလိုလိုဒီလိုစိတ်ပူနေရမှာဖြစ်ကြောင်း သင်ခန်းစာ

ယခုဓားကတော့ မှော်အစွမ်းများလည်း ပါရှိသလို လူသိများတဲ့ ဇာတ်လမ်းလေးလည်း ဖြစ်လို့ မသိသေးတဲ့သူတွေအတွက် တင်ပြပေးတာပါ။စိတ်ဝင်စားတဲ့ သူတွေအတွက်ကတော့ ဒီပုံပြင်ဟာ ဘုရင် ဒိုင်အိုးနတ်နီးစ် ရဲ့ နန်းတွင်းမှ ဖြစ်ကာ အခုအခါအဲ့နေရာဟာ ဆစ်စနီမှာပါ။ စတင်ခဲ့တာကတော့ နာမည်ကျော် နန်းတွင်းသား ဒီမိုကလိ့စ် ဖြစ်ပါတယ်။

သူဟာ အလွန်ပျော်ရွှင်စေတတ်သူဖြစ်ပြီးတော့ ဘုရင့်အနီးမှ လူလည်းဖြစ်လာကာ တစ်နေ့မှာ ဒီမိုကလိ့စ်ဟာ အလွန်မယဉ်မကျေးနဲ့ ဘုရင့်မှာရှိတဲ့ စည်းစိမ်နဲ့ ဘဝကို ချီးကျူးခဲ့ပါတယ်။ သူဟာ ဘုရင်မှာရှိတဲ့ စည်းစိမ်နဲ့ စွမ်းအားတွေကို အလွန်မနာလိုကြောင်းဆိုပါတယ်။ဘုရင်ဟာလည်း သူ့နန်းတွင်းသားရဲ့ အတော်အသင့်ရိုးသားတဲ့ ဝန်ခံချက်ကို မှတ်သားပြီး ဒီမိုကလိ့စ်ကို သင်ခန်းစာ သင်ကြားပေးဖို့ စိတ်ကူးရခဲ့ပါတယ်။

ဘုရင်က ဒီမိုကလိ့စ်ကို သူနဲ့ နေရာချင်း ခဏလဲနေမလား မေးခဲ့ကာ ဒီမိုကလိ့စ်ဟာလည်း ဘုရင်ရဲ့ရည်ရွယ်ချက်အမှန်ကို နားမလည်ဘဲ ပျော်ရွှင်စွာ လက်ခံခဲ့ပါတယ်။ ဘုရင်ကလည်းသူ့ရဲ့ တခြားနန်းတွင်းသားတစ်ယောက်ကို ဓားကို သယ်ဆောင်လာခဲ့ခိုင်းကာ သူ့ရဲ့ ပလ္လင်အထက်မှာ မြင်းမြီးတစ်ပင်တည်းနဲ့ ချီနှောင်စေခဲ့ပါတယ်။ နောက်ပိုင်း ဒီဓားကို ဒီမိုကလိ့စ်ဓားလို့လည်း သိကြပါတယ်။ပြီးတော့ ဒီမိုကလိ့စ်ကို ထိုင်ခိုင်းကာ ပလ္လင်ပေါ်မှ နေရာရွှေ့ခြင်း၊ထွက်ခွာခြင်းတွေကို တားမြစ်ထားပါတယ်။

ဒီမိုကလိ့စ်ဟာလည်း ဘယ်သူမှ မလိုချင်တဲ့အခြေအနေကို စတင်ခဲ့ရပြီး ဘုရင်ကလည်း သင်ယခု ထိုင်နေသလို သင်ဘုရင်ဖြစ်ရင် အမြဲလိုလို ဒီလိုစိတ်ပူနေရမှာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒီမိုကလိ့စ်ကလည်း အလွန်အရေးကြီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရပြီး ဒီအရာကတော့ ကြီးကျယ်တဲ့စွမ်းအားရှိရင် ကြီးကျယ်တဲ့တာဝန်ယူရမှုတွေရှိတယ် ဆိုတာပါ။

ဒီမိုကလိ့စ်ကလည်း တာဝန်ယူမှုကို ငြင်းပယ်ကာ ဘုရင်ကြီးကို ပြန်လည်အပ်နှင်းခဲ့ပါတယ်။ ဘုရင်ကြီးကလည်း ပြုံးရယ်ကာ သူ့ရဲ့နေရာကို ရယူခဲ့ပါတယ်။ဒီအကြောင်းဟာ တခြားပုံစံတစ်ခုနဲ့လည်း ပုံပြင်ရှိပါသေးတယ်။ ဒါကတော့ ကျွန်မတို့ နောက်မှ ပြောကြတာပေါ့ရှင်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သင္ဘုရင္ျဖစ္ရင္ အျမဲလိုလိုဒီလိုစိတ္ပူေနရမွာျဖစ္ေၾကာင္း သင္ခန္းစာ

ယခုဓားကေတာ့ ေမွာ္အစြမ္းမ်ားလည္း ပါရွိသလို လူသိမ်ားတဲ့ ဇာတ္လမ္းေလးလည္း ျဖစ္လို႔ မသိေသးတဲ့သူေတြအတြက္ တင္ျပေပးတာပါ။စိတ္ဝင္စားတဲ့ သူေတြအတြက္ကေတာ့ ဒီပုံျပင္ဟာ ဘုရင္ ဒိုင္အိုးနတ္နီးစ္ ရဲ့ နန္းတြင္းမွ ျဖစ္ကာ အခုအခါအဲ့ေနရာဟာ ဆစ္စနီမွာပါ။ စတင္ခဲ့တာကေတာ့ နာမည္ေက်ာ္ နန္းတြင္းသား ဒီမိုကလိ့စ္ ျဖစ္ပါတယ္။

သူဟာ အလြန္ေပ်ာ္ရႊင္ေစတတ္သူျဖစ္ၿပီးေတာ့ ဘုရင့္အနီးမွ လူလည္းျဖစ္လာကာ တစ္ေန႔မွာ ဒီမိုကလိ့စ္ဟာ အလြန္မယဥ္မေက်းနဲ႔ ဘုရင့္မွာရွိတဲ့ စည္းစိမ္နဲ႔ ဘဝကို ခ်ီးက်ဴးခဲ့ပါတယ္။ သူဟာ ဘုရင္မွာရွိတဲ့ စည္းစိမ္နဲ႔ စြမ္းအားေတြကို အလြန္မနာလိုေၾကာင္းဆိုပါတယ္။ဘုရင္ဟာလည္း သူ႔နန္းတြင္းသားရဲ့ အေတာ္အသင့္ရိုးသားတဲ့ ဝန္ခံခ်က္ကို မွတ္သားၿပီး ဒီမိုကလိ့စ္ကို သင္ခန္းစာ သင္ၾကားေပးဖို႔ စိတ္ကူးရခဲ့ပါတယ္။

ဘုရင္က ဒီမိုကလိ့စ္ကို သူနဲ႔ ေနရာခ်င္း ခဏလဲေနမလား ေမးခဲ့ကာ ဒီမိုကလိ့စ္ဟာလည္း ဘုရင္ရဲ့ရည္ရြယ္ခ်က္အမွန္ကို နားမလည္ဘဲ ေပ်ာ္ရႊင္စြာ လက္ခံခဲ့ပါတယ္။ ဘုရင္ကလည္းသူ႔ရဲ့ တျခားနန္းတြင္းသားတစ္ေယာက္ကို ဓားကို သယ္ေဆာင္လာခဲ့ခိုင္းကာ သူ႔ရဲ့ ပလႅင္အထက္မွာ ျမင္းၿမီးတစ္ပင္တည္းနဲ႔ ခ်ီေႏွာင္ေစခဲ့ပါတယ္။ ေနာက္ပိုင္း ဒီဓားကို ဒီမိုကလိ့စ္ဓားလို႔လည္း သိၾကပါတယ္။ၿပီးေတာ့ ဒီမိုကလိ့စ္ကို ထိုင္ခိုင္းကာ ပလႅင္ေပၚမွ ေနရာေရႊ႕ျခင္း၊ထြက္ခြာျခင္းေတြကို တားျမစ္ထားပါတယ္။

ဒီမိုကလိ့စ္ဟာလည္း ဘယ္သူမွ မလိုခ်င္တဲ့အေျခအေနကို စတင္ခဲ့ရၿပီး ဘုရင္ကလည္း သင္ယခု ထိုင္ေနသလို သင္ဘုရင္ျဖစ္ရင္ အျမဲလိုလို ဒီလိုစိတ္ပူေနရမွာ ျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။ ဒီမိုကလိ့စ္ကလည္း အလြန္အေရးႀကီးတဲ့ သင္ခန္းစာကို သင္ယူခဲ့ရၿပီး ဒီအရာကေတာ့ ႀကီးက်ယ္တဲ့စြမ္းအားရွိရင္ ႀကီးက်ယ္တဲ့တာဝန္ယူရမႈေတြရွိတယ္ ဆိုတာပါ။

ဒီမိုကလိ့စ္ကလည္း တာဝန္ယူမႈကို ျငင္းပယ္ကာ ဘုရင္ႀကီးကို ျပန္လည္အပ္ႏွင္းခဲ့ပါတယ္။ ဘုရင္ႀကီးကလည္း ျပဳံးရယ္ကာ သူ႔ရဲ့ေနရာကို ရယူခဲ့ပါတယ္။ဒီအေၾကာင္းဟာ တျခားပုံစံတစ္ခုနဲ႔လည္း ပုံျပင္ရွိပါေသးတယ္။ ဒါကေတာ့ ကၽြန္မတို႔ ေနာက္မွ ေျပာၾကတာေပါ့ရွင္။
Ref:youtube
Trans:thegeektext