■သခင်လူသားနှင့်ခွေးတွေဟာအကြည့်ချင်းဆုံလိုက်တဲ့ အခါမှာ အော်ဆီတိုဆင်လို့ခေါ်တဲ့ ဟော်မုန်းက ထွက်လာတတ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သခင်လူသားနှင့်ခွေးတွေဟာအကြည့်ချင်းဆုံလိုက်တဲ့ အခါမှာ အော်ဆီတိုဆင်လို့ခေါ်တဲ့ ဟော်မုန်းက ထွက်လာတတ်

နှစ်ထောင်ပေါင်းများစွာလူတွေဘေးမှာနေခဲ့တော့ ကျွန်တော်တို့ရဲ့ အမွှေးထူထူ သူငယ်ချင်းတွေအတွက် အပြင်ပိုင်းမှာတင်ပြောင်းလဲလာရုံသာမက ချစ်စဖွယ်ဟန်ပန်ရှိတဲ့ သူတို့ဟာလည်း ဉာဏ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ပြောင်းလဲလာပါတယ်။
သေချာတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ခွေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ကို ကြားရတာကို သဘောကျရုံသာမက အရှေ့မှာ ယူဆထားတဲ့အတိုင်း ခွေးတွေဟာ တကယ်လည်း ထက်မြတ်ကြပါတယ်
ဘရစ်တာ အောက်စဟော့စ် လို့ခေါ်တဲ့ သိပ္ပံပညာရှင် တွေက တိရစ္ဆာန်တွေရဲ့ အသိဉာဏ်နှင့်ပတ်သက်ပြီး လေ့လာရှာဖွေမှုပေါင်း ၃၀၀ ကျော်ကို ပြုလုပ်ခဲ့ပါတယ်။

လေ့လာတွေ့ရှိမှုအရ ရက်ကွန်းများနှင့် လင်းပိုင်များဟာ အိမ်မွေးခွေးတွေထက်စာရင်အလုပ်တာဝန်အများစုကို ပြုလုပ်နိုင်ပါတယ်။
ဒီလို သစ္စာစောင့်သိတဲ့ သတ္တဝါတွေအတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သိပ္ပံပညာရှင်တွေက ခွေးတွေကို ပုံကြီးချဲ့ကာ သုတေသနတွေ ပြုလုပ်ခဲ့ကြတာဖြစ်ကာ
ကျန်တဲ့ သတ္တဝါတွေကို တော့ လျော့တွက်ခဲ့ကြပါတယ်။

တကယ်တမ်းဆိုရင် ခွေးတွေဟာ ဒီလို စိတ်အားထက်သန်စွာ စိတ်ပိုင်းဆိုင်ရာအားထုတ်ကြိုးပမ်းမှုတွေ အများကြီး မလိုအပ်ပါဘူး
ဒါကြောင့် ရိုးရိုးခွေးတစ်ကောင်ဟာ သူ့ရဲ့ သခင်ရဲ့ မျက်လုံးတည့်တည့်ကို သနားကြင်နာစွာဖြင့် ကြည့်လိုက်ရုံနဲ့ သခင်တွေက သူတို့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးတတ်ကြပါတယ်
ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ဒီအမွှေးထူပြီး ရယ်ရတဲ့ သူငယ်ချင်းတွေကို ပိုချစ်ရမယ် လျှော့ချစ်ရမယ်ဆိုပြီး ငြင်းခုန်စရာမလိုပါဘူး
ဒီချစ်ခြင်းမေတ္တာဟာ အပြန်အလှန် ဖြစ်တာနှင့်အညီ ဒီခံစားချက်တွေကလည်း ရင်ထဲက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

သခင်လူသားနှင့်ခွေးတွေဟာ အကြည့်ချင်းဆုံလိုက်တဲ့ အခါမှာ အော်ဆီတိုဆင်လို့ခေါ်တဲ့ ဟော်မုန်းက ထွက်လာတတ်ကာ
ထိုဟော်မုန်းဟာ ယုံကြည်မှုနှင့် ချစ်ကြည်မှုကို ဖြစ်ပေါ်စေပါတယ်
လူသားတွေနဲ့ခွေးတွေရဲ့ ဆက်ဆံမှုဟာဆိုရင် သဘာဝတရားအရ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာ တစ်ပုဒ်လိုပါပဲ။

ဒါပေမယ့်လည်း ဒီသတ္တဝါလေးတွေဟာ သူတို့ကိုယ်သူတို့ ချစ်တာထက် သခင်လူသားတွေကို ချစ်တယ်ဆိုတဲ့ အချက်ဟာ အောက်မေ့ဖွယ်ရာပါပဲ
ကျွန်တော်တို့ဟာ ဒီသတ္တဝါလေးတွေ အမြီးလေး ခါပြရုံနှင့် နှစ်ပေါင်း ၁၀,၀၀၀ ကျော်တိုင် အထိ အတူတူရှိနေခဲ့တာပါ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သခင္လူသားႏွင့္ေခြးေတြဟာအၾကည့္ခ်င္းဆုံလိုက္တဲ့ အခါမွာ ေအာ္ဆီတိုဆင္လို႔ေခၚတဲ့ ေဟာ္မုန္းက ထြက္လာတတ္

ႏွစ္ေထာင္ေပါင္းမ်ားစြာလူေတြေဘးမွာေနခဲ့ေတာ့ ကၽြန္ေတာ္တို႔ရဲ့ အေမႊးထူထူ သူငယ္ခ်င္းေတြအတြက္ အျပင္ပိုင္းမွာတင္ေျပာင္းလဲလာ႐ုံသာမက ခ်စ္စဖြယ္ဟန္ပန္ရွိတဲ့ သူတို႔ဟာလည္း ဉာဏ္ပိုင္းဆိုင္ရာ အရည္အေသြးေတြ ေျပာင္းလဲလာပါတယ္။
ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ဟာ ကၽြန္ေတာ္တို႔ရဲ့ေခြးေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ဖြံ့ၿဖိဳးမႈ ကို ၾကားရတာကို သေဘာက်႐ုံသာမက အေရွ႕မွာ ယူဆထားတဲ့အတိုင္း ေခြးေတြဟာ တကယ္လည္း ထက္ျမတ္ၾကပါတယ္
ဘရစ္တာ ေအာက္စေဟာ့စ္ လို႔ေခၚတဲ့ သိပၸံပညာရွင္ ေတြက တိရစၧာန္ေတြရဲ့ အသိဉာဏ္ႏွင့္ပတ္သက္ၿပီး ေလ့လာရွာေဖြမႈေပါင္း ၃၀၀ ေက်ာ္ကို ျပဳလုပ္ခဲ့ပါတယ္။

ေလ့လာေတြ႕ရွိမႈအရ ရက္ကြန္းမ်ားႏွင့္ လင္းပိုင္မ်ားဟာ အိမ္ေမြးေခြးေတြထက္စာရင္အလုပ္တာဝန္အမ်ားစုကို ျပဳလုပ္နိုင္ပါတယ္။
ဒီလို သစၥာေစာင့္သိတဲ့ သတၱဝါေတြအတြက္ ကၽြန္ေတာ္တို႔ရဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ သိပၸံပညာရွင္ေတြက ေခြးေတြကို ပုံႀကီးခ်ဲ႕ကာ သုေတသနေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ကာ
က်န္တဲ့ သတၱဝါေတြကို ေတာ့ ေလ်ာ့တြက္ခဲ့ၾကပါတယ္။

တကယ္တမ္းဆိုရင္ ေခြးေတြဟာ ဒီလို စိတ္အားထက္သန္စြာ စိတ္ပိုင္းဆိုင္ရာအားထုတ္ႀကိဳးပမ္းမႈေတြ အမ်ားႀကီး မလိုအပ္ပါဘူး
ဒါေၾကာင့္ ရိုးရိုးေခြးတစ္ေကာင္ဟာ သူ႔ရဲ့ သခင္ရဲ့ မ်က္လုံးတည့္တည့္ကို သနားၾကင္နာစြာျဖင့္ ၾကည့္လိုက္႐ုံနဲ႔ သခင္ေတြက သူတို႔ရဲ့ အလိုဆႏၵကို ျဖည့္ဆည္းေပးတတ္ၾကပါတယ္
ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔ဟာ ဒီအေမႊးထူၿပီး ရယ္ရတဲ့ သူငယ္ခ်င္းေတြကို ပိုခ်စ္ရမယ္ ေလၽွာ့ခ်စ္ရမယ္ဆိုၿပီး ျငင္းခုန္စရာမလိုပါဘူး
ဒီခ်စ္ျခင္းေမတၱာဟာ အျပန္အလွန္ ျဖစ္တာႏွင့္အညီ ဒီခံစားခ်က္ေတြကလည္း ရင္ထဲက ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

သခင္လူသားႏွင့္ေခြးေတြဟာ အၾကည့္ခ်င္းဆုံလိုက္တဲ့ အခါမွာ ေအာ္ဆီတိုဆင္လို႔ေခၚတဲ့ ေဟာ္မုန္းက ထြက္လာတတ္ကာ
ထိုေဟာ္မုန္းဟာ ယုံၾကည္မႈႏွင့္ ခ်စ္ၾကည္မႈကို ျဖစ္ေပၚေစပါတယ္
လူသားေတြနဲ႔ေခြးေတြရဲ့ ဆက္ဆံမႈဟာဆိုရင္ သဘာဝတရားအရ ဘယ္လိုမွ မေျဖရွင္းနိုင္တဲ့ ပုစၧာ တစ္ပုဒ္လိုပါပဲ။

ဒါေပမယ့္လည္း ဒီသတၱဝါေလးေတြဟာ သူတို႔ကိုယ္သူတို႔ ခ်စ္တာထက္ သခင္လူသားေတြကို ခ်စ္တယ္ဆိုတဲ့ အခ်က္ဟာ ေအာက္ေမ့ဖြယ္ရာပါပဲ
ကၽြန္ေတာ္တို႔ဟာ ဒီသတၱဝါေလးေတြ အၿမီးေလး ခါျပ႐ုံႏွင့္ ႏွစ္ေပါင္း ၁၀,၀၀၀ ေက်ာ္တိုင္ အထိ အတူတူရွိေနခဲ့တာပါ။
Ref:youtube
Trans:thegeektext