■သက်တမ်းအားဖြင့် ကြေးခေတ်အခါကတည်းကဖြစ်သော်လည်း ဆိုးဆိုးဝါးဝါးပျက်စီးမှုမရှိသေးသော Bronze age wheel

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သက်တမ်းအားဖြင့် ကြေးခေတ်အခါကတည်းကဖြစ်သော်လည်း ဆိုးဆိုးဝါးဝါးပျက်စီးမှုမရှိသေးသော Bronze age wheel

ယူနိုက်တက်ကင်းဒန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သမိုင်းကိုဖော်ပြနိုင်တဲ့ အရင်းအမြစ်များစွာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။တွေ့ရှိခဲ့တဲ့နယ်မြေကတော့ ကိန်းဘရစ်ခ်ျရှိုင်းယားနယ်မြေတွေထဲမှ ဖြစ်ပီး သူတို့က ဒီနေရာကို ဗြိတိသျှ ပွန်ပေး လို့ ချစ်စရာကောင်းအောင် နာမည်ပေးထားကြတာပါ။

ပွန်ပေးဟာ မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်အောက်ကို ရောက်သွားတဲ့ မြို့လေးပါ။ဒီနေရာကို ပွန်ပေးလို့ခေါ်တာကတော့ မီးတောင်ပေါက်ကွဲမှုကြောင့် မြေမြုပ်ခံရလို့မဟုတ်ဘဲ ပွန်ပေးလိုပဲ မြေအောက်မှအသုံးအဆောင်ပစ္စည်းများစွာကို မကြာခဏ ရှာဖွေတွေ့ရှိရလို့ပါ။

ဥပမာအနေနဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အိမ်ဝိုင်းလေးအချို့ကို ဖျက်ပြီးနောက် တူးဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့တော့ သူတို့ဟာ လှည်းဘီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဟာကဆိုရင်တော့ သက်တမ်းအားဖြင့် ကြေးခေတ်အခါမှ ဖြစ်ပီး ဒါဟာဘာမှတန်ဖိုးမရှိတဲ့အရာဖြစ်ပေမဲ့ သမိုင်းကိုဖော်ထုတ်တဲ့နေရာမှတော့ အလွန်အရေးကြီးတဲ့ရှင်းပြချက်အချို့ကို ဒီဘီးဝိုင်းက ပြည့်စုံစွာရှင်းပြပါတယ်။

ဒီဟာက ယူကေမှာ ရှာဖွေတွေ့ရှိခဲ့သမျှ ကြေးခေတ်ဘီးဝိုင်းတွေမှ အလွန်ပြည့်စုံတဲ့အရာဖြစ်ပြီး အလယ်ဗဟိုဝင်ရိုးနေရာတွေလည်းရှိနေသေးကာ ဆိုးဆိုးဝါးဝါးပျက်စီးမှုနဲ့ တိုက်စားခြင်းတွေလည်း မရှိသေးပါဘူး။အစပြုပြုလုပ်ထားတာကတော့ သစ်သားနဲ့ဖြစ်ပေမဲ့ ဒီသစ်သားကိုတော့ သူတို့ ခုချိန်ထိ ဘာအမျိုးအစားမှန်း ခွဲခြားမသိရသေးဘူးလို့ သိရပါတယ်။

ဘီးကြီးဟာ သုံးပေပတ်လည်အချင်းကြီးမာပြီး ဆက်လက်တူးဖော်ရာမှာတော့ အနီးနားမှာ မြင်းရဲ့ကျောရိုးကိုလည်း တူးဖော်ရရှိခဲ့သလို ဒီနေရာမှာအရင်ကနေထိုင်သူတွေဟာ အလွန်ကောင်းမွန်တဲ့ သယ်ယူ‌ပို့ဆောင်ရေးစနစ်ကိုလည်း အဲ့အချိန်တွေက အသုံးပြုခဲ့ကြမယ်လို့ ခန့်မှန်းထားတာပါ။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သက္တမ္းအားျဖင့္ ေၾကးေခတ္အခါကတည္းကျဖစ္ေသာ္လည္း ဆိုးဆိုးဝါးဝါးပ်က္စီးမႈမရွိေသးေသာ Bronze age wheel

ယူနိုက္တက္ကင္းဒန္းမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက သမိုင္းကိုေဖာ္ျပနိုင္တဲ့ အရင္းအျမစ္မ်ားစြာကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ေတြ႕ရွိခဲ့တဲ့နယ္ေျမကေတာ့ ကိန္းဘရစ္ခ္်ရွိုင္းယားနယ္ေျမေတြထဲမွ ျဖစ္ပီး သူတို႔က ဒီေနရာကို ၿဗိတိသၽွ ပြန္ေပး လို႔ ခ်စ္စရာေကာင္းေအာင္ နာမည္ေပးထားၾကတာပါ။

ပြန္ေပးဟာ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေခ်ာ္ရည္ေအာက္ကို ေရာက္သြားတဲ့ ၿမိဳ႕ေလးပါ။ဒီေနရာကို ပြန္ေပးလို႔ေခၚတာကေတာ့ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေျမျမဳပ္ခံရလို႔မဟုတ္ဘဲ ပြန္ေပးလိုပဲ ေျမေအာက္မွအသုံးအေဆာင္ပစၥည္းမ်ားစြာကို မၾကာခဏ ရွာေဖြေတြ႕ရွိရလို႔ပါ။

ဥပမာအေနနဲ႔ ၂၀၁၆ ခုႏွစ္ထဲမွာ ေရွးေဟာင္းသုေတသနပညာရွင္ေတြဟာ အိမ္ဝိုင္းေလးအခ်ိဳ႕ကို ဖ်က္ၿပီးေနာက္ တူးေဖာ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။အက်ိဳးဆက္အေနနဲ႔ေတာ့ သူတို႔ဟာ လွည္းဘီးတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒီဟာကဆိုရင္ေတာ့ သက္တမ္းအားျဖင့္ ေၾကးေခတ္အခါမွ ျဖစ္ပီး ဒါဟာဘာမွတန္ဖိုးမရွိတဲ့အရာျဖစ္ေပမဲ့ သမိုင္းကိုေဖာ္ထုတ္တဲ့ေနရာမွေတာ့ အလြန္အေရးႀကီးတဲ့ရွင္းျပခ်က္အခ်ိဳ႕ကို ဒီဘီးဝိုင္းက ျပည့္စုံစြာရွင္းျပပါတယ္။

ဒီဟာက ယူေကမွာ ရွာေဖြေတြ႕ရွိခဲ့သမၽွ ေၾကးေခတ္ဘီးဝိုင္းေတြမွ အလြန္ျပည့္စုံတဲ့အရာျဖစ္ၿပီး အလယ္ဗဟိုဝင္ရိုးေနရာေတြလည္းရွိေနေသးကာ ဆိုးဆိုးဝါးဝါးပ်က္စီးမႈနဲ႔ တိုက္စားျခင္းေတြလည္း မရွိေသးပါဘူး။အစျပဳျပဳလုပ္ထားတာကေတာ့ သစ္သားနဲ႔ျဖစ္ေပမဲ့ ဒီသစ္သားကိုေတာ့ သူတို႔ ခုခ်ိန္ထိ ဘာအမ်ိဳးအစားမွန္း ခြဲျခားမသိရေသးဘူးလို႔ သိရပါတယ္။

ဘီးႀကီးဟာ သုံးေပပတ္လည္အခ်င္းႀကီးမာၿပီး ဆက္လက္တူးေဖာ္ရာမွာေတာ့ အနီးနားမွာ ျမင္းရဲ့ေက်ာရိုးကိုလည္း တူးေဖာ္ရရွိခဲ့သလို ဒီေနရာမွာအရင္ကေနထိုင္သူေတြဟာ အလြန္ေကာင္းမြန္တဲ့ သယ္ယူ‌ပို႔ေဆာင္ေရးစနစ္ကိုလည္း အဲ့အခ်ိန္ေတြက အသုံးျပဳခဲ့ၾကမယ္လို႔ ခန႔္မွန္းထားတာပါ။
ref:youtube
trans:thegeektext