ဝူဟန်ဓါတ်ခွဲခန်းကို စစ်ဆေးမယ်ဆိုတဲ့ WHO ရဲ့ပြောဆိုမှုကို တရုတ်က လက်မခံ

News

ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်ပွားပြီး တနှစ်ခွဲကြာသည်အထိ ကိုဗစ်-၁၉ ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ် မည်သည့်နေရာမှ လာသည်ကို မိမိတို့ မသိရသေးပေ။

အများစုအမြင်မှာ ထိုဗိုင်းရပ်စ်သည် လင်းနို့များမှ လူသားများသို့ ကူးစက်လာသည်ဆိုသည့် အယူအဆဖြစ်သည်။

သို့သော် ထိုဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်ကုန်က ကိုဗစ် စတင်ပေါ်ပေါက်လာသော တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဓါတ်ခွဲခန်းတခုမှ လုံခြုံရေးစည်း ပေါက်ထွက်လာသည်ဆိုသည့် အယူအဆကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာသည်။

ကိုဗစ်ပိုးအစကို ဒုတိယအဆင့်စုံစမ်းဖေါ်ထုတ်ဖို့ ဝူဟန်ဓါတ်ခွဲခန်းကို သေချာစစ်ဆေးရမယ်လို့ WHO အကြီးအကဲရဲ့ပြောဆိုမှုအပေါ် အံ့အားသင့်မိတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zeng Yixin ကပြောခဲ့တာပါ။

WHO နဲ့တရုတ်ပညာရှင်တွေ ပူးပေါင်းစစ်ဆေးပြီး ထုတ်ပြန်ထားတဲ့ ပထမအဆင့်စုံစမ်းစစ်ဆေးမှုတွေကို WHO အဖွဲ့ဝင်နိုင်ငံတွေက အတညိပြုထားပြီးဖြစ်လို့ အဲဒီအစီရင်ခံစာကို အခြေခံပြီး လုပ်သင့်တယ်လို့ Zeng Yixin ကပြောပါတယ်။

အစီရင်ခံစာမှာ ရောဂါပိုးဟာ ဓါတ်ခွဲခန်းစမ်းသပ်မှုကစခဲ့တာမဟုတ်ပဲ တရိစ္ဆာန်ကကူးစက်ခဲ့တာဆိုတာ ဖေါ်ပြပြီးဖြစ်တယ်ဆိုပါတယ်။

ဓါတ်ခွဲခန်းတွေစစ်ချင်ရင် ပထမအဆင့်မှာ မစစ်ဆေးရသေးတဲ့ ဓါတ်ခွဲခန်းတွေကိုပဲ စစ်သင့်တယ်ဆိုပါတယ်။

ဝူဟန်ဓါတ်ခွဲခန်းက ပညာရှင်တွေ ပထမဆုံးရောဂါကူးစက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကလည်း မဟုတ်မမှန်ဘူးလို့ သူကပြောပါတယ်။

ဝူဟန်ဓါတ်ခွဲခန်းဟာ လူသားတွေထိခိုက်စေမဲ့ စမ်းသပ်မှုတွေတခါမှ မလုပ်ခဲ့ဘူးလို့ တရုတ်အမျိုးသားဇီဝလုံခြုံရေးဓါတ်ခွဲခန်း ပါမောက္ခ , Yuan Zhiming က ပြောပါတယ်။

ပိုးကူးခံရတယ်ဆိုတဲ့ ဝူဟန်ဓါတ်ခွဲခန်းပညာရှင်တွေရဲ့အမည်ကိုတောင် နိုင်ငံတကာကမပြောနိုင်ပဲနဲ့ တဖက်သပ် စွတ်စွဲနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

အမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့ တရုတ်အနေနဲ့ ရိုးသားပွင့်လင်းမှုရှိရင် ဝူဟန်ဓါတ်ခွဲခန်းကို စစ်ဆေးမှာ ဘာလို့ ကြောက်ရွံ့နေတာလည်းလို့ မေးခွန်းထုတ်ထားသလို ဝူဟန်ဓါတ်ခွဲခန်းကပညာရှင်တွေကို ဘာကြောင့် ပေးမတွေ့ရဲရတာလည်းလို့ မေးထားပါတယ်။

WHO အကြီးအကဲကိုယ်တိုင်ကလည်း ပထမအကြိမ်စစ်ဆေးခဲ့တုန်းက တရုတ်အာဏာပိုင်တွေဟာ ဝူဟန်ဓါတ်ခွဲခန်းကို အပြည့်အဝစစ်ဆေးခွင့်မပေးခဲ့ဘူးလို့ပြောထားပါတယ်။

အမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့ တရုတ်အနေနဲ့ ရိုးသားပွင့်လင်းမှုရှိရင် ဝူဟန်ဓါတ်ခွဲခန်းကို စစ်ဆေးမှာ ဘာလို့ ကြောက်ရွံ့နေတာလည်းလို့ မေးခွန်းထုတ်ထားသလို ဝူဟန်ဓါတ်ခွဲခန်းကပညာရှင်တွေကို ဘာကြောင့် ပေးမတွေ့ရဲရတာလည်းလို့ မေးထားပါတယ်။

WHO အကြီးအကဲကိုယ်တိုင်ကလည်း ပထမအကြိမ်စစ်ဆေးခဲ့တုန်းက တရုတ်အာဏာပိုင်တွေဟာ ဝူဟန်ဓါတ်ခွဲခန်းကို အပြည့်အဝစစ်ဆေးခွင့်မပေးခဲ့ဘူးလို့ပြောထားပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply