ဝန်ထမ်းတွေကို ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ကားအစီးပေါင်း ၆၀၀ ကို ပေးခဲ့တဲ့ စိန်ကုန်သည် သူဌေး

News

ဝန်ထမ်းတွေကို ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ကားအစီးပေါင်း ၆၀၀ ကို ပေးခဲ့တဲ့ စိန်ကုန်သည် သူဌေး

Savji Dholakia လို့ခေါ်တဲ့ အမျိုသားဟာ အိန္ဒိယနိုင်ငံ၊ Surat မြို့ရှိ စိန်ကုန်သည်တစ်ဦး ဖြစ်ပြီး သူရဲ့ရက်ရောမှုကြောင့် ဝန်ထမ်းတွေကို စျေးကြီးတဲ့ လက်ဆောင်များနဲ့ ဆုများကို ပေးအပ်ခဲ့ပါတယ် ။

ဒီတစ်ခါမှာတော့ ရက်ရောလွန်းတဲ့စိန်ကုန်သည်က ဒေါ်လာ ၂၀ သန်းလောက်တန်ဖိုးရှိတဲ့ကား အစီးပေါင်း ၆၀၀ ကို သူ့ရဲ့ဝန်ထမ်းတွေ ပေးခဲ့တဲ့အတွက် ကမ္ဘာတစ်လွှားက သတင်းခေါင်းကြီးပိုင်းတွင်မှာ ထပ်မံပြောဆိုခဲ့ပါတယ် ။ ကားများနဲ့ ကုန်အမှတ်တံဆိပ်တွေက Renault KWID နဲ့ Maruti Suzuki Celerio တို့ဖြစ်ပြီး လက်လီစျေးနှုန်းက ဒေါ်လာ ၆၃၀၀ ရှိပါတယ် ။

Dholakia က ငွေသားများနဲ့ တိုက်ခန်းများအတွက် ဝန်ထမ်းတစ်ထောင် ထပ်မံလက်ဆောင်ပေးနေတာလို့လည်း သတင်းများရရှိခဲ့ပါတယ် ။ “ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်က ကုမ္ပဏီအပေါ် ဝန်ထမ်းတွေရဲ့သစ္စာရှိမှုနဲ့ ဆက်ကပ်အပ်နှံမှုကို ဆုချဖို့ပဲ” လို့ Dholakia က ဆိုပါတယ် ။

ပွဲတော်အတွင်းမှာ တစ်ယောက်ကိုတစ်ယောက်လက်ဆောင်ပေးတာဟာ အစဉ်အလာအရ မကောင်းမှုကို ကျော်လွှားနိုင်ခဲ့တယ်လို့ သူတို့ကခံယူထားတာဖြစ်ပါတယ် ။

Source (Mckzone Daily)

Leave a Reply