■လှလွန်းလို့ စုန်းမလို့တောင်ထင်ခဲ့ကြတဲ့ ဘာဘရာ ရန်ဇဝဲလ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လှလွန်းလို့ စုန်းမလို့တောင်ထင်ခဲ့ကြတဲ့ ဘာဘရာ ရန်ဇဝဲလ်

အခုကျွန်မတို့ပြောမယ့်အမျိုးသမီးကတော့ အလွန်လှပြီး အရည်အချင်းရှိတာကြောင့် သူမကို စုန်းမလို့တောင်ထင်ကြတာပါ။ ဒီအမျိုးသမီးဟာ ၁၅၂၀ ခုနှစ် အရမ်းချမ်းသားတဲ့မိသားစု မှာမွေးဖွားခဲ့ပြီး သူမရဲ့မိဘတွေကလည်း သမီးဖြစ်သူရဲ့ပညာရေးအတွက် မြှုပ်နှံခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ ဘာဘရာဟာ ဂီတပညာကိုလေ့လာခဲ့ပီး။ ပုံဆွဲသလို ကဗျာတွေလည်း ရွတ်ဖတ်ခဲ့ပါတယ်။ မြင်းစီးခြင်းအတတ်နဲ့ဓါးသိုင်း ကိုလည်း တက်မြောက်ခဲ့ပါတယ်။ သူတတ်တဲ့ပညာတွေကိုတော့ ပြောမကုန်နိုင်ပါဘူး။ ဒီလိုလှပတဲ့ကောင်မလေးရဲ့နောက်ကွယ်မှာတောင်းရမ်းလက်ထပ်ကြတဲ့အမျိုးသားတွေအများကြီးရှိပါတယ်။

ဒါပေမယ့်လည်း ဘာဘရာရဲ့မိဘတွေကတော့ဘယ်သူ့ကိုမှအခွင့်အရေးမပေးခဲ့ပါဘူး။ သူမဟာ အသက်ငယ်ရွယ်စဥ်မှာ လက်ထပ်ခဲ့ရပါကာ အချစ်တွေမပါပဲအဆင်ပြေသလိုသာယူခဲ့တာပါ။ ဒါ့ကြောင့် ၁၅၄၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူဟာသေဆုံးသွားခဲ့ပြီး ဘာဘရာဟာ တစ်စက်ကလေးတောင်ဝမ်းမနည်းခဲ့ပါဘူး။ အလွန်ငယ်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ သူမဟာ ပွဲအခမ်းအနားတွေ တက်ရောက်ပြီး ကပွဲတွေစီစဥ်ခဲ့တာပါ။

ထို့အတူ သူ့ဘေးနားမှာလည်းအမျိုးကောင်းသားတွေဝိုင်းဝိုင်းလည်နေခဲ့တာပါတယ်။အဓိကအချက်ကတော့ သူမဟာ တစ်ခြားသူတွေနဲ့မတူပဲထူးခြားနေခဲ့တာပါ။ ထိုအချိန်က အထက်တန်းလွှာတွေက ထင်သလောက်မရိုးရှင်းပါဘူး။ ဖုန်တွေချွေးတွေနဲ့ ညစ်ပတ်နေခဲ့တာပါ။ ဒီလိုအရာတွေအားလုံးဟာ အမွှေးနံ့သာတွေဝတ်ကောင်းစားလှတွေအောက်မှာဖုံးကွယ်ထားပါတယ်။

ဒါဟာ လူတိုင်းအတွက်အဆင်ပြေနေခဲ့တာပါ။ ဘာဘရာကတော့ သန့်ရှင်းသပ်ရပ်ခဲ့ပါတယ်။ သူမဟာ အမွှေးနံသာဖြင့်နေ့တိုင်းရေချိုးသလို။ သူမဟာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုခဲ့ပြီး ဘယ်လိုဝတ်စားရမလဲဆိုတာကို သိခဲ့ပါတယ်။ ထို့အတူ အလှဆုံးဖြစ်အောင်လည်းပြင်တတ်ဆင်တတ်ပါတယ်။ ဒါ့ကြောင့် လစ်သူနီယားရဲ့တော်ဝင်မင်းသားစစ်ဂမတ်စ်အန်ဂူစတပ်ဟာ မြင်မြင်ချင်းသူမကိုချစ်ကျွမ်းဝင်ခဲ့တာပါ။ ထို့အတူ သူ့ရဲ့မိန်းမဖြစ်သူကိုလည်း အခက်အခဲကြားက ကွာရှင်းခဲ့ပါတယ်။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext