■လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ တုန်းကဒဏ္ဍာရီသူရဲကောင်း Tomoe Gozen

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ တုန်းကဒဏ္ဍာရီသူရဲကောင်း Tomoe Gozen

အခု အမျိုးသမီးဆာမူရိုင်းအကြောင်းပြောနေစဥ် နာခါနိုမတိုင်ခင်လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ တုန်းကဒဏ္ဍာရီသူရဲကောင်းတိုမိုးဂိုဇန်ဆ်ုတာရှိခဲ့ပါတယ်။

သူမဟာ မှတ်တမ်းတင် အမျိုးသမီးဆာမူရိုင်းတွေထဲက တစ်ယောက်ပါ။ ၁၁၈၀ ခုနှစ်မှ ၁၁၈၅ ခုနှစ်အထိ ဖြစ်တဲ့ဂျပန်စစ်ပွဲမှာ ပါဝင်ခဲ့ပြီး သူမဟာ ရှေးရိုးစွဲလမ်းခြင်းအားလုံးကို ချိုးဖောက်ခဲ့ပြီး အမျိုးသားတွေနှင့်အတူ တိုက်ပွဲဝင်ခွင့်ရခဲ့ပါတယ်။

သမိုင်းမှတ်တမ်းတွေအရတော့သူမဟာ အလွန်သန်မာတဲ့ လေးသမားနှင့် ဓားသမားဖြစ်ပြီး ခြေလျင်ဖြစ်စေ မြင်းဖြင့်ဖြစ်စေတိုက်ခိုက်နိုင်ကာ။သူမကို လူအများက ရိုသေလေးစားကျပြီး ရဲရင့်ကာ လှပပါတယ်။ သူမက သူမရဲ့တပ်ကို အခြေအနေအမျိုးမျိုးမှာတောင်မှ အောင်ပွဲဝင်အောင် လုပ်ပေးခဲ့ပြီးဂျပန်ရဲ့ အကောင်းဆုံးဓားသမားတွေထဲကတစ်ဦးအဖြစ် မှတ်ယူခဲ့ကြပါတယ်။

သူမရဲ့နောက်ဆုံးတိုက်ပွဲမှာ သူကို စစ်ပွဲထဲဝင်စေခဲ့တဲ့ အကြီးဆုံးမဟာမိတ်ဖြစ်တဲ့ မီနီမိုတို နို ရိုရှီတာကာ ဟာသေဆုံးခဲ့ပြီး တိုမိုးဟာ စစ်ပွဲကနေလွတ်မြောက်ခဲ့ပါတယ်။

ထို့နောက်မှာ သူမက ဓားကိုစွန့်လွှတ်ခဲ့ပြီး စစ်ပွဲမှအနားယူကာ လက်ထပ်ယူခဲ့ကာ။ သူမရဲ့ ခင်ပွန်းသေဆုံးသွားပြီးနောက် တိုမိုးဟာ သီလရှင်တစ်ပါးအဖြစ်နေထိုင်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext