■လျှပ်စစ်စွမ်းအား ၁၁,၀၀၀ ဗို့အားအထိ ခံနိုင်သော ဒီပါ့တ်ဂျန်ဂရာ လျှပ်စစ်လူသား

News World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လျှပ်စစ်စွမ်းအား ၁၁,၀၀၀ ဗို့အားအထိ ခံနိုင်သော ဒီပါ့တ်ဂျန်ဂရာ လျှပ်စစ်လူသား

ပရိသတ်ကြီးကတော့ အိန္ဒိယနိုင်ငံကကောင်လေးတစ်ဦးဟာ လျှပိစစ်ဝိုင်ယာကြီုးကို သူ့ရဲ့လျှာဖြင့်ထိပြနေတာကိုတွေ့ရမှာဖြစ်ပြီး သူကတော့ သေချင်နေပြီထင်တယ်လို့ ပရိသတ်ကြီးထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်လည်း အမှန်တရားကတော့ ဒီပါ့တ်ဂျန်ဂရာက လျှပ်စစ်စွမ်းအား ၁၁,၀၀၀ ဗို့အားအထိ ခံနိုင်ပါတယ်။ ဒီလျှပ်စစ်အားဟာ စုစုပေါင်းမီးအားပေးတဲ့ လျှပ်စစ်အားလောက်ရှိပါတယ်။

ဒါ့ကြောင့် ၁၁၀ ဗို့အား သို့မဟုတ် ၂၄၀ဗို့အားကတောင်မှ ကိုယ်တွင်းကလီစာ လောင်ကျွမ်းမှုတွေ၊ နှလုံးသွေးကြောပေါက်မှုတွေဖြစ်နိုင်သေးကာ။ အိမ်တွေကိုထုတ်ပေးတဲ့ အဆ ၁၀၀ ပိုများတဲ့ဗို့အားနဲ့ဆိုရင် ဘယ်လောက်တောင်မှထိခိုက်ဒဏ်ရာရမလဲဆိုတာကို စဥ်းစားကြည့်ရုံနှင့်သိနိုင်ပါတယ်။ သူပထမဆုံးအကြိမ်သိတဲ့အချိန်ကဆိုရင် သူ့ခန္ဓာကိုယ်ဟာ လျှပ်စစ်အားတော်တော်များများကို ခံနိုင်တယ်ဆိုတာကို သိခဲ့တာပါ။

ဒါ့ကြောင့်သူဟာ အရမ်းစိတ်လှုပ်ရှားခဲ့ပြီး အများဆုံးလျှပ်စစ်အားဘယ်လောက်ထိ သူခံနိုင်ရည်ရှိမလဲဆိုတာကို သိချင်ခဲ့ပါတယ်။ ဒါ့ကြောင့်ရေအပြည့်ရှိတဲ့ပုံးထဲကို ၄၄၀ ဗို့အားရှိတဲ့ ဝိုင်ယာကြိုးချထားပြီး ပုံးထဲကိုရေထည့်ခဲ့စမ်းသပ်ခဲ့ကာ။ဒါပေမယ့်လည်း ဘာမှမဖြစ်ခဲ့ပါဘူး။ ရွာထဲကလူတွေအားလုံးကတော့ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ သူ့ကိုဆိုရင်လျှပ်စစ်လူသားလို့တောင်ခေါ်ဝေါ်နေကြပါပီး။

ဒါပေမယ့်လည်း ဘယ်သူကမှ ဒီကောင်လေးကို ဓာတ်တိုင်ပေါ်တက်ပြီး ဗို့အား ၁၁,၀၀၀ ရှိတဲ့ ဝါယာကြိုးကို ကိုင်ပြီးစမ်းသပ်ဖို့ အားမပေးခဲ့ပါဘူး။ သူကတော့ သူ့ခန္ဓာကိုယ်ဟာ ဘယ်လောက် ထိခံနိုင်လဲဆိုတာ သိချင်ရုံတစ်ခုထဲနှင့်လုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် အခုဆိုရင်တော့ သူဟာ လျှပ်စစ်မကူးနိုင်တဲ့လူသားစစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သေချာပါပြီ။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext