■လျှပ်စစ်ကိုနှောင့်ယှက်နိုင်တဲ့စက်တွေပါနိုင်တဲ့ UFO

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လျှပ်စစ်ကိုနှောင့်ယှက်နိုင်တဲ့စက်တွေပါနိုင်တဲ့ UFO

Area 51 က ကမ္ဘာပေါ်မှာ လူသိအများတုံး ပူးပေါင်းကြံစည်မှု သီအိုရီတွေရှိရာနေရာတစ်ခုပဲတော့မဟုတ်ပါဘူး။ ထို့အတူ အီရန်ဒေသရဲ့စစ်တပ်တွေကလည်း ၎င်းနည်းတူ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါသေးတယ်။ ပထမဆုံးဖြစ်တဲ့ ဖြစ်ရပ်တွေဟာ မြို့တော်တဲရန်မှာ ဖြစ်ခဲ့တာပါ။

၁၉၇၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်အစောပိုင်းအချိန်တွေမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုပြောပြပါမယ်။ထူးဆန်းတဲ့ အလင်းရောင်တွေ ကောင်းကင်မှာ တွေ့ခဲ့ပြီးနောက် တဲရန်မှာနေထိုင်တဲ့ပြည်သူတွေဟာ အလွန်ထိတ်လန့်သွားကြပြီး ထိုအရာတွေဟာ ရွေ့လျားနေတဲ့ အာကာသယာဥ်ပျံတွေနှင့်တူတယ်လို့ ပြောကြားကြပါတယ်။

အီရန် ဗိုလ်ချုပ် ယူဆက်ဖီက သူကိုယ်တိုင် အပြင်ထွက်ပြီး ကြည့်ကြည့်ရာသူကိုယ်တိုင်လဲ ထိုအလင်းရောင်တွေကိုတွေ့ရှိခဲ့တာပါ။ သူဟာ ရုတ်ချည်းဆိုသလို အီရန် စစ်တပ်ရဲ့ F4 ဖန်တွန်ကို စစ်ဆေးဖို့အတွက် လွှတ်ခဲ့ပါတယ်။

သူတို့ဟာ ပိုနီးလာလေလေ စက်ပစ္စည်းတွေဟာ ပိုပြီး ထိန်းချုပ်လို့မရပဲ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။
စစ်သားတွေက UFO နားက ထွက်ခွာသွားတဲ့အချိန်မှ လျှပ်စစ်မီးတွေ ပြန်ရခဲ့တာပါ။

ဆိုလိုချင်တာကတော့ ဒီလိုUFO မျိုးမှာ လျှပ်စစ်ကို နှောင့်ယှက်နိုင်တဲ့ စက်တွေပါနိုင်ပြီး ယာဥ်မှူးတစ်ယောက်ကတော့ UFO ရဲ့ အဓိကဝင်ပေါက်ကနေ မီးအလင်းရောင်ပါတဲ့ ပစ္စည်းတစ်ခု ပစ်ချသွားတာကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext