“လျှပ်စစ်ကားတွေမှာ သုံးတဲ့ ဘရိတ် စနစ်” (နှစ်ပေါင်းများစွာ ကြာအောင် လဲစရာမလိုပဲ သုံးရပါတယ်တဲ့)


“လျှပ်စစ်ကားတွေမှာ သုံးတဲ့ ဘရိတ် စနစ်” (နှစ်ပေါင်းများစွာ ကြာအောင် လဲစရာမလိုပဲ သုံးရပါတယ်တဲ့)

“လျှပ်စစ်ကား (EV) တွေမှာ သုံးတဲ့ Break System”

ဖတ်ရင်းနဲ့ တခု သိရတာက လျှပ်စစ်ကား (EV) တွေမှာသုံးတဲ့ Break System ပါ ။ သူကတော့ ICE ကားတွေနဲ့ တော်တော်ကွဲပါတယ်။ Regenerative Braking System လို့သုံးပါတယ်။

နောက် မောင်းတဲ့ စနစ်ကလဲ One Pedal Driving စနစ်ပါ။ ကားကို လီဘာတခုထဲနဲ့ အနှေး အမြန်ရော ဘရိတ်ပါ ပါအောင် လုပ်ထားတာပါတဲ။ ICE တွေမှာတော့ ကားကို နှေးချင်ရင် ဘရိတ်ကို နင်းပေးရပေမဲ့ လျှပ်စစ်ကား (EV) မှာ နင်းပေးစရာ မလိုပါဖူးတဲ့။

EV မှာတော့ ကားကို နှေးလိုက်တဲ့ အချိန်မှာ မော်တာ ကနေ Generator အဖြစ်ပြောင်းသွားပြီး Battery ကို အားပြန်သွင်းပေးပါတယ်။ အဲဒါ နဲ့ အတူ Magnetic Field ကြောင့် Rotor ကို အရှိန်နှေးပြီး ဆွဲရပ်ပါတယ်။ Electrical သဘောတရားသိတဲ့ သူဆို ဒါကို နားလည်ပါတယ်။ Electrical Energy to Kinetic Energy ကနေ Kinetic Energy to Electrical Energy ကိုပြောင်းသွားတာပါ။

နားလည် လွယ်အောင် ပြောရမယ်ဆိုရင် ကားကို မောင်းတဲ့အခါ Power ပေးထားတယ်။ အဲတော့ မော်တာလည်တယ်။ နှေးချင်တဲ့အခါ Power ဖြတ်လိုက်တယ်။ ကားက ဆက်သွားနေတယ်။ အဲဒီမှာ မော်တာက လျှပ်စစ် သဘောတရားအရ Rotor က ဆက်လည်နေတုန်းပဲ။ အဲတော့ Motor ကနေ Generator ပြောင်းသွားပြီး အရှိန်လျော့ သွားတာပါ။

EV မှာ ဘရိတ် မပါဖူးလားဆိုတော့ Hydraulic System ဘရိတ်တွေ ပါပါတယ်။ အဲဒါက လုံးဝ ရပ်နေချိန်မှာ မလိမ့်အောင် နင်းထားဖို့ပဲ သုံးပါတယ်တဲ့။

ဒီတော့ Research တွေရဲ့ အဆိုအရ EV ကားတွေမှာ ဘရိတ်ကို အလွန်သုံးရခဲတဲ့အတွက် Break Shoe တွေက နှစ်ပေါင်းများစွာ ကြာအောင် သုံးရပါတယ်တဲ့။ Break Shoe တွေ မလဲရတော့ဘူးပေါ့ခင်ဗျာ။ (Kyaw Oo, EI Engineering)




1

Crd

Crd