လေ့လာမှုတွေအရ အိမ်မှုကိစ္စနိုင်နင်းတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ မငြင်းနိုင်ဘူး

News

လေ့လာမှုတွေအရ အိမ်မှုကိစ္စတွေမှာ ပါဝင်ကူညီလုပ်ဆောင်ပေးတက်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေအတွက် ပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့ တွေ့ရှိထားပါတယ်။ Kwee page ဒီနေ့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို မျှဝေပေးသွားမှာပါ။

အမျိုးသမီးတွေရဲ့ အမြင်အရ အိမ်မှုကိစ္စ (အဝတ်လျှော်တာ၊ တံမြတ်စည်းလှဲတာ၊ ပန်းကန်ဆေးတာ၊ ထမင်းချက်တာ) တွေ လုပ်တဲ့အမျိုးသားတွေဟာ သူတို့အတွက် ပိုပြီးဆွဲဆောင်မှုရှိစေတဲ့အပြင် လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ရာခိုင်နှုန်းပိုများကြောင်း သိရပါတယ်။

ယနေ့ခေတ်တွင် အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အပြင်ထွက်ပြီး အချိန်ပြည့်အလုပ်လုပ်နေကြပါပြီ။ ဒါ့ကြောင့် တစ်ချို့ အိမ်ထောင်စုတွေမှာ အိမ်မှုကိစ္စတွေကို ယောက်ျား မိန်းမ အလှည့်ကျ (သို့) ခွဲဝေပြီး လုပ်ဆောင်နေကြပါပြီ။ ဒီလိုလုပ်လေ့ရှိတဲ့ အိမ်ထောင်စုတွေက တခြားအိမ်ထောင်စုတွေထက် ပိုမိုခိုင်မြဲကြောင်း ကျွမ်းကျင်သူတွေက တွေ့ရှိထားပါတယ်။

တခြားကျွမ်းကျင်သူတွေပြုလုပ်ထားတဲ့ လေ့လာမှုတွေမှာတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ သူတို့ရဲ့ အမျိုးသားတွေအနေနဲ့ အိမ်မှုကိစ္စတွေ ကူလုပ်ပေးခြင်းက သူတို့ကိုပိုပြီး ချစ်ခင်နှစ်သက်မှုဖြစ်စေကြာင်း အချစ်သ‌င်္ကေတ တစ်ခုအဖြစ် မှတ်ယူကြောင်း အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။

လူအများထင်မြင်ယူဆထားကြတာကတော့ ကလေးထိန်းပေးတာ၊ ညစာပြင်ဆင်ပေးတာ၊ ကြမ်းတိုက်တာ စသဖြင့် အိမ်မူကိစ္စအဝဝကို ပုံမှန်ပြုလုပ်နေသူဟာ ပုံမှန်ထက် ယောက်ျားပီသမူ လျှော့နည်းတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် ပြောင်းပြန်ပါ။ အခုလိုတွေ လုပ်တာဟာ အမျိုးသားတွေကို ပိုပြီးဆွဲဆောင်မှုရှိစေသလို relationship ကိုပိုပြီးတည်မြဲစေကြောင်း လေ့လာမှုတွေက ထောက်ပြထားကြပါတယ်။

ပြီးတော့ အဖေဖြစ်သူက အခုလို အိမ်မှုကိစ္စလုပ်ခြင်းက ကလေးအတွက်စံပြဖြစ်စေပါတယ်။ အဖေဖြစ်သူနဲ့ အိမ်မှုကိစ္စကူညီလုပ်ကိုင်ပေးတဲ့ ကလေးတွေဟာ ကျောင်းစာသင်ခန်းထဲတွင် အပေါင်းအသင်းဝင်ဆန့်ပြီး ဆရာ/မ တွေရဲ့စကားကိုလည်း နားထောင်ကာ ဆိုးသွမ်းတဲ့အပြုအမူတွေ စိတ်ဓာတ်ကျတာတွေ နည်းတယ်လို့ ကျွမ်းကျင်သူတွေက တွေ့ရှိထားကြပါတယ်။

Leave a Reply