လေယာဥ်အဟောင်းတစ်စီးကို ဝယ်ယူပြီး နေအိမ်ပုံစံ အဆင့်မြင့် ဘတ်စ်ကားတစ်စီးဖြစ်အောင် ကိုယ်တိုင်ဖန်တီးတည်ဆောက်ပြီး နယ်လှည့်ကာခရီးထွက်ခဲ့သည့် အမျိုးသား

News Social News

လေယာဥ်တစ်စီးကို ကားတစ်စီးကဲ့သို့ မောင်းနှင်ပြီး နယ်လှည့်ကာ ခရီးသွားနေလိမ့်မည်ဟု တစ်ဦးတစ်ယောက်ကမှ စဥ်းစားမိလိမ့်မည်မဟုတ်ပေ။အမေရိကန်နိုင်ငံလေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Gino Lucciဆိုသည့် စစ်မှုထမ်းဟောင်း အမျိုးသားကတော့ လေယာဥ်ကို ကားတစ်စီးဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။

သူဟာ ငယ်စဥ်ကတည်းက တည်ဆောက်ကြည့်ဖိုး စိတ်ကူးရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ထို့နောက်တွင် သက်တမ်းကုန်ဆုံးလို့ မသုံးတော့သည့် လေယာဥ်အဟောင်းကြီးကို ဝယ်ယူခဲ့ပြီး အဆင်မြင့်အိမ်ဘတ်စ်ကားကို တစ်နှစ်ကြာအောင် ဖန်တီးတည်ဆောက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ကားပေါ်တွင် ရေချိုးခန်းအိမ်သာ မီးဖိုခန်းကအစပါဝင်ပြီး နိုင်ငံအနှံခရီးသွားလာနိုင်ရန်အတွက် လိုင်စင်တင်သွင်းရာမှာလည်း အောင်မြင်နေခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd