■‌လေယာဥ်အင်ဂျင်မှာရှိသော ခရုခွေနဲ့ ပြတင်းပေါက်မှအပေါက်ငယ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■‌လေယာဥ်အင်ဂျင်မှာရှိသော ခရုခွေနဲ့ ပြတင်းပေါက်မှအပေါက်ငယ်

ဘာလို့လေယာဉ်အင်ဂျင်မှာခရုခွေအမှတ်အသားလေးပါနေတာလဲ?
ဒီအမှတ်အသားလေးတွေကလေယာဉ်ပေါ်မူတည်ပြီးပုံသဏ္ဍာန်အရွယ်အစားမတူကြပါဘူး။ဒါလေးတွေပါနေတဲ့အကြောင်းကတော့မြေပြင်ကအလုပ်သမားကိုကာကွယ်ပေးဖို့ပါ။

ကျယ်လောင်တဲ့အသံကြီးနဲ့တင်လေယာဉ်စက်နှိုးနေတာသိသာနေပြီမဟုတ်လားလို့သင်တို့တွေးကောင်းတွေးနိုင်ပါတယ်။သူတို့မှာအသံကာကွယ်ပေးတဲ့ကိရိယာတပ်ထားတဲ့အပြင်မြေပြင်မှာလေယာဉ်တွေအများကြီးရှိနေတာကြောင့်ဘယ်တစ်စီးကစက်နှိုးလိုက်တယ်ဆိုတာသာမာန်နားနဲ့သိနိုင်ဖို့မလွယ်ကူပါဘူး။ဒါကြောင့်ဒီအမှတ်အသားတွေကဝေးဝေးမှာနေဖို့တိတိကျကျအချက်ပေးနေတာပါ။

လေယာဉ်ပြတင်းပေါက်မှာဘာလို့အပေါက်ငယ်လေးတွေရှိနေတာလဲ?
သေချာကြည့်မယ်ဆိုရင်ပြတင်းပေါက်တိုင်းမုာမှန်ချပ်၃ချပ်ပါပြီးတော့အလယ်တစ်ချပ်မှာအပေါက်ငယ်လေးပါနေတာကိုတွေ့ရမှာပါ။

လေယာဉ်ကအမြင့်ကိုရောက်လာရင်လေယာဉ်အတွင်းနဲ့အပြင်မှာလေဖိအားကွာခြားမှုများလာပါတယ်။ဒီအပေါက်ငယ်လေးကလေဖိအားကွာခြားမှုကိုချိန်ညှိပေးပြီးခရီးသည်တွေအောက်ဆီဂျင်မပြတ်လပ်အောင်လည်းကူညီပေးနေတာပါ။

ဒါ့အပြင်အပူချိန်ကွာခြားမှုလည်းများတာကြောင့်ဒီအပေါက်လေးကလေယာဉ်ပြတင်းပေါက်တွေကိုအငွေ့ရိုက်ခြင်းကနေလည်းကာကွယ်ပေးပါသေးတယ်။

Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■‌ေလယာဥ္အင္ဂ်င္မွာရွိေသာ ခ႐ုေခြနဲ႔ ျပတင္းေပါက္မွအေပါက္ငယ္

ဘာလို႔ေလယာဥ္အင္ဂ်င္မွာခ႐ုေခြအမွတ္အသားေလးပါေနတာလဲ?
ဒီအမွတ္အသားေလးေတြကေလယာဥ္ေပၚမူတည္ၿပီးပုံသ႑ာန္အရြယ္အစားမတူၾကပါဘူး။ဒါေလးေတြပါေနတဲ့အေၾကာင္းကေတာ့ေျမျပင္ကအလုပ္သမားကိုကာကြယ္ေပးဖို႔ပါ။

က်ယ္ေလာင္တဲ့အသံႀကီးနဲ႔တင္ေလယာဥ္စက္ႏွိုးေနတာသိသာေနၿပီမဟုတ္လားလို႔သင္တို႔ေတြးေကာင္းေတြးနိုင္ပါတယ္။သူတို႔မွာအသံကာကြယ္ေပးတဲ့ကိရိယာတပ္ထားတဲ့အျပင္ေျမျပင္မွာေလယာဥ္ေတြအမ်ားႀကီးရွိေနတာေၾကာင့္ဘယ္တစ္စီးကစက္ႏွိုးလိုက္တယ္ဆိုတာသာမာန္နားနဲ႔သိနိုင္ဖို႔မလြယ္ကူပါဘူး။ဒါေၾကာင့္ဒီအမွတ္အသားေတြကေဝးေဝးမွာေနဖို႔တိတိက်က်အခ်က္ေပးေနတာပါ။

ေလယာဥ္ျပတင္းေပါက္မွာဘာလို႔အေပါက္ငယ္ေလးေတြရွိေနတာလဲ?
ေသခ်ာၾကည့္မယ္ဆိုရင္ျပတင္းေပါက္တိုင္းမုာမွန္ခ်ပ္၃ခ်ပ္ပါၿပီးေတာ့အလယ္တစ္ခ်ပ္မွာအေပါက္ငယ္ေလးပါေနတာကိုေတြ႕ရမွာပါ။

ေလယာဥ္ကအျမင့္ကိုေရာက္လာရင္ေလယာဥ္အတြင္းနဲ႔အျပင္မွာေလဖိအားကြာျခားမႈမ်ားလာပါတယ္။ဒီအေပါက္ငယ္ေလးကေလဖိအားကြာျခားမႈကိုခ်ိန္ညႇိေပးၿပီးခရီးသည္ေတြေအာက္ဆီဂ်င္မျပတ္လပ္ေအာင္လည္းကူညီေပးေနတာပါ။

ဒါ့အျပင္အပူခ်ိန္ကြာျခားမႈလည္းမ်ားတာေၾကာင့္ဒီအေပါက္ေလးကေလယာဥ္ျပတင္းေပါက္ေတြကိုအေငြ႕ရိုက္ျခင္းကေနလည္းကာကြယ္ေပးပါေသးတယ္။

Ref:youtube
Trans:thegeektext