လေယာဉ်တွေ ဖြတ်မပျံနိုင်တဲ့ နယ်မြေတစ်ခု

News

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေလယာဥ္ေတြ ျဖတ္မပ်ံႏိုင္တဲ့ နယ္ေျမတစ္ခု

ကမာၻတလႊားမွာ ေလယာဥ္ေတြနဲ႔ ျဖတ္ေက်ာ္ပ်ံသန္း ခရီးသြားေနၾကတာ သင္အသိပါ။ ဒါေပမဲ့ သင္မသိတာရွိပါတယ္။

အဲဒီေနရာကို ဘယ္ေလယာဥ္မွ ျဖတ္ေက်ာ္ၿပီး မပ်ံသန္းၾကပါဘူးတဲ့။ အဲဒီနယ္ေျမတစ္ခုက အမွန္တကယ္ ရွိေနပါတယ္ဆိုတာကိုေပါ့။

တိဘက္ကုန္းျပင္ျမင့္ကို ဘယ္ေလယာဥ္မွ ျဖတ္ေက်ာ္ပ်ံသန္းျခင္း မရွိပါဘူးတဲ့။ တိဘက္ကုန္းျပင္ျမင့္ဟာ အက်ယ္အဝန္း ၉၇၀,၀၀၀ စတုရန္းမိုင္ က်ယ္ဝန္းပါတယ္။

ဒီေနရာကို ကမာၻ႔ ေခါင္မိုးစြန္းလို႔ တင္စားေခၚေဝၚၾကပါတယ္။ သင္ဟာ ပ်ံသန္းမႈလမ္းေၾကာင္းေတြကို အင္တာနက္မွာရွာေဖြၾကည့္ရင္‌ေတာ့

အံ့ဩစရာ ဒီေနရာကို ေရွာင္ကြင္း ပ်ံသန္းေနၾကတာကို ေတြ႕ရမွာပါ။( flight radar24 ကို အက္ပ္ ထားရင္ သိသာပါတယ္။)

ပိုမိုေသခ်ာေစတာကေတာ့ Tibet Airlines ျဖစ္တဲ့ Lhasa Conggar Airlines ရဲ႕ခရီးစဥ္ကို ၾကည့္ရင္သိသာပါတယ္။ သူက တိဘက္ ကို သြားႏိုင္တဲ့ တစ္ခုတည္းေသာ ခရီးစဥ္ပါ။

က်န္တာက တ႐ုပ္ႏိုင္ငံကတဆင့္ပဲ သြားလို႔ရပါတယ္။ ဒါက သဘာဝလြန္ ျဖစ္ရပ္ေၾကာင့္လားဆိုေတာ့ မဟုတ္ပါဘူး။ ႏိုင္ငံေရးအရလား ဆိုျပန္ေတာ့လဲ မဟုတ္ျပန္ပါဘူး။

တကယ္ေတာ့ အေျခအေနေတြက ျဖတ္ပ်ံဖို႔ မျဖစ္ႏိုင္ေအာင္ သဘာဝတရားက ဖန္တီးထားလို႔ပါ။ရွင္းျပပါ့မယ္။

တိဗက္ကုန္းျမင့္ဟာ ေပ ၁၄၀၀၀ အျမင့္ အနဲဆုံး ရွိပါတယ္။ ေလယာဥ္က ဒီအျမင့္ထက္ ပိုပ်ံသန္းႏိုင္ေပမဲ့ အေရးေပၚ အေျခအေနမွာ

ေပ ၁၀၀၀၀ ကို ဆင္းသက္ရမွာ မ်ိဳးရွိပါတယ္။ ဥပမာ ေအာက္ဆီဂ်င္ လိုအပ္တဲ့ အေျခအေန မ်ိဳးပါ။ ၿပီးရင္အေရးေပၚ ဆင္းရမဲ့ ကြင္းကို ျပန္လွည့္ရပါမယ္။

တိဗက္က ေပ ၁၄၀၀၀ အနဲဆုံးရွိတာဆိုေတာ့ အဆင္မေျပပါဘူး။ (ဒီအေၾကာင္း သီးသန္႔ေရးျပပါမယ္။Pressurization စနစ္အေၾကာင္းပါ။)

ေပ ၁၀၀၀၀ ကို ဆင္းေနစဥ္မွာ ခရီးသည္ေတြအတြက္ ေအာက္ဆီဂ်င္လိုပါတယ္။ ေလယာဥ္ေတြမွာ အေရးေပၚ ေအာက္ဆီဂ်င္ကို မိနစ္ ၂၀ အတြက္သာ ထည့္သြင္းထားတာျဖစ္လို႔

တိဗက္အေပၚမွာ ျဖတ္ပ်ံခဲ့ရင္ မလုံေလာက္ပါဘူး။ေနာက္တစ္ခုက ဒီနယ္ေျမမွာ အေရးေပၚဆင္းသက္ဖို႔ ေလယာဥ္ကြင္းကလဲ မရွိပါဘူး။

Turbulence လို႔ေခၚတဲ့ ေလစီးေၾကာင္းေတြကလဲ ျပႆနာ တစ္ခုပါ။ ေတာင္ထူထပ္တဲ့အျပင္ ေတာင္ၾကားေတြကို ျဖတ္သန္းတိုက္ခတ္ေနတဲ့ ေလေၾကာင့္

ေလယာဥ္ကို cross wind effect ျဖစ္ေစပါတယ္။ ေလယာဥ္ကို ထိန္းသိမ္းရ ခက္ခဲပါတယ္။ဒါကို ေလယာဥ္မႉးေတြသာ သိၾကပါတယ္။

ဒါ့အျပင္ ျမင့္မားတဲ့ အေနအထားကေန ပ်ံသန္းရင္ အပူခ်ိန္ဟာ အလြန္အမင္းက်ဆင္းတဲ့အေျခအေနနဲ႔ ႀကဳံရပါတယ္။ေလယာဥ္ဆီ Jet A1 ဟာ -47 ဒီဂရီ စင္တီဂရိတ္မွာ ေအးခဲပါတယ္။

တိဗက္ေပၚက ပ်ံမယ္ဆိုရင္ ဒီလို အပူခ်ိန္ နဲ႔ႀကဳံရႏိုင္ပါတယ္။ တိဗက္ေပၚ ၾကာၾကာပ်ံေလ ဒီျပႆနာနဲ႔ ႀကဳံရေလျဖစ္ရင္ ဆီေတြေအးခဲၿပီး အင္ဂ်င္ေတြ ရပ္သြားမွာျဖစ္ပါတယ္။

ေခတ္ေပၚနည္းပညာေတြက ေက်ာ္လႊားႏိုင္ပါေစအုံး ဒီနယ္ေျမကိုျဖတ္ဖို႔ အက်ိဳးအျမတ္က နဲေနေသးပါတယ္။

ဟိမဝႏၲာ ေတာင္တန္းႀကီးေတြေၾကာင့္ ဒီနယ္ေျမဟာ ခုထိေတာ့ ဘယ္ေလယာဥ္မွ မျဖတ္က်‌ေသးပါဘူး။ လိုလဲမလိုအပ္ပါဘူး။

အိႏၵိယကတဆင့္ ေသာ္၎ တ႐ုပ္ကတဆင့္ေသာ္၎ သြားလို႔ရပါတယ္။

အရင္က တင္ျပခဲ့ဖူးတဲ့ ဘူတန္ႏိုင္ငံအေၾကာင္းကို မွတ္မိၾကပါလိမ့္မယ္။ ၈ ေယာက္ေသာ ပိုင္းေလာ့ေတြသာ ဘူတန္ေလဆိပ္ကို ဆင္းသက္ႏိုင္တယ္ဆိုတာပါ။

အလားတူပါဘဲ တိဗက္ကို ဆင္းသက္ႏိုင္တဲ့ ပိုင္းေလာ့ေတြလဲ အနည္းငယ္သာရွိၿပီး ခုထိေတာ့ တိဗက္ေလပိုင္နက္ဟာ ေရွာင္ကြင္းပ်ံသန္းစရာ ေနရာတစ္ခု ျဖစ္ေနဆဲပါလို႔ တင္ျပလိုက္ရပါတယ္။

Credit- Knight News

Unicode

လေယာဉ်တွေ ဖြတ်မပျံနိုင်တဲ့ နယ်မြေတစ်ခု

ကမ္ဘာတလွှားမှာ လေယာဉ်တွေနဲ့ ဖြတ်ကျော်ပျံသန်း ခရီးသွားနေကြတာ သင်အသိပါ။ ဒါပေမဲ့ သင်မသိတာရှိပါတယ်။

အဲဒီနေရာကို ဘယ်လေယာဉ်မှ ဖြတ်ကျော်ပြီး မပျံသန်းကြပါဘူးတဲ့။ အဲဒီနယ်မြေတစ်ခုက အမှန်တကယ် ရှိနေပါတယ်ဆိုတာကိုပေါ့။

တိဘက်ကုန်းပြင်မြင့်ကို ဘယ်လေယာဉ်မှ ဖြတ်ကျော်ပျံသန်းခြင်း မရှိပါဘူးတဲ့။ တိဘက်ကုန်းပြင်မြင့်ဟာ အကျယ်အဝန်း ၉၇၀,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

ဒီနေရာကို ကမ္ဘာ့ ခေါင်မိုးစွန်းလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်ဟာ ပျံသန်းမှုလမ်းကြောင်းတွေကို အင်တာနက်မှာရှာဖွေကြည့်ရင်‌တော့

အံ့ဩစရာ ဒီနေရာကို ရှောင်ကွင်း ပျံသန်းနေကြတာကို တွေ့ရမှာပါ။( flight radar24 ကို အက်ပ် ထားရင် သိသာပါတယ်။)

ပိုမိုသေချာစေတာကတော့ Tibet Airlines ဖြစ်တဲ့ Lhasa Conggar Airlines ရဲ့ခရီးစဉ်ကို ကြည့်ရင်သိသာပါတယ်။ သူက တိဘက် ကို သွားနိုင်တဲ့ တစ်ခုတည်းသော ခရီးစဉ်ပါ။

ကျန်တာက တရုပ်နိုင်ငံကတဆင့်ပဲ သွားလို့ရပါတယ်။ ဒါက သဘာဝလွန် ဖြစ်ရပ်ကြောင့်လားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရလား ဆိုပြန်တော့လဲ မဟုတ်ပြန်ပါဘူး။

တကယ်တော့ အခြေအနေတွေက ဖြတ်ပျံဖို့ မဖြစ်နိုင်အောင် သဘာဝတရားက ဖန်တီးထားလို့ပါ။ရှင်းပြပါ့မယ်။

တိဗက်ကုန်းမြင့်ဟာ ပေ ၁၄၀၀၀ အမြင့် အနဲဆုံး ရှိပါတယ်။ လေယာဉ်က ဒီအမြင့်ထက် ပိုပျံသန်းနိုင်ပေမဲ့ အရေးပေါ် အခြေအနေမှာ

ပေ ၁၀၀၀၀ ကို ဆင်းသက်ရမှာ မျိုးရှိပါတယ်။ ဥပမာ အောက်ဆီဂျင် လိုအပ်တဲ့ အခြေအနေ မျိုးပါ။ ပြီးရင်အရေးပေါ် ဆင်းရမဲ့ ကွင်းကို ပြန်လှည့်ရပါမယ်။

တိဗက်က ပေ ၁၄၀၀၀ အနဲဆုံးရှိတာဆိုတော့ အဆင်မပြေပါဘူး။ (ဒီအကြောင်း သီးသန့်ရေးပြပါမယ်။Pressurization စနစ်အကြောင်းပါ။)

ပေ ၁၀၀၀၀ ကို ဆင်းနေစဉ်မှာ ခရီးသည်တွေအတွက် အောက်ဆီဂျင်လိုပါတယ်။ လေယာဉ်တွေမှာ အရေးပေါ် အောက်ဆီဂျင်ကို မိနစ် ၂၀ အတွက်သာ ထည့်သွင်းထားတာဖြစ်လို့

တိဗက်အပေါ်မှာ ဖြတ်ပျံခဲ့ရင် မလုံလောက်ပါဘူး။နောက်တစ်ခုက ဒီနယ်မြေမှာ အရေးပေါ်ဆင်းသက်ဖို့ လေယာဉ်ကွင်းကလဲ မရှိပါဘူး။

Turbulence လို့ခေါ်တဲ့ လေစီးကြောင်းတွေကလဲ ပြဿနာ တစ်ခုပါ။ တောင်ထူထပ်တဲ့အပြင် တောင်ကြားတွေကို ဖြတ်သန်းတိုက်ခတ်နေတဲ့ လေကြောင့်

လေယာဉ်ကို cross wind effect ဖြစ်စေပါတယ်။ လေယာဉ်ကို ထိန်းသိမ်းရ ခက်ခဲပါတယ်။ဒါကို လေယာဉ်မှူးတွေသာ သိကြပါတယ်။

ဒါ့အပြင် မြင့်မားတဲ့ အနေအထားကနေ ပျံသန်းရင် အပူချိန်ဟာ အလွန်အမင်းကျဆင်းတဲ့အခြေအနေနဲ့ ကြုံရပါတယ်။လေယာဉ်ဆီ Jet A1 ဟာ -47 ဒီဂရီ စင်တီဂရိတ်မှာ အေးခဲပါတယ်။

တိဗက်ပေါ်က ပျံမယ်ဆိုရင် ဒီလို အပူချိန် နဲ့ကြုံရနိုင်ပါတယ်။ တိဗက်ပေါ် ကြာကြာပျံလေ ဒီပြဿနာနဲ့ ကြုံရလေဖြစ်ရင် ဆီတွေအေးခဲပြီး အင်ဂျင်တွေ ရပ်သွားမှာဖြစ်ပါတယ်။

ခေတ်ပေါ်နည်းပညာတွေက ကျော်လွှားနိုင်ပါစေအုံး ဒီနယ်မြေကိုဖြတ်ဖို့ အကျိုးအမြတ်က နဲနေသေးပါတယ်။

ဟိမဝန္တာ တောင်တန်းကြီးတွေကြောင့် ဒီနယ်မြေဟာ ခုထိတော့ ဘယ်လေယာဉ်မှ မဖြတ်ကျ‌သေးပါဘူး။ လိုလဲမလိုအပ်ပါဘူး။

အိန္ဒိယကတဆင့် သော်၎င်း တရုပ်ကတဆင့်သော်၎င်း သွားလို့ရပါတယ်။

အရင်က တင်ပြခဲ့ဖူးတဲ့ ဘူတန်နိုင်ငံအကြောင်းကို မှတ်မိကြပါလိမ့်မယ်။ ၈ ယောက်သော ပိုင်းလော့တွေသာ ဘူတန်လေဆိပ်ကို ဆင်းသက်နိုင်တယ်ဆိုတာပါ။

အလားတူပါဘဲ တိဗက်ကို ဆင်းသက်နိုင်တဲ့ ပိုင်းလော့တွေလဲ အနည်းငယ်သာရှိပြီး ခုထိတော့ တိဗက်လေပိုင်နက်ဟာ ရှောင်ကွင်းပျံသန်းစရာ နေရာတစ်ခု ဖြစ်နေဆဲပါလို့ တင်ပြလိုက်ရပါတယ်။

Credit- Knight News

Post Views:
4

Crd