လူမပြောနဲ့ ဂဏန်းတောင်မှ သွားလာမှု အဆင်ပြေစေဖို့ အခွင့်အရေး အပြည့်အဝရတဲ့ နိုင်ငံ

တနှစ်တကြိမ် ပင်လယ်ထဲကို သားဖောက်ဖို့ဆင်းတဲ့ သန်းနဲ့ချီတဲ့ သြစတြေးလျက ဂဏန်းအနီကောင်တွေ..

သြစတြေးလျနိုင်ငံ အလယ်ပိုင်းဒေသက ခရစ်စမတ်ကျွန်းပေါ်မှာ နှစ်စဥ်သူတို့အဖွဲ့လာချိန်ရောက်ရင် လမ်းတွေပိတ်ကာ သူတို့သွားလာမှုအဆင်ပြေစေရေး အစိုးရက စီစဉ်ဆောင်ရွက်ပေးပါတယ်။ တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်တွေမယ် လူတွေမပြောနဲ့ တိရိစ္ဆာန်တွေတောင်မှ သူတို့ဂုဏ်သိက္ခာနဲ့သူတို့ နေထိုင်သွားလာပိုင်ခွင့်ရှိကြပါတယ်။ (Francis Zin)

ဩစတြေးလျနိုင်ငံ အနောက်ဩစတြေးလျပြည်နယ် ကမ်းလွန်ရှိ ခရစ်စမတ်ကျွန်းပေါ်မှာ ယခုရက်ပိုင်းအတွင်းမှ စတင်ကာ ဂဏန်းအုပ်စုကြီး ဖြတ်သန်းသွားနေတာ ဒေသခံတွေ တွေ့ခဲ့ကြရကြောင်း နိုင်ငံတကာသတင်းဌာနက ဖော်ပြပါတယ်။ “ဒီနှစ် ဂဏန်းတွေ ‌ရွှေ့ပြောင်းမှုကတော့ လုံးဝ အကြီးစားပဲ” လို့ ခရစ်မတ်ကျွန်းအမျိုးသားဥယျာဥ် (Christmas Island National Park) သဘာဝအရင်းအမြစ်ဆိုင်ရာ မန်နေဂျာ Brendan Tiernan က ပြောပါတယ်။

“လမ်းမတွေပေါ်မှာ ဂဏန်းနီတွေ အပြည့်ပဲ၊ ဂဏန်းအုပ်စုကြီးတွေကြောင့် ဒီကျွန်းငယ်လေးပေါ်မှာ ယာဥ်ကြောပိတ်ဆို့မှုပါ ဖြစ်ကုန်တယ်” လို့ ၎င်းကဆိုပါတယ်။ ဂဏန်းများ မျိုးပွားကြရန် တောအုပ်ထဲကနေ ပင်လယ်သမုဒ္ဒရာသို့ ရွှေ့ပြောင်းကြခြင်းဟာ ဂေဟစနစ်ဖြစ်စဥ်တစ်ခု ဖြစ်ပြီး ယခုပမာဏအထိ များပြားလှတဲ့ ဂဏန်းအုပ်စုကြီး ရွှေ့ပြောင်းတာကိုတော့ အခြား ကမ္ဘာ့နေရာဒေသတွေမှာ မတွေ့ရဘူးလို့ Brendan Tiernan က မှတ်ချက်ပြုပါတယ်။

“တစ်ခါတစ်ရံ ဒီကျွန်းကို ဂဏန်းနီကျွန်းလို့ ခေါ်ကြတယ်၊ ကျွန်းမှာရှိတဲ့ လူတွေက ဂဏန်းနီတွေဟာ ကျွန်တော်တို့ရဲ့ ဂေဟစနစ်နဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေး၊ ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုအရေးပါတယ်ဆိုတာ သိနားလည်ကြပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဂဏန်းတွေဟာ မိတ်လိုက်ပြီးနောက် ဂဏန်းအထီးတွေက တောထဲသို့ ပြန်လာကြပြီး ဂဏန်းအမတွေကတော့ ဥဥရန် မြေကျင်းတွေထဲမှာ နှစ်ပတ်ကြာခန့် နေခဲ့ကြပါတယ်။ ဂဏန်းအမတစ်ကောင်ဟာ ဥအရေအတွက် ၁၀၀,၀၀၀ အထိ ဥနိုင်တယ်လို့ ဆိုပါတယ်။

ခရစ်စမတ်ကျွန်းမှ ဂဏန်းနီတွေဟာ ထိုကျွန်းရဲ့ ထူးခြားမှုတစ်ရပ်ဖြစ်ပြီး ၎င်းတို့ကို ဩစတြေးဥပဒေအရ ကာကွယ်စောင့်ရှောက်ထားကြောင်း သိရပါတယ်။

 

Crd