လူပေါင်း ခြောက်သောင်းထိ နေထိုင်နိုင်မယ့် ပင်လယ်ထဲက ရေပေါ်မြို့တော်

လူပေါင်း ခြောက်သောင်းထိ နေထိုင်နိုင်မယ့် ပင်လယ်ထဲက ရေပေါ်မြို့တော်

အီတလီရဲ့ နာမည်ကျော် ဒီဇိုင်းဗိသုကာကုမ္ပဏီ Lazzarini က လူဦး‌ရေ ၆၀,၀၀၀ အထိ တည်းခိုနိုင်မည့် အလွန့် အလွန် ကြီးမားတဲ့ ဧရာမ လိပ်ပုံသဏ္ဍာန် ဇိမ်ခံသင်္ဘောကြီးတစ်စီးကို ဆော်ဒီအာရေးဗျနိုင်ငံမှာ တည်ဆောက်ဖို့အတွက် အစီအစဉ်များရေးဆွဲကာ အဆိုပြုထားပြီး ဖြစ်ပါတယ်။

ဒီ လိပ်ပုံသဏ္ဍာန် ဇိမ်ခံသင်္ဘောကြီးကို Pangeos လို့ အမည်ပေးထားပြီး ရေပေါ်မြို့တော်တစ်ခုသဖွယ် ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

သင်္ဘောကြီး‌ပေါ်မှာ စျေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ပန်းခြံများနှင့် လေယာဉ်ပြေးလမ်းများ၊ရဟတ်ယာဉ်ကွင်း ပါရှိမည်ဖြစ်ကာ အားလုံးကို ဆိုလာစွမ်းအင်ဖြင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ဆောက်လုပ်ထားတဲ့ တိုက်ခန်းများ၊ အိမ်များ၊ စူပါဗီလာများနဲ့ တော်ဝင်နန်းတော်များမှာလည်း ဧည့်သည်တွေ တည်းခိုနေနိုင်မည် ဖြစ်ပါတယ်။

သင်္ဘောကြီး‌ကို တည်ဆောက်မည်ဆိုပါက (၈)နှစ် ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်က‌တော့ စတာလင်ပေါင် ၆.၈ ဘီလီယံလောက် ရှိတယ်လို့ သိရပါတယ်။

Pangeos ဟာ အလျားပေ ၁,၈၀၀ နှင့် အနံပေ ၂,၀၀၀ ရှိမည်ဖြစ်ပြီး တည်ဆောက်မည်ဆိုပါက ဒီ‌ ရေပေါ်မြို့တော် သင်္ဘောကြီးဟာ တည်ဆောက်ဖူးသမျှ အကြီးမားဆုံး ရေပေါ်တည်ဆောက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

Lazzarini အဖွဲ့အနေနဲ့ ဒီ ရေပေါ်မြို့‌တော် သင်္ဘောကြီးကို အမှန်တကယ် တည်ဆောက်နိုင်ရန်အတွက် ကြီးမားတဲ့ သင်္ဘောကျင်းတစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ဒီ ဇိမ်ခံသင်္ဘောကြီးဟာ ပင်လယ်ထဲမှာ “ရွက်လွှင့်နေစဉ်၊ ကြီးမားတဲ့ အတောင်ပံများကြောင့် လှိုင်းလုံးများကွဲထွက်ခြင်းမှ စွမ်းအင်ရရှိမည် ဖြစ်ပါတယ်။

လိုအပ်တဲ့ စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ဖို့အတွက်တော့ သင်္ဘောကြီးရဲ့ ခေါင်းမိုးအပေါ်ထပ် ဧရိယာမှာ ဆိုလာပြားများကို စီတန်းတပ်ဆင်ထားပါတယ်။

မြင်းကောင်ရေ ၁၆၈၀၀အားရှိတဲ့ စွမ်းအားပြည့် လျှပ်စစ်အင်ဂျင် ၉ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၅ မိုင်အထိ ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။

တည်ဆောက်ပြီးစီးသွားရင် ကမ္ဘာ့အကြီးဆုံး ရေပေါ်မြို့တော် ဖြစ်လာမယ့် Pangeos ဟာ ကမ္ဘာ့တစ်ဝှမ်းကို ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိဘဲ စဉ်ဆက်မပြတ် ခုတ်မောင်းသွားလာမှာ ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Crd