■လူပေလူတေအဖြစ်ပြောင်းလဲသွားခဲ့တဲ့ star wars ထဲမှကလေးသရုပ်ဆောင်

Article Celebrity Hollywood World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လူပေလူတေအဖြစ်ပြောင်းလဲသွားခဲ့တဲ့ star wars ထဲမှကလေးသရုပ်ဆောင်

အခုတခါမှာတော့ တဟုန်ထိုးနာမည်ကြီးလာခြင်းကို ခံနိုင်ရည်ရှိရန် ခက်ခဲကြောင်း ဥပမာကောင်းတစ်ခုပဲဖြစ်ပါတယ် ။နာမည်ကျော် Star Wars ရဲ့ universe များနှင့် ရင်းနှီးသူများအတွက် သြဇာအာဏာကြီးမားတဲ့ ဒါ့တ်ဗိတ်ဒါ ဟာ သူ့ဝတ်ရုံကိုအမြဲတမ်း မဝတ်ဆင်ဘူးဆိုတာ မှတ်မိကြမှာပါ။

ကျွန်တော်တို့ဟာ ဇာတ်ကောင် တိုးတက်ပြောင်းလဲမှူတွေနှင့် သူရဲ့ကလေးဘဝ ပထမဆုံးရုပ်ရှင်မှစပီး အခိုက်အတန့်များကို မြင်တွေ့နိုင်ပါတယ် ။မျက်လုံးလက်လက် ဆံပင်အုပ်အုပ်ကလေးနှင့် အန်နကင် စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ချစ်စရာကောင်လေးကို မှတ်မိပါသလား။ အချို့က ယခုကဲ့သို့ ရုပ်ရှင်ကားကောင်းမုာ နာတာလီ ပေါ့မန်း၊လီယမ်နီစင် တို့နဲ့အတူ သရုပ်ဆောင်ရတဲ့ ကောင်လေးကို အားကျကောင်းကျပါလိမ့်မယ်။

သို့သော်လည်း ဂျိတ်ဒ်လွိုက် ဟာ သူကံကြမ္မာကို မနှစ်သက်ခဲ့ပါဘူး။ ဒီလို လူပေလူတေတစ်ယောက်ဟာ ဒီခလေးလေးမှန်း မှတ်မိဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ သူဟာ ကားအရှိန်ကျော်လွန်အောင်မောင်းပြီး ရဲများကို မနာခံဘဲ ထွက်ပြေးခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရတာပါ။ သူဟာနာမည်ကြီးကြယ်ပွင့်တစ်ဦး ဖြစ်လာလိမ့်မယ်လို့ သင်ထင်ခဲ့ပါလိမ့်မယ်။ ဘာတွေများဖြစ်ခဲ့တာပါလဲ ။

နောက်ပိုင်း ဂျိတ်ဒ်အပြောအရ ဇာတ်ကားများထဲ စိတ်တွင်မြင်ယောင်ကာ ရိုက်ကူးပုံဖော်ရသည့်အတွက်နောက်ပိုင်းသူ့ကျောင်းသားဘဝဟာ အိမ်မက်ဆိုးများဖြစ်ခဲ့ပါတယ် ။အလင်းဓားသံများနှင့် စနောက်ဆော့ကစားနေသူများမရှိတော့လျှင် မနေနိုင်တော့ကြောင်း ပြောခဲ့ပါတယ်။ တစ်ချိန်ထဲမုာပဲ ကောင်လေးဟာ နေ့စဥ်အင်တာဗျုးများလက်ခံဖြေကြားရပြီး တခါတရံ တစ်နေ့ထဲအခု 60 ခန့်ဖြေဆိုရတတ်တာပါ ။

အကျိုးဆက်အနေနဲ့ သရုပ်ဆောင်ငယ်လေးမှာ ဒီစိတ်ဖိအားများဒဏ် မခံနိုင်တော့ဘဲ အနုပညာနယ်ပယ်မှအပြီးတိုင်ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဂျိတ်ဒ် ဟာ Star Wars နှင့်ပတ်သက်တဲ့ အမှတ်တရပစ္စည်းများကိုတောင် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဂျိတ်ဒ်အတွက် အရာရာဟာ အဆင်ပြေမနေခဲ့ပါဘူး ။ဟောလိဝုဒ်ဟာ ကလေးသရုပ်ဆောင်တွေအပေါ် ပိုပြီး အာရုံစိုက်ပေးသင့်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■လူေပလူေတအျဖစ္ေျပာင္းလဲသြားခဲ့တဲ့ star wars ထဲမွကေလးသ႐ုပ္ေဆာင္

အခုတခါမွာေတာ့ တဟုန္ထိုးနာမည္ႀကီးလာျခင္းကို ခံနိုင္ရည္ရွိရန္ ခက္ခဲေၾကာင္း ဥပမာေကာင္းတစ္ခုပဲျဖစ္ပါတယ္ ။နာမည္ေက်ာ္ Star Wars ရဲ့ universe မ်ားႏွင့္ ရင္းႏွီးသူမ်ားအတြက္ ၾသဇာအာဏာႀကီးမားတဲ့ ဒါ့တ္ဗိတ္ဒါ ဟာ သူ႔ဝတ္႐ုံကိုအျမဲတမ္း မဝတ္ဆင္ဘူးဆိုတာ မွတ္မိၾကမွာပါ။

ကၽြန္ေတာ္တို႔ဟာ ဇာတ္ေကာင္ တိုးတက္ေျပာင္းလဲမႉေတြႏွင့္ သူရဲ့ကေလးဘဝ ပထမဆုံး႐ုပ္ရွင္မွစပီး အခိုက္အတန္႔မ်ားကို ျမင္ေတြ႕နိုင္ပါတယ္ ။မ်က္လုံးလက္လက္ ဆံပင္အုပ္အုပ္ကေလးႏွင့္ အန္နကင္ စကိုင္းေဝါ့ကာအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ခ်စ္စရာေကာင္ေလးကို မွတ္မိပါသလား။ အခ်ိဳ႕က ယခုကဲ့သို႔ ႐ုပ္ရွင္ကားေကာင္းမုာ နာတာလီ ေပါ့မန္း၊လီယမ္နီစင္ တို႔နဲ႔အတူ သ႐ုပ္ေဆာင္ရတဲ့ ေကာင္ေလးကို အားက်ေကာင္းက်ပါလိမ့္မယ္။

သို႔ေသာ္လည္း ဂ်ိတ္ဒ္လြိဳက္ ဟာ သူကံၾကမၼာကို မႏွစ္သက္ခဲ့ပါဘူး။ ဒီလို လူေပလူေတတစ္ေယာက္ဟာ ဒီခေလးေလးမွန္း မွတ္မိဖို႔ လုံးဝမျဖစ္နိုင္ပါဘူး။ သူဟာ ကားအရွိန္ေက်ာ္လြန္ေအာင္ေမာင္းၿပီး ရဲမ်ားကို မနာခံဘဲ ထြက္ေျပးခဲ့ျခင္းေၾကာင့္ အဖမ္းခံခဲ့ရတာပါ။ သူဟာနာမည္ႀကီးၾကယ္ပြင့္တစ္ဦး ျဖစ္လာလိမ့္မယ္လို႔ သင္ထင္ခဲ့ပါလိမ့္မယ္။ ဘာေတြမ်ားျဖစ္ခဲ့တာပါလဲ ။

ေနာက္ပိုင္း ဂ်ိတ္ဒ္အေျပာအရ ဇာတ္ကားမ်ားထဲ စိတ္တြင္ျမင္ေယာင္ကာ ရိုက္ကူးပုံေဖာ္ရသည့္အတြက္ေနာက္ပိုင္းသူ႔ေက်ာင္းသားဘဝဟာ အိမ္မက္ဆိုးမ်ားျဖစ္ခဲ့ပါတယ္ ။အလင္းဓားသံမ်ားႏွင့္ စေနာက္ေဆာ့ကစားေနသူမ်ားမရွိေတာ့လၽွင္ မေနနိုင္ေတာ့ေၾကာင္း ေျပာခဲ့ပါတယ္။ တစ္ခ်ိန္ထဲမုာပဲ ေကာင္ေလးဟာ ေန႔စဥ္အင္တာဗ်ဳးမ်ားလက္ခံေျဖၾကားရၿပီး တခါတရံ တစ္ေန႔ထဲအခု 60 ခန္႔ေျဖဆိုရတတ္တာပါ ။

အက်ိဳးဆက္အေနနဲ႔ သ႐ုပ္ေဆာင္ငယ္ေလးမွာ ဒီစိတ္ဖိအားမ်ားဒဏ္ မခံနိုင္ေတာ့ဘဲ အႏုပညာနယ္ပယ္မွအၿပီးတိုင္ထြက္ခြာရန္ဆုံးျဖတ္ခဲ့ပါေတာ့တယ္။ ဂ်ိတ္ဒ္ ဟာ Star Wars ႏွင့္ပတ္သက္တဲ့ အမွတ္တရပစၥည္းမ်ားကိုေတာင္ ဖ်က္ဆီးပစ္ခဲ့ပါေသးတယ္။ ေနာက္ပိုင္း ဂ်ိတ္ဒ္အတြက္ အရာရာဟာ အဆင္ေျပမေနခဲ့ပါဘူး ။ေဟာလိဝုဒ္ဟာ ကေလးသ႐ုပ္ေဆာင္ေတြအေပၚ ပိုၿပီး အာ႐ုံစိုက္ေပးသင့္ပါတယ္။
Ref:youtube
Trans:thegeektext