လူတွေ ရက်ပေါင်းများစွာ အိပ်ပျော်ကုန်ကြတဲ့ ဆန်းကြယ်တဲ့ ရွာလေး

News Social News

လူတွေ ရက်ပေါင်းများစွာ အိပ်ပျော်ကုန်ကြတဲ့ ဆန်းကြယ်တဲ့ ရွာလေး

၂၀၁၄ ခုနှစ်ရဲ့နွေရာသီမှာ Viktor Kazachenko ဆိုသူဟာ ကာဇက်စတန်မြောက်ပိုင်း လွင်ပြင်ထဲမှာ သူ့ရဲ့ ‌‌ မော်တော်ဆိုင်ကယ်ကို စီးနင်းလာခဲ့ပါတယ်။သူက အနီးအနားက မြို့တစ်မြို့ကို တစ်စုံတစ်ခုသော ကိစ္စအတွက် ဦးတည်ထွက်ခွာလာတာပါ။

ဒါပေမဲ့ သူသွားလိုရာကို မရောက်ခဲ့ပါဘူး။ သူဟာ ဆိုင်ကယ်ပေါ်မှာဘဲအိပ်ပျော်သွားခဲ့ပါတယ်။သူဟာ နောက်လေးရက်အကြာမှ ပြန်လည်နိုးထလာပါတယ်။ဆေးရုံပေါ်ရောက်နေပြီဖြစ်တဲ့ သူဟာ ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပါဘူးတဲ့။

ဒီလိုဖြစ်ခဲ့တာ သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး။ Kalachi ဆိုတဲ့ ကာဇက်စတန်နိုင်ငံထဲက ဒီရွာလေးရဲ့ လူတွေအဖြစ်ဟာ ဆေးပညာလောကရဲ့ ပဟေဠိတစ်ခု ဖြစ်ခဲ့ပါတယ်။

လူတွေဟာ နေ့အချိန်‌တွေမှာ အိပ်ပျော်သွားတတ်ကြပါတယ်။ ထူးဆန်းတာက အိပ်ပျော်ရာက နိုးလာရင် သူတို့ ဘာဖြစ်ခဲ့မှန်း မမှတ်မိကြပါဘူးတဲ့။

၄၆ နှစ်အရွယ် Taisia ဆိုသူ အမျိုးသမီးဟာဆိုရင် ဒါမျိုးသုံးကြိမ်တောင် ဖြစ်ခဲ့ပါတယ်။ ပထမအကြိမ်က ၂၀၁၂ ခုနှစ်မှာပါ။သူမဟာ နေ့စဉ်အလုပ်တွေလုပ်နေရင်းက ခေါင်းတစ်ခုလုံး ပေါ့ပါးသလိုခံစားရပြီး အိပ်ပျော်သွားခဲ့ပါတယ်။

နောက်‌တော့ အားလုံးမှောင်မည်းသွားပြီး သူမ နိုးလာတော့ ဆေးရုံပေါ်ရောက်နေပါပြီ။ သူမရဲ့ခင်ပွန်းနဲ့ အိမ်နီးချင်းတွေက သူမကို ဆေးရုံပို့ခဲ့ကြပါတယ်။ ဆေးရုံကအပြန်မှာ သူမနဲ့ သူမရဲ့ သူငယ်ချင်းတွေဟာလည်း အလားတူ အိပ်ပျော်သွားခဲ့ ပြန်ပါတယ်။

ဒုတိယအကြိမ်ကတော့ ၂၀၁၄ ခုနှစ်၊မတ်လမှာ ဖြစ်ခဲ့တာပါ။ သူမဟာ ကပွဲတစ်ခုကြည့်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ သူမဟာ ရုတ်တရက် အိပ်ငိုက်လာခဲ့ပါတယ်။ သူမဟာ ဆိုဖာပေါ်မှာ အိပ်ပျော်သွားခဲ့ပြီးနောက် ၅ ရက်ကြာမှ ဆေးရုံပေါ်မှာ နိုးလာပါတယ်။

နောက်ဆုံးအကြိမ်ကတော့ နဲနဲကွဲပြားပါတယ်။ ၂၀၁၅ ခုနှစ်၊ဖေဖေါ်ဝါရီလမှာပါ။ ဒီတစ်ခါတော့ သူမက လမ်းလျောက်ရင်း အိပ်ပျော်သွားပါတယ်။ ခြေ ထောက်တွေဟာ လေးလံလာပြီး လေဖြတ်သလို ဖြစ်သွားလို့ လမ်း‌ကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။

သူမဟာ ၃ ရက်လောက် ဟိုဟိုဒီဒီ လျောက်သွားနေပြီး စိတ်မနှံ့သူလို စကားတွေ ပြောနေခဲ့ပါတယ်။ စိတ်ရှုပ်စရာကောင်းတာက သူမဟာ ဘာဖြစ်မှန်း မမှတ်မိခဲ့တာကိုပါ။

ဒီ ဒဏ္ဌာရီဆန်တဲ့ ရောဂါကပ်ဆိုးဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒီလိုဖြစ်တာ သူမတစ်ယောက်တည်း မဟုတ်တော့ပါဘူး။

သူမမိတ်ဆွေတစ်ယောက်ဆိုရင် ၂၀၁၃ ခုနှစ်မှာ ငါးမျှားနေရင်း အိပ်ပျော်သွားခဲ့ပါတယ်။သူဟာ မျက်စိကန်းသလို မှောင်မည်းပြီး လှေပေါ်မှာဘဲ အိပ်ပျော်သွားခဲ့တာပါ။ တခြားသူငယ်ချင်းတစ်ယောက်က သူ့ကို ဆေးရုံကို ကားမောင်းပို့ခဲ့ရပါတယ်။

Taisia ဟာ ဒီသတင်းကိုကြားကြားခြင်း လူနာစီကို သွားခဲ့ပါတယ်။ သူမက လူနာကို စကားပြောကြည့်ရာမှာတော့ လူနာဟာ စကားကို အာလေးလျာလေးနဲ့ ပြန်ပြောခဲ့ပါတယ်။။

တချို့စကားတွေဆို အသိမဲ့စွာ ပြောနေသလိုပါဘဲ။ သူနိုးလာတဲ့အခါမှာတော့ နေကောင်းပေမဲ့ ဘာဖြစ်ခဲ့မှန်းတော့ မမှတ်မိပါဘူး။

၃ နှစ်အတွင်းမှာ လူ ၁၀၀ ကျော်ဟာ ဒီလို ပဟေဠိဆန်တဲ့ရောဂါ ခံစားခဲ့ကြရပါတယ်။ လူရွယ်တွေ၊ ကလေးတွေဟာလည်း ဒီလိုဘဲ အိပ်ပျော်သွားတတ်ကြပါတယ်။

အံ့ဩစရာက တချို့ဟာ ဒီရောဂါကိုခံနိုင်ရည် ရှိကြပါတတယ်။ ဒါဆိုရင် ရောဂါဖြစ်တဲ့လူတွေဟာ ဒီရောဂါဖြစ်ချိန်မှာ ဘယ်လို ခံစားရပါသလဲဆိုတာ ဘယ်သူမှ မပြောပြနိုင်ပါဘူး။

သိသလောက်ကတော့ ခေါင်းနဲနဲမူးလာမယ်။ခြေထောက်တွေလေးလာမယ်။ ဒီလိုဖြစ်လာပြီး မကြာခင်မှာဘဲ အိပ်ပျော်သွားတတ်ကြပါတယ်။ အိပ်မပျော်တဲ့သူတွေကြတော့လည်း သွေးလေချောက်ခြားသလို စကားတွေပြောနေတတ်ကြပါတယ်။

မျက်မြင်သက်သေတွေအဆိုအရ သူတို့က ပြောတာကို နားထောင်နိုင်ကြပေမဲ့ မျက်လုံးနဲ့ ပါးစပ်တွေ ပိတ်နေပြီး ပြန်မပြောနိုင်တာ တွေ့ရပါတယ်။

ပြန်ပြောတော့လည်း နားလည်ရခက်နေပါတယ်။ အိပ်ပျော်ရာက နိုးလာလာခြင်း ဆရာဝန် သို့မဟုတ် တစ်ယောက်ယောက်က စကားပြောပေးရပါတယ်။ ပြောပေးမဲ့သူ မရှိပြန်ရင်လည်း တစ်ခါပြန်အိပ်ပျော်သွားတတ်ပါတယ်။

သတင်းတွေအရတော့ လူသားတွေတင် ဖြစ်တာမဟုတ်ဘဲ တိရစ္ဆာန်တွေမှာလဲ ဖြစ်တာ တွေ့ကြရပါတယ်။ မားကွဇ်ဆိုတဲ့ ကြောင်တစ်ကောင်ဆိုရင် တစ်မနက်လုံး နံရံတွေ၊ ပရိဘောဂတွေကို ကုတ်ခြစ် ရန်လုပ်နေခဲ့ပြီး ညနေခင်းမှာ အိပ်ပျော်သွားပါတယ်။

သူ့ပိုင်ရှင်ပြောတာကတော့ ကြောင်ဟာ လူတွေအိပ်တဲ့အခါ ဟောက်သလို ဟောက်နေခဲ့ပါတယ်တဲ့။

အာဏာပိုင်တွေက ဒီရွာသားတွေကို တခြားဒေသကို ပြောင်းရွှေ့နေထိုင်ဖို့ တိုက်တွန်းပါတယ်။ မိသားစု ၅၅ စုဟာ ချက်ခြင်းပြောင်းရွှေ့ခဲ့ကြပါတယ်။

ကျန်တဲ့ မိသားစု ၁၀၀ လောက်ကလည်း ပြင်ဆင်နေခဲ့ကြပါတယ်။ ကျန်တဲ့သူတွေကတော့ မယုံကြည်တဲ့အတွက် ပြောင်းဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ ဒီရောဂါ ဘာကြောင့် ဖြစ်ရသလဲဆိုတာ စူးစမ်းရှာဖွေကြပါတော့တယ်။ ပထမတော့ အရက်သောက်တာများလို့ဖြစ်တာလို့ ယူဆပါတယ်။ ဒါပေမဲ့ ကလေးတွေပါ ဖြစ်တာဆိုတော့ အရက်ကြောင့် မဖြစ်နိုင်ပြန်ပါဘူး။

ဦးဏှောက် မူမမှန်ဖြစ်တာဆိုရအောင်လည်း လူအများကြီး တပြိုင်တည်းခံစားရတော့ မဖြစ်နိုင်ပြန်ပါဘူး။

ဒါကြောင့် အခြေခံဖြစ်တဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေကို ပြုလုပ်ပါတော့တယ်။သူတို့ဟာ ရေ၊ မြေကြီး၊ လေ အပြင် လူနာတွေရဲ့သွေးနမူနာတွေနဲ့ စမ်းသပ်မှုပေါင်း ၇၀၀၀ ကျော် လုပ်ခဲ့ပါတယ်။

ဆံပင်စတွေ၊ လက်သည်းစတွေပါမကျန်ပါဘူး။ ဒါပေမဲ့ ဘာမှမတွေ့ပါဘူး။ သူတို့က မဖြစ်နိုင်တဲ့ အချက်တွေကို ရွေးခြယ်ပြီး ဖယ်ထုတ်လိုက်ပါတယ်။

မြေအောက်ဓါတ်ငွေ့ပိုက်လိုင်းကို ပိတ်ထားကြည့်ပါတယ်။ ဖုန်းတာဝါတိုင်ကိုတောင် ပိတ်ခိုင်းလိုက်ကြပါတယ်။

ဓါတ်ရောင်ခြည် ဖြာထွက်မှုရှိမရှိ၊ ဓါတ်ငွေ့ယိုစိမ့်သလား၊ သောက်ရေထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ရှိမရှိပါ စစ်ဆေးကြပါတယ်။ ဒါတွေကလည်း ရောဂါရဲ့ဇစ်မြစ်ကို ညွှန်ပြခြင်းမရှိပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ သူတို့ဟာ ရွာနဲ့ ၂ မိုင်အကွာက ယူရေနီယမ်သတ္တု မိုင်တွင်းတစ်ခုကို စသတိထားမိကြပါတယ်။

သူတို့ထဲကတချို့က မိုင်းတွင်းက ပုံမှန်မဟုတ်တဲ့ ဓါတ်ငွေ့တွေဟာ မြေကြီးထဲက စိမ့်ထွက်လာနိုင်တယ်လို့ ယူဆကြပါတယ်။ ဓါတ်ငွေ့ကြောင့် အောက်ဆီဂျင်ဆုံးရှုံးပြီး မှတ်ဉာဏ်ချွတ်ယွင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ပညာရှင်တွေဟာ ဓါတ်ရောင်ချည်ဖြာထွက်မှု လယ်‌ဗယ်ကို တိုင်းတာကြည့်ကြပါတယ်။ တွေ့ရတာက ပုံမှန်ပါဘဲ။ တကယ်လို့ ဖြာထွက်မှုများရင်လည်း မှတ်ဉာဏ်ပျောက်ဆုံးတာမျိုး မဖြစ်ပါဘူး။

ကိုယ်ခန္ဒာအတွင်းက Organ တွေ ပျက်ဆီးကုန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ရောင်ချည်ကလည်း မဖြစ်နိုင်ပါဘူး။

နောက်ယူဆချက်တစ်ခုက ပိုထူးဆန်းနေပါတယ်။ ဒီရွာကလူတွေက ပြောင်းရွှေ့ခြင်လို့ ဒီရောဂါဖြစ်သလို ဟန်ဆောင်ပြီး အစိုးရက ကူညီလာအောင်လုပ်ခဲ့တယ်ဆိုတာ ဖြစ်ပါတယ်။

ဒါဆို ကြောင်တွေ တိရစ္ဆာန်တွေကရော ဘာလို့ဖြစ်ရပါသလဲ။ ဒီယူဆချက်ကလည်း မဖြစ်နိုင်ပြန်ပါဘူး။

ဒီကိစ္စဂာ ထူးဆန်းသထက် ထူးဆန်းလာပါတယ်။ ကမ္ဘာ့သတင်းတွေမှာလည်း နာမည်ကြီးလာပါတယ်။ အဲဒီအချိန်မှာဘဲ ယူရေနီယမ်မိုင်းတွင်းရဲ့ ဒါရိုက်တာဖြစ်ခဲ့သူ Viktor Kryukov ဆိုသူက စိတ်ဝင်စားဖွယ် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

သူက ဖြစ်နိုင်တဲ့အချက်ကို ချပြခဲ့ပါတယ်။ ဒီလို အိပ်ပျော်သွားရခြင်းဟာ ကာဘွန်မိုနော့ဆိုဒ် ဓါတ်ငွေ့ကြောင့်လို့ ပြောခဲ့ပါတယ်။

သူ့အဆိုအရ ကာဘွန်မိုနော့ဆိုဒ်ဓါတ်ငွေ့တွေဟာ မြေကြီးထဲက စိမ့်ထွက်လာတာ ဖြစ်ပါတယ်။ ယူရေနီယမ်ကြောင့် ဘာမှမဖြစ်ပေမဲ့ မိုင်းတွင်းကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ မိုင်းတွင်းဟာ ပိတ်ပစ်ခဲ့တာ အနှစ် ၂၀ တော င်ရှိပါပြီ။

အဖြေကတော့ ဓါတုဗေဒ အကြောင်းတီးမိခေါက်မိမှသာ သိနိုင်ပါလိမ့်မယ်။ ဒီလိုပါ။ ယူရေနီယမ်ဆိုတာက သံမဟုတ်တဲ့ သတ္တုပါ Non- ferrous metal ကို ပြောတာပါ။

ဒါမျိုးတွေကို တောင်တန်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ Kalachi ရွာကလေးကလည်း တောင်တန်းဘေးမှာပါ။ မိုင်ကို တူးတဲ့အခါ တွင်းကို ခပ်စောင်းစောင်း တူးကြပါတယ်။

အထဲမှာထောက်ဖို့ သစ်သားဒေါက်တိုင်တွေ သုံးကြပါတယ်။ ရေဝင်လာရင် စက်နဲ့စုပ်ထုတ်ပါတယ်။ မိုင်းပိတ်လိုက်တဲ့အခါ သစ်သားဒေါက်တွေကို မဖြုတ်ခဲ့ကြပါဘူး။

ရေကလည်း စုပ်ထုတ်သူ မရှိတော့ တွင်းထဲမှာ ပြည့်လာပါတယ်။ သစ်သားတွေဟာ ရေစိမ်ထားသလိုဖြစ်ပြီး ဓါတ်ပြုဖြစ်စဉ်တွေ ဖြစ်ပါတော့တယ်။ Oxidize ဖြစ်တာပါ။

မြေပြင်အောက် ပေ ၂၁၀၀ အနက်မှာရှိတဲ့ မိုင်းတွင်းဆိုတော့ ဖိအားကလည်း တစ်လက်မကို ၆၃ ပေါင်လောက် ရှိပါတယ်။

သစ်သားနဲ့ရေ ဓါတ်ပြုပြီး ထွက်လာတဲ့ ဓါတ်ငွေ့တွေဟာ ဖိအားကြောင့် မြေကြီးထဲက စိမ့်ထွက်လာပါတော့တယ်။ ဆိုဒါပုလင်းကို လှုပ်ပြီး အဖုံးဖွင့်လိုက်သလိုပါဘဲ။

အငွေ့တွေဟာ ဖြတ်သွားသူတွေကို အိပ်ပျော်စေပါတော့တယ်။ ကာဘွန်မိုနော့ဆိုဒ်ကို ရှူမိရင် သွေးကြောထဲကို ရောက်သွားပါတယ်။ ဒီအခါ ခြေလက်မသယ်ခြင်တော့တာမျိုး ဖြစ်ပါတော့တယ်။ ပြီးရင်တော့ အိပ်ပျော်သွားမှာပါ။

ပညာရှင်တွေဟာ ဒါကို ဆက်လက်စမ်းသပ်ကြည့်ရာမှာတော့ Viktor ရဲ့ ယူဆချက် မှန်ကန်ကြောင်းဘတွေ့ခဲ့ရပါတော့တယ်။

ဆက်လက်တွေ့ရှိချက်တွေအရ ကာဘွန်မိုနော့ဆိုဒ် များလေ အောက်ဆီဂျင်နဲလေ ဖြစ်ပါတယ်။ သတ်မှတ်အောက်ဆီဂျင်ပမာဏထက်နည်းရင် လူတွေ ကယောင်ကတမ်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်က ဆောင်းတွင်းနဲ့ နွေဦးမှာ အဖြစ်များတာကို တွေ့ရပါတယ်။

ဖြစ်စဉ်ကတော့ အဖြေရှာလို့ ရခဲ့ပါပြီ။ သိပ္ပံပညာရဲ့ ကျေးဇူးပါဘဲလို့။

Knight News Team

Crd