■လူတွေအတွက်ကံဆိုးမှုတွေသာယူဆောင်လာပေးသော ပိုရှေး၅၅၀ပြိုင်ကား
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လူတွေအတွက်ကံဆိုးမှုတွေသာယူဆောင်လာပေးသော ပိုရှေး၅၅၀ပြိုင်ကား
အမေရိကန်မင်းသားဂျိမ်းဒင်းယာဉ်တိုက်မှုဖြစ်ပွါးခဲ့တဲ့ပိုရှေး၅၅၀ပြိုင်ကားကဒီလိုကိစ္စတွေကိုအယုံအကြည်မရှိတဲ့သူတွေကိုတောင်ယုံကြည်စေခဲ့ပါတယ်။ဂျိမ်းကလစ်တဲ့ဘာ့စတက်လို့သူခေါ်တဲ့ကားလေးကိုဝယ်တဲ့အချိန်မှာလူတွေကအဲ့ဒီကားဟာမကောင်းတဲ့စွမ်းအင်တွေထုတ်တယ်လို့ပြောကြတာပါ။နာမည်ကြီးအင်္ဂလိပ်မင်းသားအဲလက်ဂင်းနစ်ကဂျိမ်းသာဒီကားကိုစီးရင်၇ရက်အတွင်းမှာအသက်ပျောက်မယ်လို့ပြောခဲ့ပါတယ်။
မယုံနိုင်စရာပါပဲ။သူ့ရဲ့ရှေ့ဖြစ်ဟောတာဟာအမှန်ဖြစ်လာခဲ့ပါတယ်။အဲလက်နဲ့ပြောပြီး၇ရက်အကြာမှာပဲဂျိမ်းကတစ်နာရီကို၁၅၀ကီလိုမီတာနှုန်းနဲ့တစ်ခြားကားတစ်စီးနဲ့ဝင်တိုက်ပြီးဆုံးပါးသွားတာပါ။ဒီမတော်တဆဟာတော်တော်ထူးဆန်းတဲ့အခြေအနေမှာဖြစ်ခဲ့ပြီးဒါဟာလည်းတစ်ခုတည်းသောထူးဆန်းတဲ့အပိုင်းမဟုတ်သေးပါဘူး။
ဒီအက်စီးဒန့်ကလစ်တဲဘက်စတက်နဲ့တစ်နည်းနည်းနဲ့ပတ်သတ်နေတဲ့သူတွေကိုခြောက်လှန့်နေခဲ့ပါတယ်။ဒီကားရဲ့နောက်ပိုင်ရုင်တစ်ဦးဖြစ်တဲ့ဂျိမ်းရဲ့ပရိတ်သတ်တစ်ယောက်ကလည်းသူဆုံးပါးပြီးနှစ်ပတ်လည်မှာပဲတစ်နေရာတည်းမှာဆုံးပါးခဲ့ပါတယ်။သူကသူ့ကိုဂုဏ်ပြုဖို့အတွက်အဲ့ဒီနေရာကိုသွားခဲ့ပေမယ့်တခြားကားတစ်စီးနဲ့တိုက်ပြီးဆုံးပါးသွားခဲ့တာပါ။
သူမမောင်းနေခဲ့တဲ့အရှိန်က….ဟုတ်ပါတယ်၊ပရိတ်သတ်ကြီးခန့်မှန်းထားသလိုပါပဲ၁နာရီကို၁၅၀ကီလိုမီတာနှုန်းနဲ့မောင်းနေခဲ့တာပါ။ထူးဆန်းတာကအခုအဲ့ဒီကားဘယ်မှာရှိနေတာပါလဲ?အဲ့ဒီကားကလူတွေအများကြီးကိုကံဆိုးမှုတွေအများကြီးယူလာပေးခဲ့ပြီးပါပြီ။
ကားစက်ပြင်စရာတွေ၊ကားမောင်းသမားတွေကိုထိခိုက်စေခဲ့တဲ့အပြင်လူနှစ်ယောက်ကိုလည်းအသက်ပျောက်စေခဲ့ပါပြီ။တစ်ခါကတော့ထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီကားရှိနေတဲ့ကားဂိုထောင်ကမီးလောင်ခဲ့တာပါ။မပျက်စီးဘဲအကောင်းအတိုင်းကျန်နေခဲ့တဲ့တစ်ခုတည်းသောအရာကတော့အဲ့ဒီပိုရှေးကားပါပဲ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext