“လိုခ်င္တာ ဂ်ာမဏီမိတ္ ရရွိမွာက တ႐ုတ္မိတ္ ျဖစ္ေနလို႔ အျကီးအက်ယ္ ျပသာနာတက္ေနသည့္ ထိုင္းေရငုပ္သေဘၤာ”

News Social News

 

ထိုင္းႏိုင္ငံကမွာယူထားတဲ့ တ႐ုတ္ေရငုပ္သေဘၤာမွာ ဂ်ာမဏီအင္ဂ်င္အစား တ႐ုတ္ လုပ္အင္ဂ်င္ကိုပဲလက္ခံဖို႔ တ႐ုတ္အစိုးရပိုင္ “သေဘၤာတည္ေဆာက္ေရးႏွင့္ကမ္းလြန္ႏိုင္ငံ တကာ ကုမၸဏီ (CSOC)” ရဲ႕ ကမ္းလွမ္းခ်က္ကို စက္တင္ဘာ ၁၅ ရက္ေန႔မွာ အဆုံးအျဖတ္ေပးမယ္လို႔ ထိုင္း ေရတပ္နဲ႔ နီးစပ္တဲ့သတင္းေတြက ေဖၚျပထားပါတယ္။

၂၀၁၇ ခုႏွစ္က ဝယ္ယူဖို႔ခ်ဳပ္ဆိုခဲ့တဲ့သေဘာတူစာခ်ဳပ္အရ တ႐ုတ္က တည္ေဆာက္မဲ့ ေရငုပ္ သေဘၤာမွာ ဂ်ာမဏီႏိုင္ငံထုတ္ အင္ဂ်င္ေတြတပ္ဆင္ေပးရမွာျဖစ္ပါတယ္။ဒါေပမဲ့ ၁၉၈၉ ခုႏွစ္ တီယန္မင္ရင္ျပင္မွာ ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ေက်ာင္းသူေက်ာင္းသားေတြကို တ႐ုတ္ကြန္ျမဴနစ္ အစိုးရက အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့တဲ့အေပၚ ဥေရာပသမဂၢ (EU) ရဲ႕ စစ္ေရးအရ

ပိတ္ဆို႔ အေရးယူထားမႈဟာ ဒီကေန႔အထိ အတည္ျဖစ္ေနတဲ့အတြက္ ေရငုပ္သေဘၤာမွာတပ္ဆင္မဲ့ အင္ဂ်င္ ေတြကို ေရာင္းခ်မေပးႏိုင္ေၾကာင္း ဂ်ာမဏီက ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ေဒၚလာ သန္း ၄၀၀ နီးပါးတန္တဲ့ ေရငုပ္သေဘၤာမွာ အဓိကအေရးႀကီးဆုံးျဖစ္တဲ့ အင္ဂ်င္နဲ႔ တစ္ျခား အစိတ္အပိုင္းေတြကို ဂ်ာမဏီလုပ္ေတြကိုပဲ တပ္ဆင္ေပးမယ္လို႔ တ႐ုတ္က သေဘာတူခဲ့ၿပီး ႏွစ္ဖက္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကတာပါ။

ဒါေပမဲ့ ဂ်ာမဏီရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ တ႐ုတ္ဘက္က သေဘာတူ ညီခ်က္အတိုင္း လုပ္မေပးႏိုင္ေတာ့တဲ့အတြက္ ဂ်ာမဏီအင္ဂ်င္ေတြအစား တ႐ုတ္လုပ္အင္ဂ်င္ေတြနဲ႔ပဲ လက္ခံဖို႔ တ႐ုတ္ကုမၸဏီ က ၾသဂုတ္လထဲမွာ ကမ္းလွမ္းခဲ့တာပါ။ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအရ စာခ်ဳပ္ဖ်က္သိမ္းဖို႔ အခက္ေတြ႕ေနတဲ့ ထိုင္းအစိုးရကလည္း တ႐ုတ္ လုပ္အင္ဂ်င္ေတြဟာ ဂ်ာမဏီအင္ဂ်င္ေတြလို

အရည္အေသြး ရွိ မရွိ အရင္စမ္းသပ္ စစ္ေဆးမယ္လို႔ အေၾကာင္းျပန္ခဲ့ရၿပီး စက္တင္ဘာ ၁၅ ရက္ေန႔မွာ အစားထိုးတပ္ဆင္မဲ့ တ႐ုတ္အင္ဂ်င္ေတြကို စမ္းသပ္ စစ္ေဆးမွာျဖစ္ပါတယ္။စမ္းသပ္စစ္ေဆးလို႔ အားရေက်နပ္မႈရွိမွ အၿပီးသတ္ဝယ္ယူဖို႔ ထိုင္းဘက္က သေဘာတူမွာျဖစ္ၿပီး ေက်နပ္မႈမရွိရင္ စာခ်ဳပ္ဖ်က္သိမ္းရမဲ့ အေနအထားရွိေနတယ္လို႔ ထိုင္းသတင္းတခ်ိဳ႕က ေဖၚျပ ေနပါတယ္။

ထိုင္းဘုရင့္ေရတပ္ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေပါ့က႐ြန္ ကေတာ့ စမ္းသပ္မႈမေအာင္ျမင္ရင္ စာခ်ဳပ္ျပန္ခ်ဳပ္ဆိုမဲ့အစား ဖ်က္သိမ္းဖို႔နဲ႔ ေလ်ာ္ေၾကးေငြ ဒါမွမဟုတ္ ျပန္အမ္းေငြေပးဖို႔ ႏွစ္ဖက္ ေဆြးေႏြးမႈေတြ ထပ္မံ ျပဳလုပ္ရမယ္လို႔ ေျပာဆိုထားပါတယ္။
Crd..BurmaNewsNetwork

Unicode

“လိုချင်တာ ဂျာမဏီမိတ် ရရှိမှာက တရုတ်မိတ် ဖြစ်နေလို့ အကြီးအကျယ် ပြသာနာတက်နေသည့် ထိုင်းရေငုပ်သင်္ဘော”

ထိုင်းနိုင်ငံကမှာယူထားတဲ့ တရုတ်ရေငုပ်သင်္ဘောမှာ ဂျာမဏီအင်ဂျင်အစား တရုတ် လုပ်အင်ဂျင်ကိုပဲလက်ခံဖို့ တရုတ်အစိုးရပိုင် “သင်္ဘောတည်ဆောက်ရေးနှင့်ကမ်းလွန်နိုင်ငံ တကာ ကုမ္ပဏီ (CSOC)” ရဲ့ ကမ်းလှမ်းချက်ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ အဆုံးအဖြတ်ပေးမယ်လို့ ထိုင်း ရေတပ်နဲ့ နီးစပ်တဲ့သတင်းတွေက ဖေါ်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က ဝယ်ယူဖို့ချုပ်ဆိုခဲ့တဲ့သဘောတူစာချုပ်အရ တရုတ်က တည်ဆောက်မဲ့ ရေငုပ် သင်္ဘောမှာ ဂျာမဏီနိုင်ငံထုတ် အင်ဂျင်တွေတပ်ဆင်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ ၁၉၈၉ ခုနှစ် တီယန်မင်ရင်ပြင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ကျောင်းသူကျောင်းသားတွေကို တရုတ်ကွန်မြူနစ် အစိုးရက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် ဥရောပသမဂ္ဂ (EU) ရဲ့ စစ်ရေးအရ

ပိတ်ဆို့ အရေးယူထားမှုဟာ ဒီကနေ့အထိ အတည်ဖြစ်နေတဲ့အတွက် ရေငုပ်သင်္ဘောမှာတပ်ဆင်မဲ့ အင်ဂျင် တွေကို ရောင်းချမပေးနိုင်ကြောင်း ဂျာမဏီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်လာ သန်း ၄၀၀ နီးပါးတန်တဲ့ ရေငုပ်သင်္ဘောမှာ အဓိကအရေးကြီးဆုံးဖြစ်တဲ့ အင်ဂျင်နဲ့ တစ်ခြား အစိတ်အပိုင်းတွေကို ဂျာမဏီလုပ်တွေကိုပဲ တပ်ဆင်ပေးမယ်လို့ တရုတ်က သဘောတူခဲ့ပြီး နှစ်ဖက် စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။

ဒါပေမဲ့ ဂျာမဏီရဲ့ဆုံးဖြတ်ချက်ကြောင့် တရုတ်ဘက်က သဘောတူ ညီချက်အတိုင်း လုပ်မပေးနိုင်တော့တဲ့အတွက် ဂျာမဏီအင်ဂျင်တွေအစား တရုတ်လုပ်အင်ဂျင်တွေနဲ့ပဲ လက်ခံဖို့ တရုတ်ကုမ္ပဏီ က သြဂုတ်လထဲမှာ ကမ်းလှမ်းခဲ့တာပါ။နှစ်နိုင်ငံချစ်ကြည်ရေးအရ စာချုပ်ဖျက်သိမ်းဖို့ အခက်တွေ့နေတဲ့ ထိုင်းအစိုးရကလည်း တရုတ် လုပ်အင်ဂျင်တွေဟာ ဂျာမဏီအင်ဂျင်တွေလို

အရည်အသွေး ရှိ မရှိ အရင်စမ်းသပ် စစ်ဆေးမယ်လို့ အကြောင်းပြန်ခဲ့ရပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ အစားထိုးတပ်ဆင်မဲ့ တရုတ်အင်ဂျင်တွေကို စမ်းသပ် စစ်ဆေးမှာဖြစ်ပါတယ်။စမ်းသပ်စစ်ဆေးလို့ အားရကျေနပ်မှုရှိမှ အပြီးသတ်ဝယ်ယူဖို့ ထိုင်းဘက်က သဘောတူမှာဖြစ်ပြီး ကျေနပ်မှုမရှိရင် စာချုပ်ဖျက်သိမ်းရမဲ့ အနေအထားရှိနေတယ်လို့ ထိုင်းသတင်းတချို့က ဖေါ်ပြ နေပါတယ်။

ထိုင်းဘုရင့်ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ပေါ့ကရွန် ကတော့ စမ်းသပ်မှုမအောင်မြင်ရင် စာချုပ်ပြန်ချုပ်ဆိုမဲ့အစား ဖျက်သိမ်းဖို့နဲ့ လျော်ကြေးငွေ ဒါမှမဟုတ် ပြန်အမ်းငွေပေးဖို့ နှစ်ဖက် ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်ရမယ်လို့ ပြောဆိုထားပါတယ်။
Crd..BurmaNewsNetwork

Crd