လာရောက်လည်ပတ်သူတွေကို သ-တ်စားတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဆန်တီးနက်စ် ကျွန်းပေါ်မှလူရိုင်းများ

News Social News


လာရောက်လည်ပတ်သူတွေကို သ-တ်စားတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဆန်တီးနက်စ် ကျွန်းပေါ်မှလူရိုင်းများ

 

 

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ အိန္ဒိယနိုင်ငံပိုင်နက်ထဲမှာရှိတဲ့ လူရိုင်းတွေနေထိုင်တဲ့

ဆန်တီးနက်စ် (Sentinelese)လို့ခေါ်တဲ့ ကျွန်းလေးတစ်ကျွန်း အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီကျွန်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက တည်ရှိနေတာဖြစ်ပြီး ၎င်းကျွန်းပေါ်မှာ နေထိုင်တဲ့လူမျိုးစုတွေဟာဆိုရင်လည်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀၀ ကျော်လောက်ကတည်းက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတာဖြစ်ပြီး သူတို့ဘာသာ သူတို့ သီးခြားနေထိုင်ကြသူတွေပဲ ဖြစ်ပါတယ်။

လူရိုင်းတွေနေထိုင်တဲ့ ကျွန်းဆိုရင် သွားရောက်စူးစမ်း လေ့လာချင်ကြပေမယ့် အစိုးရကေတာ့ ဒီကျွန်းရဲ့ ၃ မိုင်ပတ်လည်ကို မသွားရောက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

ဘာ့ကြောင့်လဲဆိုရင် ဒီကျွန်းမှာနေထိုင်တဲ့ လူရိုင်းတွေဟာ သူတို့ကျွန်းဆီလာသမျှ လူစိမ်းတွေကို အစွန်းရောက် ဆက်ဆံမှုတွေနဲ့ ဆက်ဆံတတ်တာကြောင့် ပဲဖြစ်ပါတယ်။

ဒါ့အပြင် မာကိုပိုလိုရဲ့ မှတ်တမ်းမှာဆိုရင်လည်း ဒီကျွန်းမှာနေထိုင်တဲ့ လူရိုင်းတွေဟာ သူတို့ဆီရောက်လာသမျှ လူစိမ်းတွေကို

ရက်ရက်စက်စက်သ.တ်ပြီး စားသောက်ပစ်ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကဆိုရင်လည်း ဒီကျွန်းလေးကို ရောက်ရှိသွားတဲ့သူ တစ်ဦးဟာ လည်ပင်းမှာလှံ.ထိုး.ခံရပြီး ကျွန်းပေါ်မှာေ.သ.ဆုံးနေကြောင်း တွေ့ရှိခဲ့ကြတယ်လို့

သတင်းများ ထွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ အစိုးရက ဒီကျွန်းလေးကို တားမြစ်နယ်မြေ အဖြစ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ၎င်းလူရိုင်းတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။

Unicode





 






 





Crd