လမ်းမလျှောက်နိုင်သောကြောင့် ဝီးချဲလ်လေးဖြင့် သွားလာနေရသော်လည်း အောင်မြင်တဲ့မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပြီးနောက်တွင် ဝေဖန်ခံနေရသည့် အသက်၂၂နှစ်အရွယ် မော်ဒယ်လေး

News Social News

တစ်ခါတစ်လေတွင် အမှန်တရားဆိုသောအရာများကို မျက်စိနှင့်မြင်တွေ့ရခြင်းမရှိလျှင် မယုံကြည်တတ်ကြသည်မှ လူသားတို့၏ သဘာဝဖြစ်ပေသည်။အင်္ဂလန်နိုင်ငံမှ Georgina Wasdallဆိုသည့် အသက်၂၂နှစ်အရွယ်ကောင်မလေးသည် နိုင်ငံတွင် အလွန်ကျော်ကြားသော မော်ဒယ်တစ်ဦးဖြစ်ပါတယ်။

သူမဟာ အသက်၁၄နှစ်အရွယ်တွင် ခုခံအားကျဆင်းပြီး နာတာရှည်ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။ထို့နောက် ကြွက်သာများဟာ နာကျင်ကိုက်ခဲ့လာပြီး ရောဂါအခြေအနေမှ ဆိုးရွားလာသောကြောင့် ကျောက်းထွက်လိုက်ရသည့်အပြင် လမ်းမလျှောက်နိုင်တော့ဘဲ မတ်တပ်ရပ်ရုံမျှသာ ပြုလုပ်နိုင်ပါတော့တယ်။

သို့သော်လည်း သူမဟာ ကုမ္ပဏီတစ်ခုနှင့် မော်ဒယ်မင်းသမီးအဖြစ် စာချုပ်ချုပ်ဆိုပြီးနောက်တွင် အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ထို့နောက် မြင်တွေ့ရသည့် လူအများစုတို့ဟာ ကောင်မလေးကို လိမ်ညာပြီး အများမှသနားအောင် ပြုလုပ်ကာ ဝီးချဲလ်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်ဟု ဝေဖန်ခံနေခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd