■လမ်းမပေါ်ထွက်၍လမ်းလျှောက်နေသော ကြီးမားသောအရုပ်များ Marionette စီတန်းပြပွဲ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လမ်းမပေါ်ထွက်၍လမ်းလျှောက်နေသော ကြီးမားသောအရုပ်များ Marionette စီတန်းပြပွဲ

ကနေဒါက Montrealမြို့မှာ သူတို့ရဲ့ ၃၇၅နှစ်မြောက်နှစ်ပတ်လည်ကိုဘယ်လိုကျင်းပခဲ့လဲကြည့်လိုက်ရအောင်?ပြင်သစ် royal deluxe ပြဇာတ်ရုံပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကြီးမားတဲ့ရုပ်သေးရုပ်တန်းကြီးက လမ်းမပေါ်မှာ ထွက်ပေါ်လာပါတယ်။

အခုလိုကြီးမားတဲ့အရုပ်ကြီးတွေကိုမြို့လမ်းမပေါ်မှာတွေ့မြင်ရတာက လေးစားစိတ်နဲ့ ကြောက်ရွံစိတ်နှစ်ခုလုံးကိုဖြစ်စေတာပါ။ရုပ်သေးတစ်ရုပ်ကိုလူဒါဇင်ပေါင်းများစွာက ထိန်းချုပ်ရတာပါ။စဥ်းစားကြည့်ရုံနဲ့ ဒီပွဲအတွက်အားဘယ်လောက်စိုက်ထုတ်ရတယ်ဆိုတာသိနိုင်ပါတယ်။

Royal deluxe ပြဇာတ်ရုံက လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကတည်းကပေါ်ပေါက်ခဲ့တာပါ။၉၀ ခုနစ်တွေကစပြီးတမူထူးခြားတဲ့ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီအချိန်ကတည်းက ကမ္ဘာတစ်လွှားမှာ တကယ့်ကိုအောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

နှစ်စဥ်နှစ်တိုင်းသူတို့အဖွဲ့ဟာ မတူညီတဲ့ တိုင်း နိုင်ငံတွေပါလှည့်လှည်ဖျော်ဖြေခဲ့ပြီး ပရိသတ်ကိုအမြဲအံအားသင့်စေခဲ့ပါတယ်။တူညီတဲ့ပြင်သစ်ပြဇာတ်ရုံတစ်ခုက အလားတူစီတန်းပြပွဲတစ်ခုကို အဂ်လန် လီဗာပူးမြို့မှာကျင်းပခဲ့တာပါ။အဲ့ဒီပြပွဲမှာ အရုပ်တွေက ၁၅ မီတာမြင့်ပြီး ငါးထပ်အိမ်လောက်ရှည်လျားခဲ့တာပါ။

၂၀၁၂ခုနစ်လီဗာပူးမြို့မှာပြုလုပ်ခဲ့တဲ့ အဲ့ဒီ ရုပ်သေးပြပွဲက မြို့သမိုင်းမှာအအောင်မြင်ဆုံးပွဲတော်ဖြစ်ခဲ့ပါတယ်။ဧည့်သည်ပေါင်း ၈၀၀၀၀၀ကိုဆွဲဆောင်နိုင်ခဲ့ပြီး အမြတ်ငွေတွေက မြို့ရဲ့ ဘဏ္ဍရေးကိုဖြည့်စည်းနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတည်းက royal deluxe က Beatles ကိုပြန်ခဲ့ပီး။မွေးဌာနေကိုတော့၂၀၁၄နဲ့ ၂၀၁၈ မှာနှစ်ကြိမ်ပြန်ခဲ့တာပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext