လမ်းမပေါ်တွင် မဆင်မခြင်မောင်နှင်လာသည့်ကားတစ်စီးကြောင့် အသက်ပေးဆပ်လိုက်ရသော ဇနီးသည်အတွက် တရားမျှတစွာဖြေရှင်းပေးရန် လမ်းဘေးပလက်ဖောင်းတွင်အိပ်စက်ခဲ့သည့်အမျိုးသား

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ နေ့စဥ်နေ့တိုင်း လမ်းလေးဆုံပလပ်ဖောင်းပေါ်တွင် အိပ်စက်နေတာကို သတိထားမိခဲ့ကြပါတယ်။အမျိုးသားဟာ ဇနီးသည်၏ပုံလေးနှင့်အတူ စာတစ်ဆောင်ရေးသားပြီး ဇနီးသည်အတွက်တရားမျှတမှုကို အလိုရှိနေခဲ့တာဖြစ်ပါတယ်။

အမျိုးသား၏ဇနီးသည်ဟာ လမ်းမီးပွိုင့်က မီးနီနေစဥ်တွင် လမ်းဖြတ်ကူးခဲ့ခြင်းဖြစ်ပါတယ်။ထိုအချိန်တွင် ကားတစ်စီးက မီးနီနေတာကို ဖြတ်မောင်းခဲ့ရာမှ ဇနီးဖြစ်သူကို တိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ထို့နောင့် မတော်တဆဖြစ်ပြီး ၂နှစ်ကြာသော်လည်း ကားမောင်းသူကိုအရေးယူပေးခြင်းမရှိတာကြောင့် လမ်းဘေးပလပ်ဖောင်းတွင် ထွက်အိပ်ပြီး သူ၏အသက်ကိုပေးဆပ်ကာ ဇနီးသည်အတွက် တရားမျှတမှုကို ရှာဖွေနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd